Friday, 1 April 2011

[Myanmar weather watch] သပိတ်ကျင်း နျူးကလီးယား ဓာတ်ပေါင်းဖို...

သပိတ်ကျင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်ခြေ မရှိ ဒီကနေ့ မြန်မာ့တပ်မတော်မှာ နျူးကလီးယား ဓါတ်ပေါင်းဖိုတစ်လုံးကို မန္တလေးမြို့အထက်ဘက်က သပိတ်ကျဉ်းမှာ စမ်းသပ်တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ဓါတ်ပေါင်းဖိုဟာ ပေါက်ကွဲနိုင်ခြေမရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် မပေါက်ကွဲရသလဲ ဆိုတဲ့ အဖြေကိုတော့ အောက်ပါ ဗွီအိုအေ အင်တာဗျူးမှာ မူရင်း အတိုင်း ဖတ်ရှုနိုင်ပါတယ်။  ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးစိုင်းသိန်ဝင်းခင်ဗျ၊ မြန်မာစစ် အစိုးရဟာ nuclear reactor ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ဆန္ဒဟာ အလွန်ပြင်းပြစွာရှိခဲ့တယ်ဆိုတာ၊ ဗိုလ်မှူးတို့က ပိုသိတယ်။ အားလုံးပြောနေကြတာက မန္တလေးအထက်က သပိတ်ကျင်းနားမှာ နျူးကလီးယား ဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ထားတယ်၊ အဲဒီတော့ ဒီဓါတ်ပေါင်းဖိုနဲ့ပတ်သက်လို့၊ ဗိုလ်မှူး ဘယ် လောက် ကျနော်တို့ကို၊ အပြင်စည်းသတင်းအရ ပြောပြနိုင်ပါသလဲ ခင်ဗျ။  ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဓါတ်ပေါင်းဖိုက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက "ဒေါက်တာ" တွေ စမ်းသပ် တည်ဆောက်ထားတဲ့၊ nuclear reactor ပါဆိုပြီးတော့၊ ငါးမူးသံပိုက်လုံးကြီးကို ခွေပြီးတော့ လုပ်ထားတဲ့ reactor အတုကြီး ပါပဲ။  ဦးရော်နီညိမ်း။ ။ အဲဒီ သပိတ်ကျင်းမှာ သွားဆောက်တဲ့အခါမှာ၊ ပညာရှင်တွေကို မွေးထုတ်တာ ဗိုလ်မှူးတို့ နဲ့အတူတူ ရုရှကိုသွားတဲ့ အသုတ်တွေထဲက ပါလားခင်ဗျ။ ဘယ်ကနေပြီးတော့ ပညာရှင်တွေကို ရှာယူပါသလဲ ခင်ဗျ။  ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါတွေကတော့ ကျနော်တို့
Shin Goun Gwep 02 April 06:04
သပိတ်ကျင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်ခြေ မရှိ
ဒီကနေ့ မြန်မာ့တပ်မတော်မှာ နျူးကလီးယား ဓါတ်ပေါင်းဖိုတစ်လုံးကို မန္တလေးမြို့အထက်ဘက်က သပိတ်ကျဉ်းမှာ စမ်းသပ်တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ဓါတ်ပေါင်းဖိုဟာ ပေါက်ကွဲနိုင်ခြေမရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် မပေါက်ကွဲရသလဲ ဆိုတဲ့ အဖြေကိုတော့ အောက်ပါ ဗွီအိုအေ အင်တာဗျူးမှာ မူရင်း အတိုင်း ဖတ်ရှုနိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးစိုင်းသိန်ဝင်းခင်ဗျ၊ မြန်မာစစ် အစိုးရဟာ nuclear reactor ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ဆန္ဒဟာ အလွန်ပြင်းပြစွာရှိခဲ့တယ်ဆိုတာ၊ ဗိုလ်မှူးတို့က ပိုသိတယ်။ အားလုံးပြောနေကြတာက မန္တလေးအထက်က သပိတ်ကျင်းနားမှာ နျူးကလီးယား ဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ထားတယ်၊ အဲဒီတော့ ဒီဓါတ်ပေါင်းဖိုနဲ့ပတ်သက်လို့၊ ဗိုလ်မှူး ဘယ် လောက် ကျနော်တို့ကို၊ အပြင်စည်းသတင်းအရ ပြောပြနိုင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဓါတ်ပေါင်းဖိုက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက "ဒေါက်တာ" တွေ စမ်းသပ် တည်ဆောက်ထားတဲ့၊ nuclear reactor ပါဆိုပြီးတော့၊ ငါးမူးသံပိုက်လုံးကြီးကို ခွေပြီးတော့ လုပ်ထားတဲ့ reactor အတုကြီး ပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီ သပိတ်ကျင်းမှာ သွားဆောက်တဲ့အခါမှာ၊ ပညာရှင်တွေကို မွေးထုတ်တာ ဗိုလ်မှူးတို့ နဲ့အတူတူ ရုရှကိုသွားတဲ့ အသုတ်တွေထဲက ပါလားခင်ဗျ။ ဘယ်ကနေပြီးတော့ ပညာရှင်တွေကို ရှာယူပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါတွေကတော့ ကျနော်တို့ "ရူပဗေဒထူးချွန်" ဆိုပြီးတော့ (၁၀)တန်းမှာ အမှတ် များတယ်၊ ဆရာဝန်အင်ဂျင်နီယာတွေလည်း မဖြစ်ဘူး၊ သို့သော် အမှတ်များတယ် ဆိုပြီးတော့၊ ရိုးရိုး Physics ဘွဲ့ရ ထူးချွန်တဲ့ကျောင်းသားတွေကို Nuclear Physics ဆိုပြီးတော့ YIT (Yangon Institute of Technology - ရန်ကုန်စက်မှုတက္ကသိုလ်) မှာ၊ သူတို့ကို Master (မဟာသိပ္ပံဘွဲ့) ပေးတယ်။ Master ရပြီးတဲ့ လူတွေက၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာ အလုပ်လုပ်ကြတယ်။ အဲဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာပဲ research (သုတေသနလုပ်ငန်း) တွေ ဘာတွေ လုပ်ပြီးတော့ Ph.D (ပါရဂူ) ဘွဲ့ပေးလိုက်တယ်။ "ဒေါက်တာ" အဖြစ်ပေါ့။ Nuclear Scientist (နျူးကလီးယားသိပ္ပံပညာရှင်) တွေ ဖြစ်လာတယ်။

ဦးရော်နီညိမ်း။ ။ ရန်ကုန်တက္ကသိုလ်က ပေးတဲ့ Ph.D လား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျ။ Ph.D ဘွဲ့ကတော့ ဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပေးတဲ့ Ph.D လို့ပဲ ကျနော်တို့ အကြမ်းဖျဉ်း နားလည်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ nuclear reactor အတုကြီးဆိုတာ ဘယ်လိုဟာပါလဲခင်ဗျ၊ ဗိုလ်မှူး အပြင် စည်းသတင်း သိထားသလောက် ကျနော်တို့ကို ပြောပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ဒီလိုခင်ဗျ၊ အဲဒီ Vienna (ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ အဏု မြူစွမ်းအင် အေဂျင်စီ Inetrnational Atomic Energy Agency ရှိရာ ဥရောပသြစတြီးယားနိုင်ငံမှ မြို့တော် ဗီယင်နာ) မှာ nuclear seminar (နျူးကလီးယားဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲ) တစ်ခုကို တက်ဖူးတဲ့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက "ဒေါက်တာ" တစ်ယောက်က၊ သူက အဲဒီကနေပြီးတော့ စာတမ်းတစ်ခု ယူလာ ခဲ့တာပေါ့။ တခြားနိုင်ငံကပညာရှင် တစ်ယောက် ဖတ်တဲ့ စာတမ်းပေါ့လေ။ အဲဒီစာတမ်းမှာ သူက reactor ပုံစံတူလေးပေါ့၊ ပုံလေး တစ်ပုံကို တွေ့တယ်။ တွေ့တဲ့အခါကျတော့၊ သူ့ကို (၀န်ကြီး) ဦးသောင်းက nuclear reactor ဆောက်ခိုင်းရော။ ဆောက်ခိုင်းတဲ့အခါကျတော့ သူ ကြံရာမရ ဖြစ်သွားတယ်။ မလုပ်တတ်တဲ့အခါကျ တော့၊ အဲဒီပုံထဲမှာ ပါတဲ့အတိုင်းပဲ သူက အဲဒီပုံစံလေးကို သံထည် ပစ္စည်းတွေ ၀ယ်ပြီးတော့၊ လှိုင်သာယာ စက်မှုဇုံမှာ သွားပြီးတော့ ပုံစံတူ လုပ်လိုက်တာပါ။ အဲဒီ reactor နဲ့ ပုံချင်းတူတဲ့ ပစ္စည်းတစ်ခုပေါ့။ အဲဒီလိုမျိုး လုပ်လိုက်တာပါ။ အဲဒါကို လူကြီးတွေ လာတဲ့အခါကျတော့၊ "ကျနော်တို့ စမ်းသပ်တည် ဆောက်ထားတဲ့ nuclear reactor ပါ" ဆိုပြီးတော့ ဒါကို ပြတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး Made in Hlaing Thar Yar နျူကလီးယားဓါတ်ပေါင်းဖိုကြီး တည်ဆောက် ထားတယ် ဆိုတာကို၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း အပါအ၀င် နျူးကလီးယားကို အရမ်းစိတ်ဝင်စား နေကြတဲ့ တပ်မတော်ခေါင်းဆောင်တွေကော မြန်မာစစ်အစိုးရခေါင်းဆောင်တွေကော မသိကြဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဥစ္စာက ကျနော်တို့ (ရုရှပြန်) နျူးကလီးယားဘာသာရပ် သွားသင်လာတဲ့ အရာရှိတွေက သပိတ်ကျင်းကို ရောက်တဲ့အခါကျတော့၊ အကုန်ပေါ်လာတယ်ဗျ။
@HP

VOA မြန်မာပိုင်း တပ်မှူးတပ်သား ပြောစကားမှ တိုက်ရိုက်ထုတ်နှုတ် တင်ပြသည်။
အပြည့်အစုံဖတ်ရန်(Click Here)
Posted by BS News at 3:11 PM
Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: အင်တာဗျူး ကောက်နုတ်ချက် (မူရင်းအတိုင်း)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] Burma Strange News (Burmese Version)...

Burma Strange News (Burmese Version) http://www.facebook.com/l/ead5d0ubZMmjIvW8Eb4B9sh7qmQ/www.burmastrangenews.com Burma Strange News သည် မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပျက်နေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ထူးခြား သတင်းဖြစ်စဉ်များ ကို ပို့စ်မော်ဒန် နည်းဖြင့် တင်ပြပေးနေသည့် တခုတည်းသော သတင်းဌာန ဖြစ်ပါသည်။
Shin Goun Gwep 02 April 03:52
Burma Strange News (Burmese Version)
http://www.facebook.com/l/ead5d0ubZMmjIvW8Eb4B9sh7qmQ/www.burmastrangenews.com
Burma Strange News သည် မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပျက်နေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ထူးခြား သတင်းဖြစ်စဉ်များ ကို ပို့စ်မော်ဒန် နည်းဖြင့် တင်ပြပေးနေသည့် တခုတည်းသော သတင်းဌာန ဖြစ်ပါသည်။
Burma Strange News (Burmese Version)
www.burmastrangenews.com
Burma Strange News သည် မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပျက်နေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ထူးခြား သတင်းဖြစ်စဉ်များ ကို ပို့စ်မော်ဒန် နည်းဖြင့် တင်ပြပေးနေသည့် တခုတည်းသော သတင်းဌာန ဖြစ်ပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] <iframe title="YouTube video player" width="480"...

<iframe title="YouTube video player" width="480" height="390" src=" http://www.facebook.com/l/ead5d5G4sRpsmDuYfmb3iUxjnsg/www.youtube.com/embed/vubhQacIKzU" frameborder="0" allowfullscreen></iframe>
Aung Myint Htun 02 April 03:42
<iframe title="YouTube video player" width="480" height="390" src=" http://www.facebook.com/l/ead5d5G4sRpsmDuYfmb3iUxjnsg/www.youtube.com/embed/vubhQacIKzU" frameborder="0" allowfullscreen></iframe>

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့...

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Aung Myin Oo 02 April 02:49
နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Joomla! - the dynamic portal engine and content management system

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] New doc: နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ နံနက် (၇း၀၀)နာရီအ...

created the doc: "နေ့စဉ်မိုးလေ၀သသတင်း  (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)"
Aung Myin Oo created the doc: "နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)"

ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။

ယနေ့နံနက် မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင် ဧပြီလ၏ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဧပြီလ၏ပျမ်းမျှအပူချိန်တို့အောက် (၅)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ပြင်ဦးလွင်မြို့တွင် (၀.၂၈)လက်မ၊ ကျောက်ဖြူမြို့တွင် (၀.၁၂)လက်မနှင့် ကျောက်ဖြူမြို့တွင် (၀.၀၈)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်  တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်း‌ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် နေရာကွက်ကျားမိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

နေပြည်တော်နှင့်အနီးတ၀ိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

 

သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။

http://www.dmh.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my&limitstart=1


View Post on Facebook · Edit email settings · Reply to this email to add a comment.

Re: [Myanmar weather watch] မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင်...

ငလျင်မြေပုံ ရေးဆွဲနိုင်ပြီဆိုရင် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်သင့်တဲ့ စီမံချက်တွေ ရေးဆွဲ၊ ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ရေးအတွက် ကြိုတင် တွက်ချက်မှုတွေ ရေးဆွဲ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
Aung Myin Oo 01 April 16:41
ငလျင်မြေပုံ ရေးဆွဲနိုင်ပြီဆိုရင် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်သင့်တဲ့ စီမံချက်တွေ ရေးဆွဲ၊ ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ရေးအတွက် ကြိုတင် တွက်ချက်မှုတွေ ရေးဆွဲ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
Original post
Aung Myin Oo
Aung Myin Oo01 April 09:41
မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင် နိုင်ဖို့ အာရှ သဘာဝ ဘေးဒဏ်များ ကြိုတင် ကာကွယ်ရေး အဖွဲ့ (ADPC) ရဲ့ ပံ့ပိုးမှုနဲ့ seismic mapping ခေါ် ငလျင်အခြေပြ မြေပုံရေးဆွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[Myanmar weather watch] မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင်...

မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင် နိုင်ဖို့ အာရှ သဘာဝ ဘေးဒဏ်များ ကြိုတင် ကာကွယ်ရေး အဖွဲ့ (ADPC) ရဲ့ ပံ့ပိုးမှုနဲ့ seismic mapping ခေါ် ငလျင်အခြေပြ မြေပုံရေးဆွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
Aung Myin Oo 01 April 16:41
မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင် နိုင်ဖို့ အာရှ သဘာဝ ဘေးဒဏ်များ ကြိုတင် ကာကွယ်ရေး အဖွဲ့ (ADPC) ရဲ့ ပံ့ပိုးမှုနဲ့ seismic mapping ခေါ် ငလျင်အခြေပြ မြေပုံရေးဆွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.