Friday 27 May 2011

[Myanmar weather watch] 28-05-2011 နံနက် ၁၀း၀၀ အခြေအနေပြပုံ အရ...

28-05-2011  နံနက် ၁၀း၀၀  အခြေအနေပြပုံ အရ     တိုင်ဖုန်း ရဲ့ အားကြောင့် တောင်တရုတ် ပင်လယ် က အရှေ့လေတွေ က နယ်ကျူးသည်ထက် ကျူးလာ ပီး  ကုလားပြည်တောင်ပိုင်း ကို ပါ သိမ်း ပိုက်ပီး အာရေဗျ ပင်လယ် တ၀က်ထိ ထိုးဖေါက် လာပါတယ်။ မြန်မာ့ ပင်လယ်ပြင်တခုလုံး လှိုင်းကြီး လေထန် မှု နောက်ရက်တွေ တိုင်ဖုန်းမုန်တိုင်းကြီး မပီးသေးသရွေ့ သတိထားရမှာပါ။ မြန်မာတပြည်လုံး အများ အားဖြင့် တိမ်တွေ က အမြင့်ပေ အလတ်စား ပေ ၇၀၀၀ ၀န်းကျင် မှာ အလွှာ လို အများအားဖြင့် ဖုံးနေပါတယ်။ မိုး တဖြောက်ဖြောက် သာ ကြာကြာရွာနေနိုင်ပီး နေပူဒဏ်ကို ကာကွယ်ပေးနေပါမယ်။ မိုးရေ တော့ သိပ်မရပါ။ တခါတရံ  မိုးအားကောင်းမှာ က မိုးတိမ်တောင် စူနေတဲ့  ရက္ခိုင် မြောက် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ မွန်ပြည်နယ်နဲ့ ၊ တနသာင်္ရီတိုင်း ပါ။ ဒါပေမဲ့ တနေ့ ကို ၂၂ နာရီ  လောက် မိုးမ၇ွာ နိုင်ပါ။   ရက္ခိုင်မြောက်  စစ်ကိုင်းတိုင်းမြောက် ၊ ချင်းနဲ့ ကချင် က လွဲ လို့ အနောက်လေ မတွေ့ပါ။  အရပ်ထဲမှာတော့ ပူလွန်းလို့  မုတ်သုန် ၀င် တယ်ဆိုတာ ကို စိတ်တို နေကြဘီ။ ရေ လာထည့် ချိန် မယူ လိုက်ကြမိလို့ တဲ့လေ။ တော်ပါသေးရဲ့  အင်တာနက် မသုံးတတ်ကြလို့။
Myanmar Weather 28 May 05:50

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment