Friday 29 April 2011

[Myanmar weather watch] မိုးတွေ ဆက်ရွာဖို့ရှိ နေပါ သေးတယ်။ (၃၀-၄-၂၀၁၁ ရက်...

မိုးတွေ ဆက်ရွာဖို့ရှိ နေပါ သေးတယ်။ (၃၀-၄-၂၀၁၁ ရက် မနက် ၀၄း၁၀ နာရီတွင် update လုပ်သည်။) (Dr. Tun Lwin - MCCW)
Aung Myin Oo 30 April 04:15
မိုးတွေ ဆက်ရွာဖို့ရှိ နေပါ သေးတယ်။ (၃၀-၄-၂၀၁၁ ရက် မနက် ၀၄း၁၀ နာရီတွင် update လုပ်သည်။) (Dr. Tun Lwin - MCCW)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] ဧပြီလ (၃၀)ရက်နေ့ မနက်ပိုင်းတွင် လေထု မတည်ငြိမ်မှု...

ဧပြီလ (၃၀)ရက်နေ့ မနက်ပိုင်းတွင် လေထု မတည်ငြိမ်မှု ရှိလာသော်လည်း မုန်တိုင်း ဖြစ်ရန် အခြေအနေ လျော့နည်းနေသေး။ (၃၀-၄-၂၀၁၁ ရက် နံနက် ၀၄း၀၀ နာရီ) (Dr. Tun Lwin - MCCW)
Aung Myin Oo 30 April 04:13
ဧပြီလ (၃၀)ရက်နေ့ မနက်ပိုင်းတွင် လေထု မတည်ငြိမ်မှု ရှိလာသော်လည်း မုန်တိုင်း ဖြစ်ရန် အခြေအနေ လျော့နည်းနေသေး။ (၃၀-၄-၂၀၁၁ ရက် နံနက် ၀၄း၀၀ နာရီ) (Dr. Tun Lwin - MCCW)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] New link

Ye Thurein Min 30 April 03:36
ဧပြီ ၂၈ ရက်မှ မေ ၄ ရက်ထိ မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်
www.yoyarlay.com
ရိုးရာလေး - "သတင်းများစုစည်းရာ အွန်လိုင်းစာမျက်နှာ"

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] mmweather.ygn April 29, 2011 at 5:41 pm ဒီနေ့...

mmweather.ygn April 29, 2011 at 5:41 pm  ဒီနေ့ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ အချိန် ရတဲ့ data တွေအရလေဖိအားနည်းရပ်ဝန်း 95B ဟာ ဆက်လက်တည်ရှိနေပါတယ် -လေဖိအားနည်းရပ်ဝန်း 95B တည်နေရာ Port Blair ကျွန်း အနောက်ဘက် မိုင် ၄၃ဝ ခန့်၊ မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၆၈ဝ ခန့်နဲ့ ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် တွင်တည်ရှိနေကြောင်း၊ လေတိုက်နှုန်း – လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် ၂၅ နော်တီကယ်မိုင်ခန့် ရှိပါတယ်၊ ရွေ့လျားမှု – လွန်ခဲ့သည့် ၆ နာရီအတွင် အရှေ့-အရှေ့တောင်ဘက်သို့ တစ်နာရီလျှင် ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါတယ်။ JTWC မှာတော့ data update ဖြစ်တာမတွေ့ရသေးပါဘူး။  http://www.facebook.com/l/59b12UryNyK2QkOabpP6bu91-4w/blog.mmweather.com/?p=886
Aung Myin Oo 29 April 13:40
mmweather.ygn
April 29, 2011 at 5:41 pm
ဒီနေ့ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ အချိန် ရတဲ့ data တွေအရလေဖိအားနည်းရပ်ဝန်း 95B ဟာ ဆက်လက်တည်ရှိနေပါတယ် -လေဖိအားနည်းရပ်ဝန်း 95B တည်နေရာ Port Blair ကျွန်း အနောက်ဘက် မိုင် ၄၃ဝ ခန့်၊ မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၆၈ဝ ခန့်နဲ့ ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် တွင်တည်ရှိနေကြောင်း၊ လေတိုက်နှုန်း – လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် ၂၅ နော်တီကယ်မိုင်ခန့် ရှိပါတယ်၊
ရွေ့လျားမှု – လွန်ခဲ့သည့် ၆ နာရီအတွင် အရှေ့-အရှေ့တောင်ဘက်သို့ တစ်နာရီလျှင် ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါတယ်။ JTWC မှာတော့ data update ဖြစ်တာမတွေ့ရသေးပါဘူး။
http://www.facebook.com/l/59b12UryNyK2QkOabpP6bu91-4w/blog.mmweather.com/?p=886

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] လေဖိအားနည်းရပ်ဝန်း 95B တည်နေရာ Port Blair ကျွန်း...

လေဖိအားနည်းရပ်ဝန်း 95B တည်နေရာ Port Blair ကျွန်း အနောက်ဘက် မိုင် ၄၃ဝ ခန့် မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၆၈ဝ ခန့်ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် တွင်တည်ရှိနေပါသည်။ လေတိုက်နှုန်း လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် ၂၅ နော်တီကယ်မိုင်ခန့် ရှိပါသည်။ ရွေ့လျားမှု - လွန်ခဲ့သည့် ၆ နာရီအတွင် အရှေ့-အရှေ့တောင်ဘက်သို့ တစ်နာရီလျှင် ၁ဝ မိုင်နှုန်းခန့် ရွေ့ လျားခဲ့ကြောင်း သိရပါသည်။  BY MMWEATHER.YGN
Aung Myin Oo 29 April 11:10
လေဖိအားနည်းရပ်ဝန်း 95B တည်နေရာ Port Blair ကျွန်း အနောက်ဘက် မိုင် ၄၃ဝ ခန့်
မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၆၈ဝ ခန့်ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် တွင်တည်ရှိနေပါသည်။
လေတိုက်နှုန်း လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် ၂၅ နော်တီကယ်မိုင်ခန့် ရှိပါသည်။
ရွေ့လျားမှု - လွန်ခဲ့သည့် ၆ နာရီအတွင် အရှေ့-အရှေ့တောင်ဘက်သို့ တစ်နာရီလျှင် ၁ဝ မိုင်နှုန်းခန့် ရွေ့ လျားခဲ့ကြောင်း သိရပါသည်။ BY MMWEATHER.YGN

View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ်...

ရှမ်းပြည်နယ်မှာ မုန်တိုင်းများကြောင့် အနည်းဆုံး ၇ ဦးသေဆုံး 2011-04-26  ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်ပြီး လေပြင်းတွေ ကျရောက်လို့ သစ်ပင်တွေကျိုး အိမ်တွေ ပျက်စီးပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။  သံလွင်မြစ် အရှေ့ဖက်ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်နဲ့ အသစ် တိုးချဲ့ထားတဲ့ မုန်းထားမြို့နယ်ခွဲ တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကနေစပြီး ၃ ရက်ကြာ မုန်တိုင်းတိုက်ခဲ့တာလို့ သိရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ RFA ရဲ့ ရှမ်းတိုင်းရင်းသားဘာသာ စီစဉ်ထုတ်လွှင့်သူ ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။  နေရာအတော်များများမှာ မုန်တိုင်းကြောင့် သစ်ပင်နဲ့ အိမ်များ ပြိုလဲပြီး လူတွေ သေဆုံးရတဲ့အပြင် တောင်ပိုင်းက တချို့နေရာတွေမှာ မိုးသီးတွေ ကျလို့ သက်ကယ်မိုးတွေ ပေါက်ကုန်ပြီး နေစရာမရှိအောင် ဒုက္ခရောက်ကြရတယ်လို့ သူက ပြောပါတယ်။  ပျက်စီးသွားတဲ့ လူနေအိမ်တွေထဲမှာ လားဟူ ပြည်သူ့စစ်ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ တပ်ဝင်းလည်း ပါတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ရွှေတြိဂံ တိုင်းမှူး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပေမဲ့ ခုထိ အကူအညီပေးတာ မရှိသေးဘူးလို့ ကိုစိုင်းမိန်းက ပြောပါတယ်။ http://www.facebook.com/l/59b12WbQAyCNow92lpq788nFv2Q/www.rfa.org/burmese/news/storms_killed_7_in_shan_state-04262011140517.html
Aung Myin Oo 29 April 09:53
ရှမ်းပြည်နယ်မှာ မုန်တိုင်းများကြောင့် အနည်းဆုံး ၇ ဦးသေဆုံး
2011-04-26

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်ပြီး လေပြင်းတွေ ကျရောက်လို့ သစ်ပင်တွေကျိုး အိမ်တွေ ပျက်စီးပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သံလွင်မြစ် အရှေ့ဖက်ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်နဲ့ အသစ် တိုးချဲ့ထားတဲ့ မုန်းထားမြို့နယ်ခွဲ တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကနေစပြီး ၃ ရက်ကြာ မုန်တိုင်းတိုက်ခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA ရဲ့ ရှမ်းတိုင်းရင်းသားဘာသာ စီစဉ်ထုတ်လွှင့်သူ ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။

နေရာအတော်များများမှာ မုန်တိုင်းကြောင့် သစ်ပင်နဲ့ အိမ်များ ပြိုလဲပြီး လူတွေ သေဆုံးရတဲ့အပြင် တောင်ပိုင်းက တချို့နေရာတွေမှာ မိုးသီးတွေ ကျလို့ သက်ကယ်မိုးတွေ ပေါက်ကုန်ပြီး နေစရာမရှိအောင် ဒုက္ခရောက်ကြရတယ်လို့ သူက ပြောပါတယ်။

ပျက်စီးသွားတဲ့ လူနေအိမ်တွေထဲမှာ လားဟူ ပြည်သူ့စစ်ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ တပ်ဝင်းလည်း ပါတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ရွှေတြိဂံ တိုင်းမှူး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပေမဲ့ ခုထိ အကူအညီပေးတာ မရှိသေးဘူးလို့ ကိုစိုင်းမိန်းက ပြောပါတယ်။ http://www.facebook.com/l/59b12WbQAyCNow92lpq788nFv2Q/www.rfa.org/burmese/news/storms_killed_7_in_shan_state-04262011140517.html
Comment history
Aung Myin Oo
Original post
Aung Myin Oo
Aung Myin Oo29 April 02:51
ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ်အလုံး ၄၀ ထိခိုက်ခဲ့ကြောင်း သိရသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ်...

Original post
Aung Myin Oo
Aung Myin Oo29 April 02:51
ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ်အလုံး ၄၀ ထိခိုက်ခဲ့ကြောင်း သိရသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ်...

ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ်အလုံး ၄၀ ထိခိုက်ခဲ့ကြောင်း သိရသည်။
Aung Myin Oo 29 April 09:51
ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ်အလုံး ၄၀ ထိခိုက်ခဲ့ကြောင်း သိရသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] BY MMWEATHER.YGN, ON APRIL 29TH, 2011...

BY MMWEATHER.YGN, ON APRIL 29TH, 2011  ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်ရပ်ဝန်း 95B စတင်ဖြစ်ပေါ်နေပြီး သိသိသာအားကောင်းလာခြင်း မရှိပဲ အရှေ့ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားနေကြောင်း သိရပါသည်။ ယနေ့နံနက် မြန်မာစံတော်ချိန် ၇ နာရီခွဲအချိန် JTWC data များအရ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ နော်တီကယ်မိုင်ခန့် တွင်တည်ရှိနေပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့ဘက် မိုင် ၄၄ဝ ခန့်၊ မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၇ဝဝ ကျော်ခန့် တွင် တည်ရှိနေပါသည်။  လက်ရှိ ဧပြီလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် တည်နေရာ မြေပုံညွှန်း 29 Apr 2011 0000Z Location: 10.6N 85.1E ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် လေတိုက်နှုန်း ၂ဝ နော်တီကယ်မိုင်ခန့် ရှိကာ Central Pressure: 1007 hPa ဖြစ်ပါသည်။ လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေမှာ နည်းပါးနေဆဲ ဖြစ်ကြောင်း သိရပါသည်။
Aung Myin Oo 29 April 08:38
BY MMWEATHER.YGN, ON APRIL 29TH, 2011

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်ရပ်ဝန်း 95B စတင်ဖြစ်ပေါ်နေပြီး သိသိသာအားကောင်းလာခြင်း မရှိပဲ အရှေ့ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားနေကြောင်း သိရပါသည်။ ယနေ့နံနက် မြန်မာစံတော်ချိန် ၇ နာရီခွဲအချိန် JTWC data များအရ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ နော်တီကယ်မိုင်ခန့် တွင်တည်ရှိနေပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့ဘက် မိုင် ၄၄ဝ ခန့်၊ မြန်မာနိုင်ငံ မော်တင်စွန်း အနောက်တောင်ဘက် မိုင် ၇ဝဝ ကျော်ခန့် တွင် တည်ရှိနေပါသည်။

လက်ရှိ ဧပြီလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် တည်နေရာ မြေပုံညွှန်း 29 Apr 2011 0000Z Location: 10.6N 85.1E ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် လေတိုက်နှုန်း ၂ဝ နော်တီကယ်မိုင်ခန့် ရှိကာ Central Pressure: 1007 hPa ဖြစ်ပါသည်။ လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေမှာ နည်းပါးနေဆဲ ဖြစ်ကြောင်း သိရပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] New doc: Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ

thanks
Moshimoshi Lay 29 April 07:41
thanks
Original post

View Post on Facebook · Edit email settings · Reply to this email to add a comment.

Thursday 28 April 2011

[Myanmar weather watch] တပြည်လုံးတွင် အများအားဖြင့် ထစ်ချုန်းမိုး ဆက်လက်...

တပြည်လုံးတွင် အများအားဖြင့် ထစ်ချုန်းမိုး ဆက်လက် ရွာဖွယ်ရှိ။ (၂၈-၄-၂၀၁၁ ရက် ည ၂၁း၃၀ နာရီ) (Dr. Tun Lwin - MCCW)
Aung Myin Oo 29 April 04:41
တပြည်လုံးတွင် အများအားဖြင့် ထစ်ချုန်းမိုး ဆက်လက် ရွာဖွယ်ရှိ။ (၂၈-၄-၂၀၁၁ ရက် ည ၂၁း၃၀ နာရီ) (Dr. Tun Lwin - MCCW)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] မေလ (၂၈)ရက်နေ့ ညပိုင်းအထိ မုန်တိုင်း ဖြစ်ရန်...

မေလ (၂၈)ရက်နေ့ ညပိုင်းအထိ မုန်တိုင်း ဖြစ်ရန် အခြေအနေ မရှိသေးပါ။ (၂၈-၄-၂၀၁၁ ရက် ည ၀၉း၄၀ နာရီ) (Dr. Tun Lwin - MCCW)
Aung Myin Oo 29 April 04:40
မေလ (၂၈)ရက်နေ့ ညပိုင်းအထိ မုန်တိုင်း ဖြစ်ရန် အခြေအနေ မရှိသေးပါ။ (၂၈-၄-၂၀၁၁ ရက် ည ၀၉း၄၀ နာရီ) (Dr. Tun Lwin - MCCW)

View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] မိုင်းလင်းတွင် ငလျင်အသေးစားများ နေ့စဉ်လှုပ်

Original post
Aung Myin Oo
Aung Myin Oo28 April 19:51
မိုင်းလင်းတွင် ငလျင်အသေးစားများ နေ့စဉ်လှုပ်

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] မိုင်းလင်းတွင် ငလျင်အသေးစားများ နေ့စဉ်လှုပ်

မိုင်းလင်းတွင် ငလျင်အသေးစားများ နေ့စဉ်လှုပ်
Aung Myin Oo 29 April 02:51
မိုင်းလင်းတွင် ငလျင်အသေးစားများ နေ့စဉ်လှုပ်

View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] (၂၈-၄-၂၀၁၁) ရက်နေ့တွင် တပြည်လုံး အများအားဖြင့်...

မှန်တယ်နော်ရွာတယ်
Khin Mg Myint 28 April 15:56
မှန်တယ်နော်ရွာတယ်
Original post
Aung Myin Oo
Aung Myin Oo28 April 00:07
(၂၈-၄-၂၀၁၁) ရက်နေ့တွင် တပြည်လုံး အများအားဖြင့် မိုးရွာနိုင်။ (၂၇-၄-၂၀၁၁ ရက် ည ၁၀း၃၀ နာရီအချိန်) MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] နာဂစ် (၃) နှစ်ပတ်လည် အထူးဆောင်းပါး။ (ပန်းနဲ့...

နာဂစ် (၃) နှစ်ပတ်လည် အထူးဆောင်းပါး။ (ပန်းနဲ့ ပေါက်တာလည်း နာတတ်တယ်)   မောင်ထွန်းလွင် (မိုးလေ၀သ)
Aung Myin Oo 28 April 10:00
နာဂစ် (၃) နှစ်ပတ်လည် အထူးဆောင်းပါး။ (ပန်းနဲ့ ပေါက်တာလည်း နာတတ်တယ်) မောင်ထွန်းလွင် (မိုးလေ၀သ)
U Tun Lwin, Director-General & PR of Myanmar with WMO (Retired),Meteorology/ Hydrology/ Natural Disasters/ Environ, Consultant, Myanmar Climate Change Watch, Myanmar,Chairman and Technical Advisor, Steering Committ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] Author Ju will present a talk on environment in...

Author Ju will present a talk on environment in Burmese language on May 5, 2011 at 5:00 p.m. at the American Center, 14 Tawwin Street, Dagon Township. The title is
Ei Aye 28 April 08:47
Author Ju will present a talk on environment in Burmese language on May 5, 2011 at 5:00 p.m. at the American Center, 14 Tawwin Street, Dagon Township. The title is " Simple living and the environment". Please come and join us to plan together how to support our earth's natural environment. The entry is free and please pass this invitation to your friends and your colleagues who are interested.

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] (၂၈-၄-၂၀၁၁) ရက်နေ့တွင် တပြည်လုံး အများအားဖြင့်...

(၂၈-၄-၂၀၁၁) ရက်နေ့တွင် တပြည်လုံး အများအားဖြင့် မိုးရွာနိုင်။ (၂၇-၄-၂၀၁၁ ရက် ည ၁၀း၃၀ နာရီအချိန်) MCCW
Aung Myin Oo 28 April 07:07
(၂၈-၄-၂၀၁၁) ရက်နေ့တွင် တပြည်လုံး အများအားဖြင့် မိုးရွာနိုင်။ (၂၇-၄-၂၀၁၁ ရက် ည ၁၀း၃၀ နာရီအချိန်) MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

Wednesday 27 April 2011

[Myanmar weather watch] ရန်ကုန်မြို့ နှင့် အနီးတ၀ိုက်အတွက် ၁၀...

ရန်ကုန်မြို့ နှင့် အနီးတ၀ိုက်အတွက် ၁၀ ရက်တာခန့်မှန်းချက် (Dr. Tun Lwin - MCCW)
Aung Myin Oo 27 April 06:17
ရန်ကုန်မြို့ နှင့် အနီးတ၀ိုက်အတွက် ၁၀ ရက်တာခန့်မှန်းချက် (Dr. Tun Lwin - MCCW)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] ရန်ကုန် အပါအ၀င် တပြည်လုံးတွင် တစ်ပတ်လုံး...

ရန်ကုန် အပါအ၀င် တပြည်လုံးတွင် တစ်ပတ်လုံး မိုးရွာနေဖို့ ရှိပါတယ်။ (၂၇-၄-၂၀၁၁ ရက် နံနက် ၀၄း၀၀ နာရီ အချိန်) MCCW
Aung Myin Oo 27 April 06:10
ရန်ကုန် အပါအ၀င် တပြည်လုံးတွင် တစ်ပတ်လုံး မိုးရွာနေဖို့ ရှိပါတယ်။ (၂၇-၄-၂၀၁၁ ရက် နံနက် ၀၄း၀၀ နာရီ အချိန်) MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] မေလ (၁၀)ရက်နေ့ အထိ မုန်တိုင်း ဖြစ်ရန် အခြေအနေ...

မေလ (၁၀)ရက်နေ့ အထိ မုန်တိုင်း ဖြစ်ရန် အခြေအနေ နည်းပါး နေသေး ။ (၂၇-၄-၂၀၁၁ ရက် နံနက် ၀၃း၅၀ နာရီ) MCCW
Aung Myin Oo 27 April 06:10
မေလ (၁၀)ရက်နေ့ အထိ မုန်တိုင်း ဖြစ်ရန် အခြေအနေ နည်းပါး နေသေး ။ (၂၇-၄-၂၀၁၁ ရက် နံနက် ၀၃း၅၀ နာရီ) MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

Tuesday 26 April 2011

[Myanmar weather watch] New doc: Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ

created the doc: "Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ  "
Aung Myin Oo created the doc: "Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ "

Sunday, April 17, 2011

Tarlay Earthquake Precursor တာလေငလျင် အကြို သင်္ကေတများ

 

Tarlay Earthquake (24-03-2011) happened in the northeast province of Myanmar at local time 8:25 PM. When interviewed local people in the earthquake affected area during field survey, one week later the strong event, it was found out that there was an abnormal behaviour of fishes in a pond at Tarlay. Fishes fled, jumped and run out of water around 8:00 PM, about from 10 minutes to half an hour before the major event happended but people thought that some people made fishing from pond in late hours rather than a precursor. At the same time, water turbulent and run out of pond again and a few minutes later, the Tarlay Earthquake occurred. Till now, people in this area didn't realize this is a precursor of an earthquake. The interview video is attached.

 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzR9tQepYK2TxY31p9MP1fz_RV-cHkm8kpPRls0-1tfyJ-V-LNBcAJl-18E4TIP3kmpoGDy-zOrbovbZ9sGoscbp0fLWrx-chdGDQD8SwoJWeyIbBYMznt5QqEVtQK4EeEY2NggnZmjoC/s320/Tarlay+ponds.jpg

 

                                                  Figure. ponds in Tarlay

တာလေငလျင်က ၂၀၁၁ မတ်လ ၂၄ ည ၈း၂၅ မှာလှုပ်ပါတယ်။ နာရီဝက်လောက်အလိုမှာ တာလေမှာရှိတဲ့ ငါးကန်တစ်ခုက ငါးတွေ ခုန်ကြ ပျံကြဖြစ်တယ်။ လူအများ သတိထားမိပေမယ့် ဒါကို ငါးလာဖမ်းကြတာ လို့ပဲ အထင်ရှိလေတော့ အလေးမထားကြဘူး။ တစ်ခါ ငလျင်ကြီးမလှုပ်ခင် မိနစ်ပိုင်းအလိုမှာ ကန်ထဲက ရေတွေပါ လျှံကျလာတော့လည်း အထူးအဆန်းအဖြစ်သာ သဘောထားကြတယ်။ ငလျင်ဖြစ်ခါနီး နိမိတ်လို့သာ ဗဟုသုတ ရှိခဲ့လျှင် အခုလောက် အသေအပျောက် မများနိုင်လောက်ပါ။

 

    တောင်တွင်းကြီး ငလျင်(၂၀၀၃) မလှုပ်ခင် နာရီပိုင်းအလို နွားများ ခွာယှက်၊ အော်ဟစ်ကာ ချည်တိုင်မှ ရုန်းကန် နေကြကြောင်းကို ဝက္ကသေးရွာသားများက သတိထားမိခဲ့ကြသည်။ ဒီလိုမျိုး နိမိတ်များက ငလျင်ကြီး လှုပ်နိုင်တဲ့ ဇစ်မြစ်၊ ဗဟိုချက်နဲ့ နီးတဲ့ အရပ်တွေမှာ တွေ့ရတတ်ပါတယ်။  မြေမှာနေသော တိရစ္ဆာန်များက မြေလှုပ်ခါနီး ရှေ့ကလာနေသော ငလျင် လှိုင်းဦးလေးများကို ကိုယ်တွေ့ ခံစားနေရ သောကြောင့် ကြောက်ရွံ့ကာ တုန့်ပြန်ကြခြင်း ဖြစ်သည်။ ဤဗဟုသုတလေးများ ရှိခဲ့ပါလျှင် အထိအခိုက် အသေပျောက် နည်းမည် ထင်သည်။ မြို့ပြ တိုက်တာများ၌ နေသူများအတွက်တော့ သိပ်ပြီး အသုံးကျလှမည် မဟုတ်ပေ။

 

     ၂၀၀၄ ဆူမတြား ငလျင်ကြီး နောက်ဆက်တွဲ ဆူနာမီ ဖြစ်စဉ်က ဧရာဝတီတိုင်း လပွတ္တာမြို့ (ပြင်စလူ မြို့နယ်ခွဲ) တောင်ဖက် ပင်လယ်ကမ်းစပ် အောင်လှိုင် အမည်ရှိ ရွာလေးမှ သက်တော် ၇၀ ရှိ ဆရာတော်က ဘုန်းတော်ကြီး ကျောင်း၌ ဥပုသ်စောင့် ရောက်နေကြသော တပည့် ဥပသကာ၊ ဥပသကာမတို့အား ဆူနာမီ အန္တရာယ်မှ လွတ်အောင် ဆောင်ကျဉ်း ပေးခဲ့ဘူးသည်။ ငလျင်နှင့် ဆူနာမီအကြောင်း ဗဟုသုတရှိသော ဆရာတော်က နံနက်ပိုင်း၌ ငလျင်ကြီးလှုပ်သည်ကို အခြားသူများ နည်းတူ ခံစားသိထားသည်။

 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9p5aDfjmPDyBrRclXb7gEOmWka7LH-TR_Bauezvuiz8YQ5hwJGy7Wl-5tEFew9szIdDk3PODk3tzv5sgUsMu6oQ3vvPrplHBOU0H2fxOgUkK60WtuvudsZw7HweIcsj5s2vELSFSc4uqD/s320/Aung+Haing+Village-+2004+Tsunami.jpg

 

ပုံ ။ အောင်လှိုင်ရွာ ဘုန်းကြီးကျောင်း ရှိရာ နေရာ။

 

    ဘုန်းကြီးကျောင်းသည် ၂ ထပ် ဖြစ်ပြီး အောက်ထပ်သည် တရား သင်ပြရာ၊ ဆွမ်းစားရာ နေရာဖြစ်သည်။ ဆွမ်းစားချိန် မတိုင်မီလေးတွင် ပင်လယ်စပ်မှ ရေ ၂ ကီလိုမီတာခန့် ဆုတ်သွားကြောင်း၊ ထူဆန်းသည့် သတင်းကို ရွာသားများက ပြေးလာ လျှောက်ကြသည်။ ထိုအခါ ဆရာတော်က ပင်လယ်ဖက်သို့ စောင့်ကြည့် ခိုင်းထားပြီး သံဃာတော်များ ဆွမ်းစားရန် စီစဉ်စေသည်။ ဆွမ်းစားနေစဉ်ပင် ပင်လယ်ဖက်မှ ညိုမှောင်သော လှိုင်းရိပ်မြင်ကြောင်း သတင်းပို့ သဖြင့် ဆွမ်းစားရပ်ပြီး ကျောင်းအပေါ်ထပ်သို့ အားလုံး တက်ပြေးကြရန် ဆရာတော်က ညွှန်ကြားသည်။ အချိန်မီပင် အားလုံး ကျောင်းအပေါ်အရောက် ရေလှိုင်းက ကျောင်း၏ အောက်ထပ်သို့ ဝင်တိုးခဲ့သည်။ ကျောင်းအောက်ထပ် ပျက်စီးကာ ကျောင်း ယိုင်သွားသော်လည်း လူအများကို မထိခိုက်ခဲ့။ ဆရာတော်အား လူတွေ့မေးမြန်း ကြည့်ရာ ငလျင်နှင့် ဆူနာမီအကြောင်းကို စာအုပ်များ၌ ရေးသားထားသည် ဖတ်ရကြောင်း ပြောပြခဲ့သည်။ ဗဟုသုတများခြင်းသည် မင်္ဂလာတရား ဆိုသည် မဟုတ်လား။

 

     ဤအကြောင်းလေးကို ဒီမြို့နယ်များကသူများကို ဦးစားပေး သိစေချင်ပါသည်။

သုံးခွ၊ ခရမ်း၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ နေပြည်တော်၊ ဝမ်းတွင်း၊ စစ်ကိုင်း၊ ကသာ၊ ဝန်းသို၊ အင်းတော်ကြီး၊ စဉ်ကူး၊ တကောင်း၊ ကျောက်မြောင်း၊ တောင်တွင်း အရှေ့ပိုင်းနယ်၊ ပခုက္ကူနယ်၊ ကလေး၊ ဂန့်ဂေါ။

 

The attached video is for viewing purpose only.

 

http://www.youtube.com/watch?v&feature=player_embedded

 

 

ဒီနေရာမှရယူသည်။http://www.tintlwinswe.blogspot.com/


View Post on Facebook · Edit email settings · Reply to this email to add a comment.