Tuesday 17 May 2011

Re: [Myanmar weather watch] ကဆုန်လပြည့် နေ့ နေ့လည် ၁း၀၀ နာရီ အခြေအနေ (...

ဒီ ဆောင်း ပိုင်းထဲ က အိုင်တို့ ပြောခဲ့ပါတယ်။ မုတ်သုန် ၂ ခါ ထပ်ဝင် တာ ဖြစ်နေမယ်လို့။ ဒါကို မုတ်သုန် ၀င်ပါဘီလို့ မီဒီယာတွေ နဲ့ ဗျုး ကြတာကိုး။ ဗျုးတော့ ဘာရလဲ။ တလွဲ တော့ ပြည်သူပဲ နာတာပဲ။ မီဒီယာ ဆိုတာ သူ့ စီးပွားရေး အတွက် ပြည်သူ စိတ်ဝင် စားတာ ကို သတင်း အမဲ လိုက် စားတာ။ တတ်တဲ့ လူ က အရိပ်ပြလို့ မှ အကောင်မထင်ကြ တာကိုး ။ မိုးလေ၀သ ဌာန မှာ တရားဝင် သတင်း ထုတ် တာကလွဲ လို့ ဘာမှ မီဒီယာတွေ နဲ့ အာလူးပေးစရာ မသင့်ပါ။ ဆောင်းပါးရေး ရင် ရေး သင့်ပါတယ်။  မီဒီယာတွေ နဲ့ စကားကျွံ တာနှုတ်မရ ဘူးလေ။
Myanmar Weather 17 May 09:11

Original post
Myanmar Weather
Myanmar Weather17 May 01:57
ကဆုန်လပြည့် နေ့ နေ့လည် ၁း၀၀ နာရီ အခြေအနေ ( ၁၇-၅-၂၀၁၁) အရှေ့လေတွေ က အနောက် လေ ကို ဟန့် ထား တုန်းပဲ။ ဘင်္ဂလားပင်လယ်ပေါ်မှာ လေဦးချင်း မျက်နှာချင်းဆိုင် နေကြပါတယ်။ ဒီအရှေ့ လေ ပယောဂ က ဘယ်က စလို့ ဘယ်တော့ ပျောက်မှာလဲ ဆိုတာ တော့ NUmical weather prediction သမား ရဲ့ ပညာပါပဲ။ thermo dynimic ကို တွက်ရ ပါမယ်။ မိုးလေ၀သ ဌာန မှာ NUmical weather prediction နဲ့ နိုင်ငံခြား ပညာတော်သင် ဆု ယူ စံစား ထားတဲ့ သူ တွေ ရှိ ပါတယ် လို့ သိရ ပါတယ်။ ဆိုင်ရာ က ဒီလို အရေးက ပါလာ ချိန်မှာ တွက်ခိုင်းလိုက်ပါ လို့ ပြောချင်ပါတယ်။ ဆိုင်ရာ ပညာရှင် စင်တင်ပေးတာပါနော် ။ တွက်ထားတာ လဲ မှတ်တမ်း ယူထားပါ။ မကြာခင်က ရုရှား မီးတောင်တွေ ပေါက်လို့ လေထုထဲ မှာ ပိုလာတဲ့ အပူ ပမာဏတွေ နဲ့ ဂျပန် ညူကလီးယား ဓါတ်ပေါင်းဖို တွေ က လက်ကျန် အပူ ပမာဏတွေ ကို ထဲ့ တွက်ဘို့ မမေ့ပါနဲ့။ အဲဒီ အပူ ပို ပယောဂ အားတွေ ကုန်မှ သဘာဝ ရိုးရာ မုတ်သုန်လေအား ကို ဟန့်နိုင် အရှေ့လေအား က ဆုတ်မှာ။ ခု တော့ မုတ်သုန်လေဟာ ကုလားပြည် ပေါ်မှာ ကနေ မြောက်ဘက်ကို သွားနေပါဘီ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment