Thursday 19 May 2011

[Myanmar weather watch] မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇...

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင် နှုန်းကျော်ရှိနေပြီး နှစ်အလိုက် သစ်တောဧရိယာ လျော့ကျမှုမှာ ဟက်တာ ၅၀၀၀၀ နီးပါးရှိသည်ဟု သိရသည်။ သဘာဝသစ်တောများ၏ အရည်အသွေးကျဆင်းလာ၍ ထုတ်လုပ်နိုင်စွမ်း မရှိသည့် သစ်တောအခြေအနေသို့ ရောက်ရှိသွားသည့် ဧရိယာမှာ နှစ်စဉ် ဧကတစ်သန်းခန့် ရှိကြောင်း သိရသည်။
Ei Aye 19 May 08:57
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင် နှုန်းကျော်ရှိနေပြီး နှစ်အလိုက် သစ်တောဧရိယာ လျော့ကျမှုမှာ ဟက်တာ ၅၀၀၀၀ နီးပါးရှိသည်ဟု သိရသည်။ သဘာဝသစ်တောများ၏ အရည်အသွေးကျဆင်းလာ၍ ထုတ်လုပ်နိုင်စွမ်း မရှိသည့် သစ်တောအခြေအနေသို့ ရောက်ရှိသွားသည့် ဧရိယာမှာ နှစ်စဉ် ဧကတစ်သန်းခန့် ရှိကြောင်း သိရသည်။


 
သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျော့ကျခြင်း မှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း လုပ်ငန်းစဉ်များ အတွက် မြန်မာအပါအ၀င် အာဆီယံဒေသတွင်း ခုနစ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ ၁၂ ရက်နေ့မှ ၁၃ ရက် နေ့အထိ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
 
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ကိုရီးယား သစ်တောပူးပေါင်း ဆောင်ရွက်မှု ရှေ့ ပြေးစီမံကိန်းအရ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျော့ကျခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း လုပ်ငန်းစဉ်များအတွက် အဆင်သင့်ဖြစ်စေရန်အတွက် လမ်းပြမြေပုံရေးဆွဲရန်နှင့် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရန် ရည်ရွယ်ထားကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကိုရီးယားနိုင်ငံ တို့မှ သစ်တောပညာရှင်များ၊ သစ် တောအရာရှိများနှင့် ကုလသမဂ္ဂ လက်အောက်ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
 
လက်ရှိမြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင် နှုန်းကျော်ရှိနေပြီး နှစ်အလိုက် သစ်တောဧရိယာ လျော့ကျမှုမှာ ဟက်တာ ၅၀၀၀၀ နီးပါးရှိသည်ဟု သိရသည်။ သဘာဝသစ်တောများ၏ အရည်အသွေးကျဆင်းလာ၍ ထုတ်လုပ်နိုင်စွမ်း မရှိသည့် သစ်တောအခြေအနေသို့ ရောက်ရှိသွားသည့် ဧရိယာမှာ နှစ်စဉ် ဧကတစ်သန်းခန့် ရှိကြောင်း သိရသည်။ မြန်မာ့သစ်တောများ၏ မြေပေါ်နှင့် မြေအောက်ကာဗွန် ထိန်းသိမ်းထားနိုင်စွမ်းမှာ ၁၉၉၀ ပြည့်နှစ်တွင် ၂ ဒသမ ၀၄၀ မီလျံ မက်ထရစ်တန်၊ ၂၀၀၀ပြည့်နှစ်တွင် ၁ ဒသမ ၈၁၄ မီလျံမက်ထရစ်တန်၊ ၂၀၀၅ခုနှစ်တွင် ၁ ဒသမ ၇၃၄ မီလျံ မက်ထရစ်တန်၊ ၂၀၁၀ ပြည့်နှစ်တွင် ၁ ဒသမ ၆၅၃ မီလျံမက်ထရစ် တန်ရှိကြောင်း သိရသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=8512:2011-05-19-04-22-15&catid=42:2009-11-10-07-36-59&Itemid=112

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment