Wednesday 11 May 2011

Re: [Myanmar weather watch] 11-05-2011 နံနက် ၉း၃၀ နာရီ ပုံအရ ဖိလစ်ပိုင် ဘက်က...

ရက်ဆားးးးးး
Aung Myin Oo 11 May 07:25
ရက်ဆားးးးးး
Comment history
Myanmar Weather
Myanmar Weather11 May 00:04
ခုနေ့လည် ၁၂း၃၀ ပုံအရတော့ စစ်ကိုင်တိုင်း မြောက်နဲ့၊ မွန်မြောက်နဲ့ ကရင်ပြည်နယ် ပေါ်နေရာ ပြောင်း သွားပါဘီ။ မော် လမြိုင် တဲ့တဲ့ ပေါ်လောက်မှာ လေပွေ ရောက်သွားပါဘီ။
Myanmar Weather
Myanmar Weather10 May 23:49
လယ်ဝေးကတော့ စမတောင် တန်ခိုးနဲ့ ဘာမှ ဖြစ်မယ် မထင်ဘူး။ မင်းပုန်းတောင် ဘက်ပါ
Aung Myin Oo
Aung Myin Oo10 May 23:03
Myanmar Weather ရန်ကုန် ရဲ့ မြောက် စူးစူး မိုင် ၂၅၀ လောက်ဒေသ တ၀ိုက်လဲ သတိထားပါ။ ဘယ်နေရာတုန်း???????? လယ်ဝေးဧလာဘက်လား ?????
Original post
Myanmar Weather
Myanmar Weather10 May 22:55
11-05-2011 နံနက် ၉း၃၀ နာရီ ပုံအရ ဖိလစ်ပိုင် ဘက်က မုန်တိုင်း အရှိန် နဲ့ လာတဲ့ အရှေ့လေနဲ့ အရှေ့မြောက်က လေတွေ က အနောက်က လာမဲ့ မိုးရာသီလေကို ခံ တွန်းထုတ် လို့ မုတ်သုန်ဝင်ရန် နှောင့်နှေး သွား၇ပါဘီ။ ရေခိုးရေငွေ့တွေ ကတော့ မြန်မာ့ မြေမှာ စိုထိုင်းဆ ပြည့်ဝနေပါတယ်။ လေထု စိုထိုင်းဆ ၆၀% ကျော်ရင် မိုးရွာ နိုင်ပါတယ်။ ယခင်ရက်က ရွာထားတဲ့ မိုးရေတွေ သစ်ရွက်တွေ ပေါ်ရော မြေပြင်ရော ရှိနေတာတွေ က နေပူတော့ အငွေ့ ပြန် ပါမယ်။ ပင်လယ်က ရေ ငွေ့မလာပေမဲ့ တိမ်ဖြစ်ထွန်း လို့ အပူဒဏ်တော့ သက်သာပါမယ်။ ဒါပေမဲ့ ပျံကျမိုး အဖြစ် မွန်းလွဲ ၂း၀၀ နာရီနောက်ပိုင်း နဲ့ ညနေပိုင်းတွေ မှာ မိုး ရွာ ပါမယ်။ အရှေ့လေနဲ့ အနောက်လေ ထိပ်တိုက် ဆုံ အားပြိုင်တဲ့ နေရာတွေ (မိုး မပါသော) ရေဆင်နှာမောင်း လေဆင်နှာမောင်း လေပြင်း သတိထားရပါမယ်။ မိုးတိမ်တောင် မရှိပဲ ဖြစ်မဲ့ လေပွေတွေ ပါ။ မိုးတိမ်တောင် ရှိမှ လေပြင်းတိုက်မယ် လို့ အစွဲ မထားပါနဲ့။ ပုံမှာ အနီ ၀ိုင်းပြထားသော ဧရာဝတီတိုင်း ပင်လယ် ကမ်းခြေ။ မုတ္တမ ကွေ့ ၊ ငွေဆောင် ချောင်းသာ ရက္ခိုင် မြောက် ဖျား ဒေသများ အထူးသတိ ထားပါ။ ရန်ကုန် ရဲ့ မြောက် စူးစူး မိုင် ၂၅၀ လောက်ဒေသ တ၀ိုက်လဲ သတိထားပါ။ တော်ကြာ နေပြည်တော် ပါ ထိသွားလို့ ကမ္ဘာမှာ တောင် အစားထိုးမရ နိုင်တဲ့ ၀ါရင့် မိုးလေ၀သ ပညာရှင်တွေ ကို ဘာမသိညာ မသိနဲ့ စွတ် ပင်စင်ပေးနေပါဦးမယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment