Wednesday 4 May 2011

[Myanmar weather watch] New doc: မိုးကြို . . . မိုးလွန် . . . မိုးတိမ်တောင် တွေနဲ့ မြန်မာနိုင်ငံ ရာ...

created the doc: "မိုးကြို . . . မိုးလွန် . . . မိုးတိမ်တောင် တွေနဲ့ မြန်မာနိုင်ငံ ရာသီဥတု "
Aung Myin Oo created the doc: "မိုးကြို . . . မိုးလွန် . . . မိုးတိမ်တောင် တွေနဲ့ မြန်မာနိုင်ငံ ရာသီဥတု "

မြန်မာနိုင်ငံဟာ မုတ်သုံ ရာသီလေကို ခံစားရတဲ့ နိုင်ငံ ဖြစ်တာနဲ့ အညီ အနောက်တောင် မုတ်သုံ ရာသီကို မိုးရာသီ၊ ဒီမိုးရာသီ မှာမှ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလဆိုပြီး ခွဲခြား သတ်မှတ်ထား တာကို လူတော်တော် များများက အနည်း ဆုံးတော့ တီးမိခေါက် မိရှိတတ် ကြပါတယ်။ ဒါပေမဲ့ မိုးရာသီမကျရောက်မီ မိုးလေးတွေ ရွာတတ် သေးတာ၊ မိုးရာသီပြီး ဆုံးသွားပေမယ့် မိုးလေးတွေ ရွာတတ်သေးတာကိုတော့ သိကြသူတော်တော် နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အောက်တိုဘာ၊ နိုဝင်ဘာရောက်တာနဲ့ ပွင့်လင်းရာသီရောက်ပြီဆိုပြီး မှားယွင်း ပြောနေ ကြတာ ဖြစ်ပါတယ်။ မိုးလေဝသ ဌာနကတော့ မိုးရာသီမကျရောက်မီ မိုးလေးတွေ ရွာ တတ်တဲ့ ကာလ ကို မိုးကြိုကာလ၊ မိုးရာသီကုန်ပြီးတဲ့နောက် မိုးလေး တွေ ဆက်ရွာ နေသေးတဲ့ ကာလ ကို မိုးလွန်ကာလ ဆိုပြီး သတ်မှတ်ခေါ် ဝေါ်ပါတယ်။ ဒီကာလနှစ်ခုတို့ဟာ ရာသီဥတုအနေနဲ့ ထူးခြားမှုတွေ ရှိနေပါတယ်။

 

တကယ်တော့ မိုးကြိုကာလနဲ့ မိုးလွန်ကာလတို့ဟာ ရာသီကူး ပြောင်းတဲ့ကာလ (Transition Periods) တွေ ဖြစ်ပါတယ်။ မိုးကြိုကာလဟာ နွေရာသီကနေ မိုးရာသီကို ကူးပြောင်းတဲ့ ကာလဖြစ် ပါတယ်။ မိုးလွန်ရာသီ ကတော့ မိုးရာသီကနေ ဆောင်းရာသီကို ကူးပြောင်းတဲ့ ကာလဖြစ်ပါတယ်။

 

ရာသီကူးပြောင်းကာလတွေဖြစ်လို့ ရာသီဥတုဟာ အထိုင်မကျပါဘူး။ မိုးလေဝသ လိုပြောရရင်တော့ လေထုဟာ မတည်ငြိမ်တဲ့လေထုတွေဖြစ်ပါတယ်။ ဒီတော့ဖြစ်တဲ့ တိမ်တွေကလည်း လေထုမတည်ငြိမ်မှုက ဖြစ်တဲ့တိမ်တွေ၊ လွတ်လွတ် လပ်လပ် အတိုင်းအဆမဲ့ကြီးထွားကြတဲ့တိမ်တွေ (Free Convection Clouds) ဖြစ်ပါတယ်။

 

ဒီတိမ်တွေကို ကနေ့တော့ မိုးတိမ်တောင်တွေလို့ ခေါ်ပါတယ်။ မိုးတိမ်တောင် ဆိုတာဟာ မိုးလေဝသမှာ သတ်မှတ် ထားတဲ့ အခြေခံတိမ် ၁၀ မျိုးထဲမှာ အထူးခြားဆုံးတိမ် အမျိုးအစားဖြစ်ပါ တယ်။ အကြမ်း အားဖြင့်ပြောရရင် ဒီတိမ် တွေဟာ အောက်ခြေက ပေ ၁၅၀ဝ လောက် အထိ နိမ့်ဆင်းနေပြီး တိမ်ထိပ်ကတော့ ကမ္ဘာ့ရာသီ ဥတုအလွှာ မြေစပ် လေထုလွှာဖြစ်တဲ့ ထရိုပိုစဖီးယားအဆုံးဖြစ်တဲ့ ၁၀ မိုင် (ပေ ၅၅၀ဝ၀) လောက်အထိ မြင့်မားတတ်ကြပါ တယ်။

 

ဒါတောင် ထရိုပိုစဖီးယားအဆုံးဖြစ်တဲ့ Tropopause အမြင့်ကို ကျော်တက်မရလို့ ဒီအမြင့်လောက်နဲ့ ရပ်လိုက် ကြရတာဖြစ်ပါတယ်။ ဒါတောင် Tropopause ရောက်တဲ့အထိ အရှိန်မသေနိုင်သေးတဲ့ တိမ်တောင်တွေ ကျတော့ အထက်မတက်နိုင်တော့ ဘေးကိုခွဲဖြာပြီးထွက်သွားလိုက် တော့ ဒီတိမ်တောင် မျိုးတွေ ကျတော့ ထိပ်ပြားကြီးနဲ့ ဘေးကားနေတဲ့ သဏ္ဌာန်ကြီးတွေ ဆောင်ထား တတ်ကြပါတယ်။ ဒီအခါ ပေခုံသဏ္ဌာန် (Anvil Shape) ရှိလာ တတ် ကြပါတယ်။ မြင့်မားလွန်းတဲ့တိမ်တောင်တွေရဲ့ အမြင့်ကြောင့် ဒီတိမ်တွေဟာ အရည်ဖွဲ့အမြင့် (Condensation Level) ၊ ရေခဲအမြင့် (Freezing Level) စတာ တွေအားလုံးကို ကျော်လွန်သွားကြပါတယ်။ ဒါကြောင့် ဒီတိမ်တောင်တွေထဲမှာ အရည်နဲ့ပတ်သက်တဲ့ပစ္စည်း (Hygroscopic Materials) ပါဝင်နေ ပါတယ်။ ရေငွေ့ (Water Vapour) ၊ ရေမှုန် ရေမွှား(Water Droplets) ၊ ရေပေါက်အရွယ်မျိုးစုံ (Water Drops) (အချင်း ဝ ဒသမ ဝ၁ မမ မှ ၅ ဒသမ ၅ မမအထိ)၊ ရေခဲမှုန်များ (Ice Crystals)၊ ရေခဲမှတ်အောက် အအေးလွန်ရေများ (Super-Cooled Water) စတဲ့ အမျိုးစုံပါနေတဲ့ တစ်ခုတည်းသောတိမ်ဖြစ်ပါတယ်။

 

ဒါထက် ပိုမို ထူးခြားတာကတော့ ဒီတိမ်တွေထဲမှာ အထက် - အောက် ဦးတည်ပြီး အရှိန်ပြင်းစွာ တိုက်ခတ်နေတဲ့ ထောင်လိုက်လေစီးကြောင်းတွေ ရှိနေတာပဲဖြစ်ပါတယ်။ တိမ်ဖြစ်ကာစမှာ အထက်တက်လေစီးကြောင်း တွေက တိမ်ထိပ် တွေကို အမြင့်ဆုံးရောက်အောင် လုပ်ပေးလိုက်ပြီး အားအပြည့်အဝဆုံး ဖြစ်ပြီးတာနဲ့ အောက်ဆင်းတဲ့ လေတွေ တိမ်ထဲမှာ စတင်တိုက်ခတ်တော့တာပါပဲ။ ဒီလိုထူးခြားမှုများကို အကြောင်းပြုပြီး မိုးတိမ်တောင် တစ်ခု ဟာ တခြား ဘယ်တိမ်အမျိုးအစားကမှ မဖန်တီးပေးနိုင်တဲ့ ရာသီဥတုဖြစ် စဉ်တွေကို ဖြစ်စေတော့တာပါပဲ။

 

စာရင်းချကြည့်လိုက်တော့ (၁) လျှပ်စီးလက်ခြင်း၊ (၂) မိုးခြိမ်းခြင်း၊ (၃) နေရာကွက်မိုးကြီးခြင်း၊ (၄) မိုးသက် လေပြင်း တိုက်ခတ်ခြင်း၊ (၅) မိုးကြိုးပစ်ခြင်း၊ (၆) မိုးသီးကြွေခြင်း၊ (၇) လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ (၈) ရေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ (၉) စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်း၊ (၁၀) ပင်လယ် မီးစုန်းတောက်ခြင်း၊ (၁၁) လျှပ်တစ်ပြက်ရေကြီးစေခြင်း၊ (၁၂) မြေပြိုကျစေခြင်း စတာ တွေကို ဖြစ်စေတတ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲခြင်းကို နှစ် ၅၀ မှတ်တမ်း ကို အသုံးပြုပြီး လေ့လာတဲ့အခါမှာတော့ ၁၉၇၈ ခုနှစ် က စပြီး မုတ်သုံ လေတွေဟာ ဝင်ရောက်ရာမှာ နောက်ကျလာပြီး အထွက်မှာတော့ စောလာတာကို တွေ့လာ ရ ပါတယ်။ နောက်ပြီး မုတ်သုံကာလအတွင်း မုတ်သုံလေတွေ အခြေတကျမရှိလှဘဲ မကြာမကြာ အားပြတ် အားလျော့နေတတ်တာကို တွေ့ခဲ့ကြရပါတယ်။ ဒါတွေကို အကြောင်းပြု ပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ် မှုမှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပါတယ်။ မိုးတိမ်တောင်တွေဟာ ၂၀ဝ၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သိသိ သာသာပိုအဖြစ်များလာရတာမှာ အကြောင်းသုံးရပ်တွေ့လာရပါ တယ်။

 

ပထမအကြောင်းကတော့ မိုးတိမ်တောင်တွေဖြစ်တတ်တဲ့ မိုး ကြိုကာလ ပိုမိုရှည်ကြာလာခြင်းပဲဖြစ်ပါတယ်။ မိုးကြိုကာလကို အရင် ၁၉၇၈ ရှေ့ပိုင်းက ဧပြီလ ၁၅ ရက်ကနေ မုတ်သုံလေဝင်ရောက်လေ့ ရှိတဲ့ မေလ ၁၅ ရက်နေ့အထိ စုစုပေါင်းရက် ၃၀ ပဲ သတ်မှတ် ထားခဲ့ပါတယ်။

 

ဒါပေမဲ့ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ မုတ်သုံလေဝင် ရောက်မှုတွေဟာ နောက်ကျလာပြီး မေလကုန်လောက်မှ ဝင်တော့တာ ကြောင့် မိုးကြိုကာလ ဧပြီလ ၁၅ မှ မေလကုန်အထိ ၄၅ ရက်ဖြစ် လာပြီး ၁၅ ရက်တိုးလာစေ ပါတယ်။ ဒုတိယအချက်ကတော့ မိုးတိမ် တောင်တွေဖြစ်တတ်တဲ့ နောက်ကာလတစ်ခုဖြစ်တဲ့ မိုးလွန်ကာလ ပိုရှည် ကြာလာခြင်း ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မတိုင်မီက မိုးလွန်ကာလကို မုတ်သုံလေ ဆုတ်ခွာလေ့ရှိတဲ့ အောက်တိုဘာ လ ၁၀ ရက်မှ နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားလို့ စုစုပေါင်းရက်ပေါင်း ၅၀ ကြာမြင့်ပါတယ်။ ဒါပေမဲ့ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ မုတ်သုံလေ တွေဟာစောပြီး စက်တင်ဘာ ၁၅ ရက်လောက်ကစပြီး ဆုတ်ခွာ လေ့ ရှိလာတာ ကြောင့် မိုးလွန်ကာလဟာ စက်တင်ဘာလလယ် မှ နိုဝင် ဘာလကုန်အထိ ရက်ပေါင်း ၇၅ ရက် ရှိလာပြီး ၂၅ ရက် တိုးလာပါ တယ်။ တတိယအချက်ကတော့ ၁၉၇၈ မတိုင်မီကာလတွေတုန်းက မုတ်သုံ လေ အင်အား တွေဟာ မုတ်သုံဝင်တဲ့ ရက်ကစပြီး ပြန်ထွက်ခွာ သွားတဲ့နေ့အထိ မိုးရာသီကာလတစ်ခုလုံးမှာ နေ့စဉ် အား အတက် အကျ ရှိတတ်တာကလွဲပြီး ပြတ်တောက်သွားတယ်ဆိုတာမရှိခဲ့ဖူးပါ ဘူး။

 

မိုးရာသီတစ်ခုလုံး အခြေတကျ (Well Established) ပါပဲ။ ဒါပေမဲ့ ၁၉၇၈ ခုနှစ် နောက်ပိုင်းရောက်လာတော့ မုတ်သုံလေတွေဟာ မိုးတွင်းကာလကြီးမှာကိုပဲ အခြေတကျမရှိတော့တာများလာပါတယ်။ မကြာမကြာ အား ပြတ်တောက်တာတွေ ဖြစ်ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်ပြီဆိုရင်တော့ မုတ်သုံတိမ်တွေအစား မိုးတိမ်တောင်တွေ အစားထိုး ပြီး ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် မိုးတိမ်တောင်တွေဟာ အရင်တုန်းကလို မိုးကြို၊ မိုးလွန်ကာလတွေ သာမက အခုနောက်ပိုင်းမှာ မိုးတွင်းကာလမှာပါ အဖြစ်များလာတာကြောင့် လေဆင်နှာမောင်းတိုက်တာတွေ၊ မိုးကြိုးပစ် တာတွေ၊ မိုးသီးကြွေကျတာတွေ၊ လေပြင်းတိုက်တာတွေ၊ လျှပ်တစ် ပြက်ရေကြီးတာတွေ၊ မြေပြိုကျ တာတွေ ၂၀ဝ၆ ခုနှစ်ကစပြီး နှစ်စဉ် ပိုမိုအဖြစ်များလာတာကိုတွေ့ရပါတော့တယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးရသူအရေအတွက်တွေဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာနေပါတယ်။

 

အဆိုးဆုံးကတော့ ၂၀ဝ၆ ခုနှစ်က စပြီး ၂၀၁၀ ပြီးခဲ့တဲ့နှစ်အထိ ငါးနှစ်ဆက်တိုက် မြန်မာနိုင်ငံကို မုန်တိုင်း ဝင် ရောက် ခံရတာပဲဖြစ်ပါတယ်။ ဒီအထဲမှာ မာလာ (၂၀ဝ၆)၊ နာဂစ် (၂၀ဝ၈) နဲ့ ဂီရိ (၂၀၁၀) မုန်တိုင်း တို့ဟာ အပျက်အစီးအသေအပျောက် များခဲ့တဲ့ ဆိုက်ကလုန်းမုန်တိုင်းတွေဖြစ်ပါတယ်။ ဒီလိုသဘာဝဘေး တွေကတော့ နောက်ပိုင်းနှစ်တွေမှာ နှစ်စဉ်သတိထားရမယ့်အရာတွေ ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာဖြစ်ပါ တယ်။ အရင်တုန်းကလို မုတ်သုံမိုးတွေက မမှန်လေတော့ မိုးရွာ သွန်းမှုတွေဟာ မိုးရေချိန် ပမာဏ၊ နေရာအားဖြင့် ဖြန့်ဝေမှု၊ အချိန်အား ဖြင့် ဖြန့်ဝေမှု၊ မိုးအင်အားအားလုံး ပြောင်းလဲ ကုန် ပါ တော့တယ်။ မုတ်သုံလေ ကျဆုံးမှုကြောင့် မိုးရေချိန်လျော့ကျလာတယ်။ မိုးကာလ တိုတောင်းလာတယ်။ မိုးရွာသွန်းမှုပြင်းထန်လာတယ်။ မိုးတွင်းမှာ မိုးများပြီး ရေကြီးတဲ့နေရာက ကြီးနေပြီး မိုးပြတ်တဲ့နေရာက ရေစုပ် စက်သုံးပြီး ရေသွင်းစိုက်ပျိုးနေရတယ်။ အချိန်တိုတိုအတွင်း စုစည်း ရွာသွန်းတဲ့မိုးပုံစံကြောင့် မြေသားတွေ ထိခိုက်ကုန်ပြီး မြေဩဇာခန်း ခြောက်လာတယ်။ ရေစီးတွေ ပြင်းထန်မြန်ဆန်ကုန်လို့ မြေကြီးက အောင်းရေမရ လိုက်နိုင်တော့ဘူး။

 

ဒါကြောင့် မိုးပြတ်လို့ အပင်ကရေ တောင်းတဲ့အခါ မြေကြီးက ပေးစရာအောင်းရေ (Storage မရှိတော့လို့ စိုက်ပျိုးပင်တွေမရှင်တာ၊ အထွက်လျော့တာတွေ နှစ်စဉ်ကြုံတွေ့နေရ တယ်။ အချိန်အခါမဟုတ် ရွာတဲ့ မိုးတွေများနေလို့ ရိတ်ချိန်၊ သိမ်းချိန် တွေမှာ မိုးတွေရွာနေလို့ အပင်တွေ ထိခိုက်ပျက်စီးကုန်ရပါတော့တယ်။ ဒါဟာ တစ်ခါတစ်ရံ တစ်နှစ်စ တစ်ခါ ကြုံတွေ့ရတာ မဟုတ်တော့ ဘူး။ နှစ်စဉ် အမြဲတွေ့နေရတာ ဖြစ်လာပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ရာသီကိုဖြစ်စေတဲ့ အယ်လ်နီညိုရာသီဥတု၊ အေးပြီးစွတ်စိုတဲ့ရာသီဥတုကိုဖြစ်စေတဲ့ လာနီညာ ရာသီဥတု၊ ဒါတွေ ဟာ ၁၉၇၈ ခုနှစ်မတိုင်မီက ငါးနှစ်-ခုနစ်နှစ်မှ တစ်ခါဆိုသလိုပဲ ဖြစ်ပါ တယ်။

အခု နောက်ပိုင်းမှာတော့ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်များက စပြီး ၂ နှစ်တစ်ခါ တစ်ခါတလေ နှစ်စဉ်ဆိုသလို အဖြစ်များလာ ပါတယ်။ ပုံမှန်ရာသီဥတုရှိတဲ့ နှစ်တွေရှားလာပါတယ်။ အစွန်းရောက် ရာသီဥတုနှစ်တွေပဲ ဘောင်ဘင်ခတ် နေပါတော့တယ်။ ရာသီဥတု ပြောင်းပြီဆိုတာနဲ့ ဝန်တင်ဆောင်တဲ့ နွားလားနောက် လှည်းဘီး စက်ဝန်းလိုက်သဖြင့် နောက်က ကပ်ပါလာတာကတော့ သဘာဝဘေးတွေ ပါပဲ။ အခုလည်း မတ်လ ကုန်ရင် ပြီးတော့မယ်ထင်ထားခဲ့တဲ့ လာနီညာ ဖြစ်စဉ်ဟာ မပြီးဆုံးခဲ့ဘဲ မေလကုန်အထိ ဆက်ရှိနေဦးမယ်လို့ တွေ့ ထားရပြန်ပါပြီ။ လာနီညာနှစ်ဆိုရင် မုန်တိုင်းတွေ ပုံမှန်ထက်ပိုအဖြစ် များတတ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ကိုလည်း မုန်တိုင်းတွေ ဝင်တတ်သေးတာမို့ ...။

 

 

မောင်ထွန်းလွင် မိုးလေဝသ

 

 

 

ဒီနေရာမှရယူဖော်ပြသည်။

http://www.yoyarlay.com/opinions/ts-news/environment/5962-2011-05-02-10-38-32


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment