Tuesday 10 May 2011

Re: [Myanmar weather watch] AERE အပူပိုင်းမုန်တိုင်း...

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့အလားအလာတွေ လျော့နည်းသွားပါပြီ  ပြီးခဲ့တဲ့ရက်တွေက မြောက်ပစိဖိတ်သမုဒ္ဒယာထဲမှာ AERE အပူပိုင်းမုန်တိုင်း ဖြစ်တော့ ဒီမုန်တိုင်းရဲ့ရွေ့လျှားမှုဟာ အနောက်မြောက်ဖက်ကို ဦးတည်နေတာ ကြောင့် မေလ(၁၁)ရက်မှ (၁၇)ရက် လောက်အ...တွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားခဲ့ပါတယ်။  ဒါပေမယ့် AERE အပူပိုင်းမုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ကနဦး အစပိုင်းမှာ သွားနေခဲ့ပေမယ့် နောက်တော့ လမ်းကြောင်းပြောင်းပြီး အရှေ့မြောက်ဖက်ကို ကွေ့သွားခဲ့တာကြောင့် ဘင်္ဂလား ပင်လယ်အော်ရဲ့ ရာသီဥတုအခြေအနေ အရပ်ရပ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။  ပြောရရင်တော့ဗျာ AERE ရဲ့ရွေ့လျှားရာဖက်ဖြစ်တဲ့ အရှေ့မြောက်ဖက်ကို မြန်မာနိုင်ငံ ဖက်မှာရှိတဲ့ မိုးရွာတဲ့ တိမ်တွေကအစရွေ့သွားစေခဲ့တာကြောင့် အားလုံး ရေထဲကနေ ကုန်းပေါ်တက်ကုန်ကြလို့ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်လာခဲ့သေးပေမယ့် ပိုပြီး အားကောင်း မလာနိုင်တော့ဘဲ မုန်တိုင်းဖြစ်မယ့် အခြေအနေတွေ လောလောဆယ်မှာတော့ လျော့နည်းသွားပြီ ဖြစ်ပါတယ်။  ခရီးသည်တွေ Package လိုက် လာမယ်ဆိုလို့ ဟော်တယ်မှာ reservation လုပ်ထားခဲ့ရာမှာ၊ ခရီးသည်တွေက အစီအစဉ်ပြောင်းပြီး အခြားဖက်ကိုထွက်သွားကြလေတော့ reservation တွေ ပျက်သွားရသလို ပါဘဲဗျာ။  ဘာဘဲပြောပြော လက်ရှိအခြေအနေအရတော့  (၁) ဘင်္ဂလားပင်လယ်အော်မှာ မေလ(၁၇)ရက်နေ့အထိ မုန်တိုင်း မဖြစ်နိုင် သေးပါဘူးလို့ ပြောင်းလဲထုတ်ပြန်ထားရပါတယ်။  (၂) မြန်မာနိုင်ငံတောင်ပိုင်းအထိ ၀င်ရောက်နိုင်ခဲ့တဲ့ မုတ်သုံလေဟာလည်း နောက်ထပ် မြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်ဖို့ကိစ္စမှာ တစ်ပတ် လောက် နှောင့်နှေးသွားပါ လိမ့်ဦးမယ်။  (၃) လက်ရှိမိုးရွာသွန်းမှုတွေမှာလည်း အနည်းဆုံးတစ်ပတ်လောက် သိသိသာသာ အားလျော့သွားပါလိမ့်ဦးမယ်။  ကျွန်တော်တို့ဒေသမှာ ပင်လယ်(၃)စင်းရှိနေပါတယ်။ အနောက်ဖက်မှာ Arabian Sea ၊ နောက် ကျွန်တော်တို့နားမှာ Bay of Bengal ရှိနေပါတယ်။ အရှေ့ဖက် မှာတော့ China Sea ရှိနေပါတယ်။ ဒီ(၃)ခုဟာ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ပါဘဲ၊ ဒီ Arabian Sea ရယ်၊ Bay of Bengal ရယ်၊ China Sea ရယ် အဆက်အစပ်ရှိနေမှုကို ကျွန်တော်က The ABC Connection လို့ အမည်ပေးထား ပါတယ်။  MCCW
Aung Myin Oo 11 May 04:32
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့အလားအလာတွေ လျော့နည်းသွားပါပြီ

ပြီးခဲ့တဲ့ရက်တွေက မြောက်ပစိဖိတ်သမုဒ္ဒယာထဲမှာ AERE အပူပိုင်းမုန်တိုင်း ဖြစ်တော့ ဒီမုန်တိုင်းရဲ့ရွေ့လျှားမှုဟာ အနောက်မြောက်ဖက်ကို ဦးတည်နေတာ ကြောင့် မေလ(၁၁)ရက်မှ (၁၇)ရက် လောက်အ...တွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် AERE အပူပိုင်းမုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ကနဦး အစပိုင်းမှာ သွားနေခဲ့ပေမယ့် နောက်တော့ လမ်းကြောင်းပြောင်းပြီး အရှေ့မြောက်ဖက်ကို ကွေ့သွားခဲ့တာကြောင့် ဘင်္ဂလား ပင်လယ်အော်ရဲ့ ရာသီဥတုအခြေအနေ အရပ်ရပ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ပြောရရင်တော့ဗျာ AERE ရဲ့ရွေ့လျှားရာဖက်ဖြစ်တဲ့ အရှေ့မြောက်ဖက်ကို မြန်မာနိုင်ငံ ဖက်မှာရှိတဲ့ မိုးရွာတဲ့ တိမ်တွေကအစရွေ့သွားစေခဲ့တာကြောင့် အားလုံး ရေထဲကနေ ကုန်းပေါ်တက်ကုန်ကြလို့ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်လာခဲ့သေးပေမယ့် ပိုပြီး အားကောင်း မလာနိုင်တော့ဘဲ မုန်တိုင်းဖြစ်မယ့် အခြေအနေတွေ လောလောဆယ်မှာတော့ လျော့နည်းသွားပြီ ဖြစ်ပါတယ်။

ခရီးသည်တွေ Package လိုက် လာမယ်ဆိုလို့ ဟော်တယ်မှာ reservation လုပ်ထားခဲ့ရာမှာ၊ ခရီးသည်တွေက အစီအစဉ်ပြောင်းပြီး အခြားဖက်ကိုထွက်သွားကြလေတော့ reservation တွေ ပျက်သွားရသလို ပါဘဲဗျာ။

ဘာဘဲပြောပြော လက်ရှိအခြေအနေအရတော့

(၁) ဘင်္ဂလားပင်လယ်အော်မှာ မေလ(၁၇)ရက်နေ့အထိ မုန်တိုင်း မဖြစ်နိုင် သေးပါဘူးလို့ ပြောင်းလဲထုတ်ပြန်ထားရပါတယ်။

(၂) မြန်မာနိုင်ငံတောင်ပိုင်းအထိ ၀င်ရောက်နိုင်ခဲ့တဲ့ မုတ်သုံလေဟာလည်း နောက်ထပ် မြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်ဖို့ကိစ္စမှာ တစ်ပတ် လောက် နှောင့်နှေးသွားပါ လိမ့်ဦးမယ်။

(၃) လက်ရှိမိုးရွာသွန်းမှုတွေမှာလည်း အနည်းဆုံးတစ်ပတ်လောက် သိသိသာသာ အားလျော့သွားပါလိမ့်ဦးမယ်။

ကျွန်တော်တို့ဒေသမှာ ပင်လယ်(၃)စင်းရှိနေပါတယ်။ အနောက်ဖက်မှာ Arabian Sea ၊ နောက် ကျွန်တော်တို့နားမှာ Bay of Bengal ရှိနေပါတယ်။ အရှေ့ဖက် မှာတော့ China Sea ရှိနေပါတယ်။ ဒီ(၃)ခုဟာ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ပါဘဲ၊ ဒီ Arabian Sea ရယ်၊ Bay of Bengal ရယ်၊ China Sea ရယ် အဆက်အစပ်ရှိနေမှုကို ကျွန်တော်က The ABC Connection လို့ အမည်ပေးထား ပါတယ်။

MCCW
Original post
Aung Myin Oo
Aung Myin Oo10 May 21:17
AERE အပူပိုင်းမုန်တိုင်း မြန်မာအနောက်မြောက်ဖက်ကိုမလာဘဲ အရှေ့မြောက်ဖက်ကို ကွေ့သွားခဲ့တာကြောင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့အလားအလာတွေရော မိုးအားတွေရော လျော့နည်းသွားပါပြီ။ DR.TUN LWIN - MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment