Friday 13 May 2011

Re: [Myanmar weather watch] မြန်မာနိုင်ငံ တောင်ပိုင်း ဒေသသို့ အနောက်တောင်...

နားလည် နိုင်ပါဘီ  ကိုအောင်မြင် ရေ ။ ဟဲဟဲ ။  ဟိုတလော ဆောင်းတွင်း က နွေ မုတ်သုန်  ဆောင်းမုတ်သုန်  ဆိုပီး ကြားလိုက် ပါသေးတယ်။ မိုး မုတ်သုန် ပါ ဆို ၃၆၅ ရက် မုတ်သုန် လို့ ပဲ နားလည် လိုက်ပါတော့မယ်။ ခင်ဗျား အက်ဒမင် မို့ မေး ပါရစေ။ ခင်ဗျားတို့ ဒီဂရုက  အော်တိုပေးထားတဲ့  ယခု လက်ငင်း မိုးလေ၀သ အခြေအနေများ နှင့် ခန့်မှန်းချက်များ တွေ  က ပြနေတာတွေ  ကျနော် လိုက်ကြည့်ပါတယ်။  ခင်ဗျားတို့ ရဲ့  ဆိုက်  ဂြိုဟ်တု  ပုံတွေ က စစ်ရဲု့လား ၊ By 7Day News က သတင်း က ပြောတဲ့ ဟာတွေ က ဘာလို့  မကိုက်တာလဲ။ သူတို့ ခင်ဗျား တို့ ပေးထားတဲ့ ဆိုက်ကို မကြည့်တာလား။
Tun Lwin 13 May 17:06

Comment history
Aung Myin Oo
Aung Myin Oo13 May 10:00
ကို Tun Lwin အားမာန်၊ အောင်သူရ က 7Day News ကဗျ။ ရတနာပုံက မဟုတ်ဘူး။ ကျနော်လည်း ပညာရှင်မဟုတ်တော့မပြောတတ်ဘူး။ဖတ်ရအောင်သာ လင့်ချိတ်ပေးလိုက်တာ။း)
Aung Myin Oo
Aung Myin Oo13 May 09:50
De Maung ကတရုတ်ကလားဗျ...ဒီရတနာပုံဆိုဒ်က တခြားနိုင်ငံတွေက၀င်ရင် ကျော်ဝင်မှရတယ်လို့ကြားတယ်...မုတ်သုန်ကတော့ ကျနော်သိသလောက်တော့ အနောက်တောင်ကလာတာဗျ...အယ်နောင်းသီချင်းတောင်ရှိတယ်လေဗျ (အနောင်တောင်မုတ်သုန်ဆိုပီးတော့)
Tun Lwin
Tun Lwin13 May 09:43
ကျနော် ကတော့ အဲဒိဆိုက် ၀င်လို့ရပါတယ်။ ကျနော် ( ထိုမုန်တိုင်းမှာ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော်လည်း မြောက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားခြင်းကြောင့် မုတ်သုံကို ဆွဲခေါ်သကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။) ဆိုတာ နားမလည်နိုင် ဖြစ်နေပါတယ်။ မုတ်သုံကို ဆွဲခေါ်သကဲ့သို့ ဆိုတာ ကိုပါ။ မိုး ဒါဆို ခု ရက်ပဲ များများ ရွာတော့ မှာ ပေါ့နော်။ မိုး ကဒီနေ့တော့ ည ၉ နာရိလောက်မှာ တစက် နှစ်စက် ရွာတယ်။ နောက်ပီး ( မိုးဇလမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။) ဆိုတာ က ဘာ တာဝန်လဲ ဗျာ ။ ရုံးစောင့်လား ။ စာ ကူးစက်လှည့်တဲ့ သူလား။ ပညာ တစ်ကယ် တတ်တဲ့ သူလား။ အီးယောင်ဝါး ပညာတတ်လား။ news.yatanarpon.com.mm က စာရေးသူ အားမာန်၊ အောင်သူရကို ပြန်မေးပေးပါဗျာ ။ ကျနော် တစ်ကယ် အားကိုးရချင်လို့ပါ။
De Maung
De Maung13 May 09:03
မိုး စနေ လေ ရာဟု လို့ ကြားဘူးတာပဲဗျာ။ ရာဟုဒေါင့် ဖြစ်တဲ့ အနောက်မြောက် က လေ လာ နေရင်လဲ ဟုတ်ပေသား လို့ ဆိုရ မလားပဲ။ ကျနော် က မိုးလေ၀သ တော့ မသိ ပါ။ ဒါပေမဲ့ ဒီ ဂရု က ပေးထာတဲ့ ပုံတွေ ကြည့်တော့လဲ အရှေ့ ကပဲ လေတွေ က လာနေတယ်။ တော်ဝင် အခါပေး ဗေဒင်ဆရာတွေ က မုတ်သုန် ၀င်ခိုင်းတဲ့ ရက် များ မုတ်သုန်က အတင်းဝင် နေရတာလားဗျာ။ ပေးထားတဲ့ လင့်က ကျနော်ဆိ မှာ 400 - Bad Request လို့ ပြနေတယ်။ အဲဒိ လင့် ကို များ ဘန်း ထား သလား မသိဘူး
Original post
Aung Myin Oo
Aung Myin Oo13 May 01:13
မြန်မာနိုင်ငံ တောင်ပိုင်း ဒေသသို့ အနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်
By 7Day News

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment