Tuesday 17 May 2011

[Myanmar weather watch] “တောင်သုံးလုံး တ၀ိုက်က မြေကြီးအလွှာတွေကို...

Aung Myin Oo 17 May 17:26
"တောင်သုံးလုံး တ၀ိုက်က မြေကြီးအလွှာတွေကို အချိန်အများကြီး တူးယူပြီး ပြည်ပ ပညာရှင်တွေနဲ့အတူ လေ့လာခဲ့ပါတယ်။ လော လောဆယ် ဆန်းစစ်ချက်တွေအရ လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ပြင်းအား ၇ အဆင့်ရှိတဲ့ ငလျင်ကြီးတွေ လှုပ်ဖို့ရှိ ပါတယ်။ ကျနော်တို့ လေ့လာ ဆန်းစစ်ထားတာက ဖြူးမြို့နယ်နဲ့ ပဲခူးမြို့ကြားမှာ ဖြစ်နိုင်မယ့်အခြေအနေကို ဆန်းစစ်ထားတာပါ" ဟု သူက ဆိုသည်။

ပဲခူးမြို့တွင် ၁၉၃၀ ပြည့်နှစ် မေလက ငလျင်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာတွင် ဖြူးမြို့နယ်အတွင်း ငလျင် လှုပ်ခဲ့ဖူးကြောင်း၊ ငလျင် ပြင်းအားသည် ၇.၃ အဆင့်ရှိခဲ့ပြီး လူအသေအပျောက်နှင့် အပျက်အစီးများခဲ့ကြောင်း၊ လေ့လာဆန်းစစ်ချက် များအရ နှစ်ပေါင်း ၁၀၀ ခြားတိုင်း ငလျင် ပြန်လှုပ်လေ့ရှိသည့်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ငလျင်လှုပ်မည်ဟု ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment