Friday 13 May 2011

Re: [Myanmar weather watch] မြန်မာနိုင်ငံ တောင်ပိုင်း ဒေသသို့ အနောက်တောင်...

ကို  Tun Lwin   ရေ   ၊  myanmarweather.multiply.com  ဆိုက် က ပုံတွေ က အစစ်ပါ။ ထိုင်း နဲ့ ကုလား က မုတ်သုန်ဝင်တယ် ကျေညာနေဘီ ။ ငါတို့ မကျေညာရင် နောက်ကျ နေမယ် ဆိုပီးတော့ ကျေညာမဲ့ အလုပ်  ဒီဂရု က မလုပ်နိုင်ပါ။ မြန်မာ့ရေ  မြန်မာ့လေ  ကို မြန်မာ ကပဲ  ကြည့် ရမှာပါ။ ဒီနေ့ တရားဝင် မုတ်သုန်ဝင် ပါဘီ ကျေညာ ကြည့်လေ။ မိုး  က မရွာ ရင် ဘာ မုတ်သုန်လဲ ။  ဂြိုဟ်တု ပုံတွေ  အားလုံး အသင့် စားဘို့ ခူးခပ်ပြင်ဆင် ထားပါတယ်။ မစားတာကတော့  မာန ကြီးနေတာလား။ ပြည်သူ့ဘို့လုပ်နေတာပါ။ ဒီ ဂရု ကလူတွေ နာမည် မခံတာက   နာမည်ခံ လုပ်ရင်သဘာဝဘေးရန် ကာကွယ်ရေး  UN project , NGO project တွေ လိုချင်လို့ ပြောမှာ စိုးလို့ပါ။  အဲဒိကပုံတွေ  အစစ်ပါ။ ယုံကြည်စွာ သုံးပါ။ ဘယ်လေတိုက်နေတာ မြင်ပါလိမ့်မယ်။ ပင်လယ် ခရီး သွားတွေနဲ့ ရေတပ်မတော် သားတွေ  ကို မိမိမျက်တွေ့  ကို လဲ လက်ခံ သုံးကြဘို့ ပြောချင်ပါတယ်။ ဒီ ဂရု မှာ ပြည်ပ က Post PhD အဆင့်  သိပ္ပံ ပညာ သင်တန်း တက်ရောက် ထားတဲ့   ပညာရှင် တွေ ရော၊ အခမဲ့ ၀ါသနာရှင် သတင်း သမား စစ်စစ်တွေရော  ပြည်သူအကျိုး အခမဲ့ ပြုနေကြတာပါ။ မိုးလေ၀သ ပညာရှင်တွေ မဟုတ်ပေမဲ့ ပညာရေး တော့ သံသယမရှိပါနဲ့။  မိုးလေ၀သ  ဟာ ရူပဗေဒ ပဲ ဖြစ်သလို  ကွန်ပျူတာ အိုင်တီ ပညာရှင်တွေရော အာကာသသိပ္ပံဆိုင်ရာ ဂြိုဟ်တု ပညာရှင်တွေရော နောက်က ကျောထောက်နောက်ခံ ရှိနေပါတယ်။ ကျောထောက်နောက်ခံ  ပညာရှင်အားလုံး က ပြည်ပက  မဟာဘွဲ့ အဆင့် အနဲဆုံး ရထားတာ ပါ။ မိုးဇလ ဌာန မူအရဆို  ညွှန်ချုပ် လုပ် ဘို့  ဘောင်ဝင်တဲ့  သူချည့်ပါပဲ။
Myanmar Weather 14 May 06:15

Comment history
Aung Myin Oo
Aung Myin Oo13 May 10:28
ဂရုပိုင်ရှင် Myanmar Weather လာရင်မေးကြည့်ဗျ...ကျနော်က အချိန်ပြည့် အင်တာနက်သုံးနိုင်လို့သာ ဖတ်သင့် သိသင့်တယ်ထင်တဲ့ သတင်းတွေ တင်ပေးနေတာပါ။ မိုးလေ၀သနဲ့ ပတ်သက်ပြီး သိပ်မသိဘူးဗျ။ခုမှ လေ့လာနေတုန်း။အရင်းမြစ် ခိုင်ခိုင်မာမာရှိတဲ့ သတင်းတွေ (ဥပမာ-ဦးထွန်းလွင်မှပြောပါတယ်တို့ မိုးဇလ ညွန်ချုပ်မှပြောပါတယ်) တို့ဆိုပြီးနံမည်ပါရင်တော့ ဒီဂရုမှာ တင်ပေးလိုက်တာပါပဲ။ ဒီသတင်းက သိပ်ပီးအရေးပါတယ့် သတင်းတော့မဟုတ်ဘူးဗျ။ မုန်တိုင်းတို့ဘာတို့ဆိုရင် ကျနော်ကိုတိုင် WMO, JTWC, TSR, WEATHER UNDER GROUND (WUND) ဆိုဒ် တွေကို ကြည့်ပီးနားလည်သလောက် ဖတ်တယ်ဗျာ။ပီးရင် သူတို့ပြောတာနဲ့ ဖြစ်နိုင် မဖြစ်နိုင် ကြည့်ပြီးမှ တင်ပေးတာပါ။ ဒီသတင်းထောက်တွေ ကတော့ မေးပြီး ဖြေတဲ့ အတိုင်းရေးကြတာပဲလေ။ မှန်မမှန် သူတို့ ကဒီလောက် အထိလိုက်ကြည့် မှမဟုတ်ဘူး။
Tun Lwin
Tun Lwin13 May 10:10
ခုပဲ ကျနော် ကြည့် နေပါတယ်။ ခု 15:30 IR ပုံ က လေ က အရှေ့တောင် က တိုက်နေတယ်။ အရှေ့တောင် မုတ်သုန်လေ ပေါ့ ဗျာ ။ ဟဲဟဲ ။ တနည်း အားဖြင့် anti monsoon ပေါ့
Tun Lwin
Tun Lwin13 May 10:06
နားလည် နိုင်ပါဘီ ကိုအောင်မြင် ရေ ။ ဟဲဟဲ ။ ဟိုတလော ဆောင်းတွင်း က နွေ မုတ်သုန် ဆောင်းမုတ်သုန် ဆိုပီး ကြားလိုက် ပါသေးတယ်။ မိုး မုတ်သုန် ပါ ဆို ၃၆၅ ရက် မုတ်သုန် လို့ ပဲ နားလည် လိုက်ပါတော့မယ်။ ခင်ဗျား အက်ဒမင် မို့ မေး ပါရစေ။ ခင်ဗျားတို့ ဒီဂရုက အော်တိုပေးထားတဲ့ ယခု လက်ငင်း မိုးလေ၀သ အခြေအနေများ နှင့် ခန့်မှန်းချက်များ တွေ က ပြနေတာတွေ ကျနော် လိုက်ကြည့်ပါတယ်။ ခင်ဗျားတို့ ရဲ့ ဆိုက် ဂြိုဟ်တု ပုံတွေ က စစ်ရဲု့လား ၊ By 7Day News က သတင်း က ပြောတဲ့ ဟာတွေ က ဘာလို့ မကိုက်တာလဲ။ သူတို့ ခင်ဗျား တို့ ပေးထားတဲ့ ဆိုက်ကို မကြည့်တာလား။
Aung Myin Oo
Aung Myin Oo13 May 10:00
ကို Tun Lwin အားမာန်၊ အောင်သူရ က 7Day News ကဗျ။ ရတနာပုံက မဟုတ်ဘူး။ ကျနော်လည်း ပညာရှင်မဟုတ်တော့မပြောတတ်ဘူး။ဖတ်ရအောင်သာ လင့်ချိတ်ပေးလိုက်တာ။း)
Aung Myin Oo
Aung Myin Oo13 May 09:50
De Maung ကတရုတ်ကလားဗျ...ဒီရတနာပုံဆိုဒ်က တခြားနိုင်ငံတွေက၀င်ရင် ကျော်ဝင်မှရတယ်လို့ကြားတယ်...မုတ်သုန်ကတော့ ကျနော်သိသလောက်တော့ အနောက်တောင်ကလာတာဗျ...အယ်နောင်းသီချင်းတောင်ရှိတယ်လေဗျ (အနောင်တောင်မုတ်သုန်ဆိုပီးတော့)
View all comments
Original post
Aung Myin Oo
Aung Myin Oo13 May 01:13
မြန်မာနိုင်ငံ တောင်ပိုင်း ဒေသသို့ အနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်
By 7Day News

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment