Tuesday 17 May 2011

[Myanmar weather watch] ကဆုန်လပြည့် နေ့ နေ့လည် ၁း၀၀ နာရီ အခြေအနေ (...

ကဆုန်လပြည့် နေ့ နေ့လည် ၁း၀၀  နာရီ  အခြေအနေ ( ၁၇-၅-၂၀၁၁)  အရှေ့လေတွေ က အနောက် လေ ကို ဟန့် ထား တုန်းပဲ။ ဘင်္ဂလားပင်လယ်ပေါ်မှာ လေဦးချင်း မျက်နှာချင်းဆိုင် နေကြပါတယ်။  ဒီအရှေ့ လေ ပယောဂ က ဘယ်က စလို့ ဘယ်တော့ ပျောက်မှာလဲ ဆိုတာ တော့  NUmical weather prediction  သမား ရဲ့ ပညာပါပဲ။ thermo dynimic  ကို တွက်ရ ပါမယ်။ မိုးလေ၀သ ဌာန မှာ  NUmical weather prediction  နဲ့ နိုင်ငံခြား ပညာတော်သင် ဆု ယူ စံစား ထားတဲ့ သူ တွေ ရှိ ပါတယ် လို့ သိရ ပါတယ်။  ဆိုင်ရာ က ဒီလို အရေးက ပါလာ ချိန်မှာ တွက်ခိုင်းလိုက်ပါ လို့ ပြောချင်ပါတယ်။ ဆိုင်ရာ ပညာရှင် စင်တင်ပေးတာပါနော် ။ တွက်ထားတာ လဲ  မှတ်တမ်း ယူထားပါ။  မကြာခင်က ရုရှား မီးတောင်တွေ ပေါက်လို့ လေထုထဲ မှာ ပိုလာတဲ့ အပူ ပမာဏတွေ နဲ့ ဂျပန် ညူကလီးယား  ဓါတ်ပေါင်းဖို တွေ က လက်ကျန် အပူ ပမာဏတွေ ကို ထဲ့ တွက်ဘို့  မမေ့ပါနဲ့။  အဲဒီ  အပူ ပို ပယောဂ  အားတွေ ကုန်မှ သဘာဝ ရိုးရာ မုတ်သုန်လေအား ကို ဟန့်နိုင်  အရှေ့လေအား က ဆုတ်မှာ။ ခု တော့ မုတ်သုန်လေဟာ ကုလားပြည် ပေါ်မှာ ကနေ  မြောက်ဘက်ကို သွားနေပါဘီ။
Myanmar Weather 17 May 08:57

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment