Tuesday 17 May 2011

Re: [Myanmar weather watch] အမေရိကန် ပြည်ထောင်စု National Weather Service...

မေလမှာ မိုးလေ၀သ အခြေအနေနဲ့ ပတ်သက်လို့ ဦးစားပေးကြည့်ရတဲ့အရာ (၃)မျိုး ရှိပါတယ်။ (၁) မိုးတိမ်တောင်၊ (၂) မုန်တိုင်း နဲက (၃) မုတ်သုံလေ ၀င် ရောက် မှု တို့ဖြစ်ကြပါတယ်။ အဲဒီနေရာမှာ  ဒီနှစ်ဟာ အယ်လ်နီညိုနှစ်လား၊ လာနီညာ နှစ်လား ဆိုတာတွေကလည်း အတော် အရေးကြီးပါတယ်။  ၂၀၁၁ ခုနှစ်ရဲ့ မေလဟာ ဘယ်လိုဖြစ်နေသလည်း ?  ပထမဆုံးကတော့ ဒီနှစ်မေလမှာ ၂၀၁၀ ကတည်းက ဖြစ်နေခဲ့တဲ့ လာနီညာဟာ မေလထဲမှာ သိသိသာသာ အားလျော့ကျ လာနေပါတယ်။  ပစိဖိတ်သမုဒ္ဒယာ အလယ် အီကွေတာရပ်ဝန်းမှာရှိတဲ့ လာနီညာစောင့်ကြည့်ဧရိယာများဖြစ်တဲ့ Nino-3 နဲ့ Nino-4 ဧရိယာတွေမှာဘဲ တည်းတည်းလေးကျန်ပါတော့တယ်။ လာနီညာအင်အားတွေလျော့ကျလာတော့ လာနီညာရဲက အကျိုးသက်ရောက် မှုဧရိယာတွေကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်။ တနည်းပြောရရင် ဘင်္ဂလားပင်လယ်အော် နဲ့ အာရေဗျပင်လယ်တွေထဲမှာ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတလျှောက်လုံး လာနီညာအကျိုးဆက်နဲ့ ဖြစ်ပေါ်နေခဲ့တဲ့ မိုးရွာသွန်းမှုဖြစ်စဉ်တွေဟာ ဧပြီလအတွင်းကစပြီး လာနီညာ အားလျော့ကျလာတာနဲ့အတူ အားလုံးဟာ လာနီညာပင်မဒေသဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒယာအလယ်ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ဒါကြောင့် ဧပြီလအလယ်လောက်ကစပြီး အာရေဗျပင်လယ်၊ အိန္ဒိယသမုဒ္ဒယာ၊ ဘင်္ဂလားပင်လယ်အော်တို့မှာ မိုးအားတွေ သိသိသာသာ လျော့ကျလာခဲ့ပါတယ်။  မိုးတိမ်တောင်တွေကတော့ အထိုက်အလျောက်ရှိနေပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံ အနောက်ရိုးမတလျှောက်မှာ တန်းစီဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း တို့မှာ  တန်းစီဖြစ်ထွန်းနေပါတယ်။  မုန်တိုင်းကတော့ အထူးခြားဆုံးပါဘဲ။ လောလောဆယ်မေလ ဒုတိယဆယ်ရက်ပတ်ကုန်ကာနီးအထိ တစ်လုံးမှ မဖြစ်သေးပါဘူး။ အမေရိကန်နိုင်ရဲ့ အထင်ကရ ရာသီဥတုခန့်မှန်းရေးဗဟိုဌာနကြီးများ ဖြစ်ကြတဲ့ National Weather Service (NWS) နဲ့ National Oceanic Atmospheric Administration (NOAA) တို့ရဲ့ခန့်မှန်းချက်အရကတော့ လာမယ့် မေလ(၂၄)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းမဖြစ်နိုင်သေးတဲ့အပြင် မေလကုန်တဲ့အထိလည်း မုန်တိုင်းဖြစ်ဖို့ အလားအလာနည်းပါတယ်လို့ ထုတ်ပြန်ထားပါတယ်။  မုတ်သုံလေ၀င်ရောက်မှုအနေနဲ့လည်း မိုးအားလျော့လာတာတွေ၊ မုန်တိုင်းဖြစ်ဖို့ အလားအလာ လျော့နည်းလာတာတွေ စတာတွေကြောင့် အတောင်အလက်မစုံတဲ့ငှက်လို လိုရာခရီးကို ပျံသန်းရာမှာ ခရီးမတွင်သလို ဖြစ်နေရပါတယ်။ ဒီနှစ်အဖို့ မေလ(၉)ရက်နေ့ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများကို ၀င်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဝင်ရောက်စဉ်ကာလဆုံးက မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးဦးလေဦးဒဏ်ကို တော်တော်ခံခဲ့ကြရပါတယ်။ လက်ရှိမှာတော့ မြစ်ဝကျွန်းပေါ်ဒေသကို မုတ်သုံလေဖြတ်နေပါတယ်။ ပီပီပြင်ပြင်တော့ မရှိလှပါဘူ။  မိုးလေ၀သသမားတစ်ယောက်အနေနဲ့ပြောရရင်တော့ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ဘဲ ပြောပါရစေတော့။ ဆိုလိုတာက အပြောင်းအလဲတွေ များလည်းများနေတယ်၊ မြန်လည်းမြန်နေပါတယ်။ အိန္ဒိယနိုငငံမိုးလေ၀သဌာနကတော့ မေလ(၃၁)ရက်နေ့မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း (မြန်မာနိုင်ငံမြောက်ပိုင်း)ကို မုတ်သု့လေ၀င်မယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံကတော့ ကပ္ပလီပင်လယ်ပြင်ကို မုတ်သုံလေ၀င်ရောက်ခဲ့ပြီးပြီလို့ ကြေငြာထားပြီးပါပြီ။  လောလောဆယ်ကတော့ မိုးက အကျဖက်ကို ဦးတည်နေတော့ ကျွန်တော်တို့လည်း weather ကဏ္ဍပြီးတော့ climate ကဏ္ဍ များ စိုးမိုးလာနေပြီလားလို့ စပြီးစဉ်းစားလာနေရပါပြီ။  တကယ့်ကို မျက်နှာများတဲ့ မိုးကောင်းကင်နဲ့ ကြုံတွေ့နေရပါပြီဗျာ။  ကျွန်တော်ပြောခဲ့ဘူးပါတယ်။ ဘာဖြစ်မယ်ဆိုတာကို အသေအချာမပြောနိုင်တာကိုက ဒီကနေ့ ရာသီဥတုပါလို့။   MCCW
Aung Myin Oo 18 May 03:02
မေလမှာ မိုးလေ၀သ အခြေအနေနဲ့ ပတ်သက်လို့ ဦးစားပေးကြည့်ရတဲ့အရာ (၃)မျိုး ရှိပါတယ်။ (၁) မိုးတိမ်တောင်၊ (၂) မုန်တိုင်း နဲက (၃) မုတ်သုံလေ ၀င် ရောက် မှု တို့ဖြစ်ကြပါတယ်။ အဲဒီနေရာမှာ ဒီနှစ်ဟာ အယ်လ်နီညိုနှစ်လား၊ လာနီညာ နှစ်လား ဆိုတာတွေကလည်း အတော် အရေးကြီးပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ မေလဟာ ဘယ်လိုဖြစ်နေသလည်း ?

ပထမဆုံးကတော့ ဒီနှစ်မေလမှာ ၂၀၁၀ ကတည်းက ဖြစ်နေခဲ့တဲ့ လာနီညာဟာ မေလထဲမှာ သိသိသာသာ အားလျော့ကျ လာနေပါတယ်။ ပစိဖိတ်သမုဒ္ဒယာ အလယ် အီကွေတာရပ်ဝန်းမှာရှိတဲ့ လာနီညာစောင့်ကြည့်ဧရိယာများဖြစ်တဲ့ Nino-3 နဲ့ Nino-4 ဧရိယာတွေမှာဘဲ တည်းတည်းလေးကျန်ပါတော့တယ်။ လာနီညာအင်အားတွေလျော့ကျလာတော့ လာနီညာရဲက အကျိုးသက်ရောက် မှုဧရိယာတွေကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်။ တနည်းပြောရရင် ဘင်္ဂလားပင်လယ်အော် နဲ့ အာရေဗျပင်လယ်တွေထဲမှာ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတလျှောက်လုံး လာနီညာအကျိုးဆက်နဲ့ ဖြစ်ပေါ်နေခဲ့တဲ့ မိုးရွာသွန်းမှုဖြစ်စဉ်တွေဟာ ဧပြီလအတွင်းကစပြီး လာနီညာ အားလျော့ကျလာတာနဲ့အတူ အားလုံးဟာ လာနီညာပင်မဒေသဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒယာအလယ်ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ဒါကြောင့် ဧပြီလအလယ်လောက်ကစပြီး အာရေဗျပင်လယ်၊ အိန္ဒိယသမုဒ္ဒယာ၊ ဘင်္ဂလားပင်လယ်အော်တို့မှာ မိုးအားတွေ သိသိသာသာ လျော့ကျလာခဲ့ပါတယ်။

မိုးတိမ်တောင်တွေကတော့ အထိုက်အလျောက်ရှိနေပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံ အနောက်ရိုးမတလျှောက်မှာ တန်းစီဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း တို့မှာ တန်းစီဖြစ်ထွန်းနေပါတယ်။

မုန်တိုင်းကတော့ အထူးခြားဆုံးပါဘဲ။ လောလောဆယ်မေလ ဒုတိယဆယ်ရက်ပတ်ကုန်ကာနီးအထိ တစ်လုံးမှ မဖြစ်သေးပါဘူး။ အမေရိကန်နိုင်ရဲ့ အထင်ကရ ရာသီဥတုခန့်မှန်းရေးဗဟိုဌာနကြီးများ ဖြစ်ကြတဲ့ National Weather Service (NWS) နဲ့ National Oceanic Atmospheric Administration (NOAA) တို့ရဲ့ခန့်မှန်းချက်အရကတော့ လာမယ့် မေလ(၂၄)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းမဖြစ်နိုင်သေးတဲ့အပြင် မေလကုန်တဲ့အထိလည်း မုန်တိုင်းဖြစ်ဖို့ အလားအလာနည်းပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

မုတ်သုံလေ၀င်ရောက်မှုအနေနဲ့လည်း မိုးအားလျော့လာတာတွေ၊ မုန်တိုင်းဖြစ်ဖို့ အလားအလာ လျော့နည်းလာတာတွေ စတာတွေကြောင့် အတောင်အလက်မစုံတဲ့ငှက်လို လိုရာခရီးကို ပျံသန်းရာမှာ ခရီးမတွင်သလို ဖြစ်နေရပါတယ်။ ဒီနှစ်အဖို့ မေလ(၉)ရက်နေ့ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများကို ၀င်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဝင်ရောက်စဉ်ကာလဆုံးက မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးဦးလေဦးဒဏ်ကို တော်တော်ခံခဲ့ကြရပါတယ်။ လက်ရှိမှာတော့ မြစ်ဝကျွန်းပေါ်ဒေသကို မုတ်သုံလေဖြတ်နေပါတယ်။ ပီပီပြင်ပြင်တော့ မရှိလှပါဘူ။

မိုးလေ၀သသမားတစ်ယောက်အနေနဲ့ပြောရရင်တော့ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ဘဲ ပြောပါရစေတော့။ ဆိုလိုတာက အပြောင်းအလဲတွေ များလည်းများနေတယ်၊ မြန်လည်းမြန်နေပါတယ်။ အိန္ဒိယနိုငငံမိုးလေ၀သဌာနကတော့ မေလ(၃၁)ရက်နေ့မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း (မြန်မာနိုင်ငံမြောက်ပိုင်း)ကို မုတ်သု့လေ၀င်မယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံကတော့ ကပ္ပလီပင်လယ်ပြင်ကို မုတ်သုံလေ၀င်ရောက်ခဲ့ပြီးပြီလို့ ကြေငြာထားပြီးပါပြီ။

လောလောဆယ်ကတော့ မိုးက အကျဖက်ကို ဦးတည်နေတော့ ကျွန်တော်တို့လည်း weather ကဏ္ဍပြီးတော့ climate ကဏ္ဍ များ စိုးမိုးလာနေပြီလားလို့ စပြီးစဉ်းစားလာနေရပါပြီ။

တကယ့်ကို မျက်နှာများတဲ့ မိုးကောင်းကင်နဲ့ ကြုံတွေ့နေရပါပြီဗျာ။

ကျွန်တော်ပြောခဲ့ဘူးပါတယ်။ ဘာဖြစ်မယ်ဆိုတာကို အသေအချာမပြောနိုင်တာကိုက ဒီကနေ့ ရာသီဥတုပါလို့။

MCCW
Original post
Aung Myin Oo
Aung Myin Oo17 May 19:57
အမေရိကန် ပြည်ထောင်စု National Weather Service (NWS) ရဲ့ Climate Prediction Centre (CPC) နဲ့ National Oceanic and Atmospheric Administration (NOAA) ရဲ့ မေလ (၃၁) ရက်နေ့အထိခန့်မှန်းချက် ကတော့ ဘင်္ဂလား ပင်လယ်အော်မှာ မေလ (၃၁) ရက်နေ့အထိ မုန်တိုင်းဖြစ်ဖို့ အခြေ အနေ မရှိသေးဘူးလို့ ခန့်မှန်းထားပါတယ်။ မေလ (၂၄) အထိလည်းမိုးတွေ လျော့နည်းနေပါလိမ့်ဦးမယ်လို့ ခန်းမှန်းထားပါတယ်။ DR.TUN LWIN – MCCW (၁၈-၅-၂၀၁၁ ရက် နံနက် ၀၄း၂၁ နာရီအချိန်)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment