Tuesday 10 May 2011

Re: [Myanmar weather watch] မွန်ပြည်နယ် မိုးသက်လေပြင်းကျ၊ ပျက်စီးမှုများ ဖြစ်...

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန် လှေဆိပ် (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ)
Aung Myin Oo 11 May 04:26
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန် လှေဆိပ် (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

"မနက် ၈ နာရီလောက်က မိုးရော လေရောပဲ တော်တော်ပြင်းတာ၊ အလယ်တန်းကျောင်းက သွပ်ခေါင်မိုး အချပ် ၂၀ လောက်က လွင့်ထွက်သွားတယ်၊ အချို့အိမ်တွေလည်း သစ်ပင်ပိလို့ ပျိုကျသွားတယ်" ဟု ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာခံတဦးက ပြောသည်။

ကမ်းစပ်နှင့် နီးစပ်နေသည့် ကျေးရွာအချို့တွင် ငါးဖမ်းထွက်သည့် လှေများလည်း လေပြင်းနှင့်အတူ လွင့်ပျောက်နေသည်ဟု ကော့မုပွန်ရွာခံတဦးက ပြောသည်။

"အဖေနဲ့သား ပိုက်သွားချတဲ့ လှေတစီး ပျောက်သွားတာ အခုထိ ပြန်မတွေ့သေးဘူး" ဟု သူမက ပြောသည်။

၎င်းပြင် မော်လမြိုင်မြို့ပေါ်တွင်လည်း အဆောက်အဦးအချို့၊ ဓါတ်တိုင်အချို့နှင့် သစ်ပင် အများအပြား ပြိုလဲသွားကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

"ဓါတ်တိုင်တွေ ပြတ်ကျတော့ မနေ့က တနေ့လုံး မီးမလာဘူး၊ ဈေးကြိုက စိုက်ပျိုးရေးခြံရှေ့က အလှသစ်ပင်တွေဆိုရင် အကုန်ကျိုးကျနေတာ၊ လမ်းပေါ်မှာလည်း သစ်ပင်တွေ အများကြီး ကျိုးကျနေတယ်၊ မိုးရောလေရော ထီးတောင်ဖွင့်လို့ မရဘူး" ဟု မော်လမြိုင်မြို့ခံက ပြောသည်။

မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ အင်တာနက်စာမျက်နှာ (Myanmar Climate Change Watch) မှ မေလ ၉ ရက်နေ့ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းကြီးမည့် သတိပေး ထုတ်ပြန်ချက်တွင် "မုတ္တမပင်လယ်ကွေ့နှင့် မွန်ပြည်နယ် ကရင်ပြည်နယ်တို့ အပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် မွန်၊ တနသာင်္ရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်နာရီ မိုင် (၃၀) မှ (၄၅) မိုင်အထိ လေပြင်းများ တိုက်ခတ်နိုင်ပြီး၊ လှိုင်းကြီးနိုင်ပါတယ်"

"ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ထစ်ချုန်းမိုးများ ရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျပ်တပြက်ရေကြီးခြင်း၊ မြေပြိုကျခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို အထူးသတိပြုရန် လိုအပ်ပါလိမ့်မယ်" ဟု ပါရှိသည်။ http://www.facebook.com/l/b95ddWZzgbRaEbnsK5Gng4R1dXg/www.burmese.monnews.org/?p=2102
Original post
Ei Aye
Ei Aye10 May 19:14
မွန်ပြည်နယ် မိုးသက်လေပြင်းကျ၊ ပျက်စီးမှုများ ဖြစ်

ကွန်းချမ်း | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ် ကမ်းရိုးတန်းတလျှောက်ရှိ မြို့နယ်အချို့တွင် တနင်္လာနေ့မနက် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ အပျက်အစီးများ ရှိခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ဘီလူးကျွန်းဟု ထင်ရှားသည့် ချောင်းဆုံမှာ ပျက်စီးမှု များခဲ့သည်။

"လေရော မိုးရော တအားပြင်းတယ်။ အလယ်တန်းကျောင်း သွပ်အမိုးတွေလည်း လွင့်သွားတယ်။ အိမ်တွေလည်း သစ်ပင်ပိလို့ ပြိုသွားတာ ရှိတယ်" ဟု ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ပင်လယ်ကမ်းစပ် ကျေးရွာအချို့တွင် ငါးဖမ်းလှေများလည်း ပျောက်ဆုံးနေသည်ဟု ချောင်းဆုံမြို့နယ် ကော့မုပွန် ရွာသူတဦးက ပြောသည်။ သို့သော် အရေအတွက် အတိအကျ မသိပေ။

"ကျမတို့ရွာက အဖေနဲ့သား ငါးဖမ်းထွက်သွားတာ ပျောက်သွားလို့ အခုထိ ပြန်ရှာမတွေ့သေးဘူး။ တခြား တံငါရွာတွေလည်း ပျောက်နေတာပဲ" ဟု သူက ဆိုသည်။

ချောင်းဆုံမြို့နယ် ကညော်ရွာနှင့် အခြားရွာများတွင်လည်း သစ်ပင်များ ပြိုလဲခြင်း၊ နေအိမ်များ ပျက်စီးခြင်းများ ရှိကြောင်း မုဒွန်းရွာသူတဦး အဆိုအရ သိရသည်။

မော်လမြိုင်မြို့တွင် လေပြင်းကြောင့် နေအိမ်အချို့ ပျက်စီးကာ၊ ဓာတ်တိုင်များနှင့် သစ်ပင်များ ပြိုလဲခဲ့သဖြင့် တနေကုန် မီးပျက်ခဲ့သည်ဟု မြိုင်သာယာရပ်ကွက်နေ အမျိုးသမီးတဦးက ပြောသည်။

မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် သစ်ပင်များ ပြိုလဲခဲ့သော်လည်း အဆောက်အအုံများ မပျက်စီးခဲ့ပေ။

ယခုရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်ပြည်နယ် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်များ၌ တခါတရံ မိုးသက်မုန်တိုင်း ကျရောက်ပြီး၊ ရေပြင်မြေပြင်လေ တနာရီလျှင် ၃၅ မိုင်မှ ၄ဝ မိုင်အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ကြောင်း ယခုတပတ် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment