Thursday, 7 July 2011

အယ်လ်နီညိုဖြစ်ဖို့အခြေအနေတွေဟာ တစ်လထက်တစ်လ တိုးလာနေပါတယ်။ Dr.T...

Oh :(
Ei Aye 07 July 11:24
Oh :(
Original post


အယ်လ်နီညိုဖြစ်ဖို့အခြေအနေတွေဟာ တစ်လထက်တစ်လ တိုးလာနေပါတယ်။ Dr.Tun L...

created the doc: "အယ်လ်နီညိုဖြစ်ဖို့အခြေအနေတွေဟာ  တစ်လထက်တစ်လ တိုးလာနေပါတယ်။ Dr.Tun Lwin - MCCW"
Aung Myin Oo created the doc: "အယ်လ်နီညိုဖြစ်ဖို့အခြေအနေတွေဟာ တစ်လထက်တစ်လ တိုးလာနေပါတယ်။ Dr.Tun Lwin - MCCW"

၂၀၁၀ ဇူလိုင်လကတည်းက စခဲ့တဲ့ လာနီညာဟာ ၂၀၁၁ ခုနှစ် မေလအကုန်မှဘဲ အဆုံးသတ် နိုင်ခဲ့ပါတယ်။ လာနီညာရဲ့ အကျိုးဆက်ကတော့ ၂၀၁၀ -၂၀၁၁ ဆောင်းကာလမှာ အေးခဲ့တယ်။ အအေးလှိုင်းတွေ ဖြတ်ခဲ့တယ်။ ၂၀၁၁ ၀င်လာတော့ မိုးတွေကောင်းခဲ့တယ်။ ၂၀၁၁ မိုးကြိုရော မိုးဦးရော မိုးတွေကောင်းနေခဲ့လို့ လယ်ကွင်းတွေ ရေတွေမြုပ်၊ ရေကြီးမှာတွေ စိုးရိမ်လာရတဲ့ အထိပါဘဲ။

ဒါပေမယ့် ဇွန်လအလယ် လောက်စပြီး မိုးအားတွေလျော့ကျ လာပါတယ်။ မိုးညံ့ သွားတဲ့ အဆင့်တော့ မဟုတ်ပါဘူး။ မေလအကုန် အထိက လာနီညာ ဖြစ်နေလေတော့ လာနီညာအရှိန်နဲ့ မိုးကောင်းနေတဲ့ သဘောလည်း ပါပါတယ်။ အထူးသဖြင့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ကုန်းတွင်းပိုင်းမှာ ကုန်းတွင်း မုန်တိုင်း တစ်ကြိမ်ဖြစ်ခဲ့လို့ မုတ်သုံလေအား ကောင်းခဲ့တာကြောင့် မြန်မာနိုင်ငံအ၀ှမ်းမှာ မိုးကောင်းခဲ့တာ ကတစ်ကြိမ်၊ ဇွန်လ တတိယ ဆယ်ရက်ပတ်အတွင်း တောင်တရုတ်ပင်လယ်ပြင်က တိုင်းဖွန်းမုန်တိုင်း တစ်လုံး ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ပြီးတဲ့နောက် မြန်မာနိုင်ငံဖက်ကို ရွေ့လျားလာရင်းနဲ့ မြန်မာနိုင်ငံကို မိုးတွေပေးခဲ့တာက တစ်ကြိမ် ဆက်သွားလေတော့ မိုးဦးကာလ အပြီးမှာ မြန်မာတပြည်လုံး ရွာသွန်းမြဲ နဲ့ ရွာသွန်းမြဲရဲ့အထက်ကျော်လွန်အောင် အထိ မိုးတွေကောင်း နေခဲ့ပါတယ်။

ဒါပေမယ့် စောစောကပြောခဲ့သလို နောက်ပိုင်းရောက်လာလေ မိုးရွာသွန်းမှုက အရှိန်တော့ နည်းနည်း လာပါတယ်။ အနည်းဆုံးတော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ နှစ်အနေနဲ့ ကြည့်ရင်တော့ ရိုးရိုးပုံမှန်နှစ် တစ်နှစ်ရဲ့ အနေအထား ပါဘဲ။ ထူးခြားတာက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ မဖြစ်တာပါဘဲ။

အခုတော့ ၂၀၁၁ ခုနှစ်ရဲ့ လက်ကျန်ကာလအတွက် ဖြစ်လာနိုင်မယ့် ရာသီဥတုအမျိုးအစားကို ခန့မှန်းကြည့်တဲ့ အခါမှာတော့ ရာသီဥတုဟာ ချိန်ခွင်တစ်ခုရဲ့ ဘက်နှစ်ဖက်လို တစ်ဖက်ကတက်ရင် တစ်ဖက်က ကျလာတဲ့ သဘောပြနေပါတယ်။ ဆိုလိုတာကတော့ လာနီညာက ကျသွားတော့ အယ်လ်နီညိုက တက်လာတဲ့ သဘောပါဘဲ။ တစ်နည်းပြောရရင် ရာသီဥတုတွေ အခြေတကျမရှိတဲ့ သဘောပါဘဲ။

ဇူလိုင်လမှ စပြီး နောက်ပိုင်း ကာလတွေအတွက် ခန့်မှန်းချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။ ရရှိလာတာ တွေကတော့

စက်တင်ဘာလကုန် လာနီညာ ၀% ကြားနေနှစ် ၇၃% အယ်လ်နီညိုနှစ် ၂၇%

နိုဝင်ဘာလကုန် လာနီညာ ၀% ကြားနေနှစ် ၄၀% အယ်လ်နီညိုနှစ် ၆၀%

ဒီဇင်ဘာလကုန် လာနီညာ ၀% ကြားနေနှစ် ၃၇% အယ်လ်နီညိုနှစ် ၆၃%

ဒီအဖြေတွေကို ကြည့်လိုက်တော့ ဒီနှစ် နှစ်အကုန် မိုးလွန်ကာလမှာ အယ်လ်နီညိုဖြစ်ဖို့ ရာခိုင်နှုန်းက တဖြည်းဖြည်း မြင့်တက်လာ နေတာကို အခုကတည်းက စတွေ့နေရပါတယ်။

Nino 4 0.0 C

Nino 3.4 +0.1 C

Nino 3 +0.1 C

Nino 1+2 +0.4 C

5 June 2011 မှစပြီး 4 July 2011 ရက်နေ့အထိ ကာလအပေါ် အခြေခံကာ တွက်ချက်မှုအရ

စက်တင်ဘာလ ၂၀၁၁ အတွက် NINO3.4 ပျမ်းမျှအပူချိန်ကွာခြားချက် + 0.74 °C

ဒီဇင်ဘာလ ၂၀၁၁ အတွက် NINO3.4 ပျမ်းမျှအပူချိန်ကွာခြားချက် + 0.86°C

ဒီအခြေအနေတွေဟာ ဒီနှစ်အတွက် လက်ရှိကာလ အခြေအနေတွေ ပါဘဲ။ MCCW အနေနဲ့တော့ အချိန်နဲ့ တပြေးညီ သာမကပါဘူး၊ ကြိုကြိုတင်တင် ပြောပြနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

MCCW

ဒီနေရာမှ ရယူဖော်ပြသည်။

http://www.tunlwin.com/latestdetail.php?myanmar=418



Tuesday, 5 July 2011

အရှေ့ဖက်ရှိ ပစိဖိတ် သမုဒ္ဒယာ ဖက်မှာ မကြာမီ...

အရှေ့ဖက်ရှိ ပစိဖိတ် သမုဒ္ဒယာ ဖက်မှာ မကြာမီ မုန်တိုင်းတွေ ဖြစ်လာဖို့ ရှိနေပေမယ့် ဘင်္ဂလား ပင်လယ်အော် ထဲမှာတော့ ဇူလိုင်လ (၁၉)ရက် နေ့အထိ မုန်တိုင်း မဖြစ်ပေါ် နိုင်သေးဟု ခန့်မှန်း ရပါတယ်။ (၆-၇-၂၀၁၁ ရက် နံနက် ၃း၅၀ နာရီ) DR.Tun Lwin - MCCW
Aung Myin Oo 06 July 06:30
အရှေ့ဖက်ရှိ ပစိဖိတ် သမုဒ္ဒယာ ဖက်မှာ မကြာမီ မုန်တိုင်းတွေ ဖြစ်လာဖို့ ရှိနေပေမယ့် ဘင်္ဂလား ပင်လယ်အော် ထဲမှာတော့ ဇူလိုင်လ (၁၉)ရက် နေ့အထိ မုန်တိုင်း မဖြစ်ပေါ် နိုင်သေးဟု ခန့်မှန်း ရပါတယ်။ (၆-၇-၂၀၁၁ ရက် နံနက် ၃း၅၀ နာရီ) DR.Tun Lwin - MCCW


ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသော ကားလမ်းများမှာ...

ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသော ကားလမ်းများမှာ အမြဲတမ်းလိုလို ပျက်စီးနေပြီး ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် အထူး အခက်တွေ့နေကြသည်။ ဒေသတွင်း လာသော သတင်းများ အရ အမ်းမြို့တွင်လည်း မိုးရွာသွန်းမှုကြောင်း အသေးစား မြေပြို လမ်းပျက်မှုများ ရှိကြောင်း သိရသည်။
Aung Myin Oo 05 July 15:29
ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသော ကားလမ်းများမှာ အမြဲတမ်းလိုလို ပျက်စီးနေပြီး ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် အထူး အခက်တွေ့နေကြသည်။ ဒေသတွင်း လာသော သတင်းများ အရ အမ်းမြို့တွင်လည်း မိုးရွာသွန်းမှုကြောင်း အသေးစား မြေပြို လမ်းပျက်မှုများ ရှိကြောင်း သိရသည်။
Details Burmese News
www.narinjara.com
Narinjara provides accurate and reliable information about political, social, and economic developme


Monday, 4 July 2011

Re: [Myanmar weather watch] New photo

ဒီ ပုံ က ရခိုင် တွက်ပဲ ခန့်မှန်းပေးထားပေမဲ့  အရှေ့တောင် ပင်လယ်က လေစီးပုံ ကို ဒီနေ့တင်ထားတာကြည့်ပါ။ ဒီနေ့ ညနေကစ တနင်္သာရီ ပင်လယ်ပြင် ကို စ သတိပေးကြရင် မမှား နိုင်ပါ။ လှေ တွေ သတိထားပေါ့ ။ မတ်လ လယ် တုန်းက ဒီ လို အရှေ့တောင် လေစီးလမ်း က ဒုက္ခပေးသွားတာပါ။
Myanmar Weather 05 July 05:47
ဒီ ပုံ က ရခိုင် တွက်ပဲ ခန့်မှန်းပေးထားပေမဲ့ အရှေ့တောင် ပင်လယ်က လေစီးပုံ ကို ဒီနေ့တင်ထားတာကြည့်ပါ။ ဒီနေ့ ညနေကစ တနင်္သာရီ ပင်လယ်ပြင် ကို စ သတိပေးကြရင် မမှား နိုင်ပါ။ လှေ တွေ သတိထားပေါ့ ။ မတ်လ လယ် တုန်းက ဒီ လို အရှေ့တောင် လေစီးလမ်း က ဒုက္ခပေးသွားတာပါ။
Original post
Myanmar Weather

View Post on Facebook · Edit email settings · Reply to this email to add a comment.