Sunday 15 May 2011

[Myanmar weather watch] 15-5-2011 နေ့လည် ၁၃း၃၀ က ပုံ ပါ။ ခု...

15-5-2011  နေ့လည်  ၁၃း၃၀ က ပုံ  ပါ။  ခု မြန်မာ့မြေ ပေါ် ဖုံးနေတဲ့   တိမ်တွေ ရွာနေတဲ့ မိုးတွေ က အရှေ့တိုင်း က ထိုင်းပင်လယ် ကွေ့နဲ့  တောင်တရုတ် ပင်လယ် က ရေငွေ့တွေ ကြောင့်  လို့တွေ့ နေရပါတယ်။  အနောက်လေ ကို မြန်မာ့မြေပေါ် မလာ နိုင်အောင် ဆီးခံ ထား သလို ပါပဲ။  ယာယီ ကိစ္စ ပေမဲ့  အနောက်လေနဲ့ အရှေ့ လေ တို့ ရှေ့တန်း  စစ်ဦးချင်း ကုလားပြည် အရှေ့ ကမ်းခြေနာ ပင်လည်ပြင်မှာ ဆိုင်နေကြပါတယ်။ ဒီအရှေ့လေဦးက အပေါ်ဘက်ကွေ့ပီး ရက္ခိုင်မြောက်ပိုင်း ။ ချင်း။ စစ်ကိုင်း တိုင်းနဲ့ ကချင်  တို့ပေါ် ကို  အနောက်တောင်  ဘက်က လေတိုက်ပီး  မိုးများရွာစေပါမယ်။ ဒါပေမဲ့ အနောက်တောင်မုတ်သုန် လေ အစစ် မဟုတ်ပဲ  ဇာတိက ထိုင်းပင်လယ်နဲ့ တောင်တရုတ်ပင်လယ်က  တရုတ်ပြည်ပေါ် ဖြတ်ပီး လာတဲ့  လေ ဖြစ်ကြောင်းတွေ့နေရပါတယ်။ ထိုင်းနဲ့ တရုတ်များ  မုတ်သုန်လေ တောင် အတု လာတယ်။ ဘင်္ဂလားပင်လယ် က ရေနဲ့ ထိုင်း ပင်လယ် က ရေ နဲ့ တောင်တရုတ်ပင်လယ်က လေ ပေါင်းတာ့  ကပြား မုတ်သုန်  လို့ များ ခေါ် ရမလား  ကကတစ် မုတ်သုန် လား။ ခေါ်ချင်သလို ခေါ်ပါ   မုတ်သုန် ၀င် ပီးသော ရက်မှ စလို့ မိုးဦး ကာ လ လို့ သတ်မှတ်  မည့် သူတွေ  မုတ်သုန်လေ မ၀င်သေးပဲ  မိုး ရာသီလို့ မကျေညာ ကြနဲ့ ဦးနော်။ တနှစ်လုံး ဒီအရှေ့လေက ဆက် အား ရှိ နေရင်တော့  သေဘီဆရာ ။
Myanmar Weather 15 May 10:54

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment