ဧပြီလ ၂၇ ရက်၊ မြန်မာစံတော်ချိန် ည ၁၈း၃ဝ နာရီမှာ စတင်ပြီး သတိထား လေ့လာခဲ့ရတဲ့ လေဖိအားနည်းရပ်ဝန်း 95B စတင်ဖြစ်ပေါ်စဉ်မှ ယနေ့ နံနက် ၆ နာရီခွဲအချိန်ရရှိတဲ့ အချက်အလက်များကို နှိုင်းယှဉ် လေ့လာကြည့်တဲ့ အခါ အခုလို တွေ့ရပါတယ် -
01 May 2011 1800Z Location: 14.2 91.1 Winds: 25 knots Central Pressure: 1004 hPa
01 May 2011 1200Z Location: 13.1 90.6 Winds: 25 knots Central Pressure: 1004 hPa
01 May 2011 0000Z Location: 11.0 91.0 Winds: 25 knots Central Pressure: 1004 hPa
30 Apr 2011 0000Z Location: 9.4 86.8 Winds: 20 knots Central Pressure: 1007 hPa
29 Apr 2011 0000Z Location: 10.6 85.1 Winds: 20 knots Central Pressure: 1007 hPa
28 Apr 2011 0600Z Location: 10.5 83.4 Winds: 15 knots Central Pressure: 1010 hPa
27 Apr 2011 1800Z Location: 10.4 82.1 Winds: 15 knots Central Pressure: 1010 hPa
27 Apr 2011 1200Z Location: 10.3 82.0 Winds: 15 knots Central Pressure: 1010 hPa
အခုလို လေထုလွှာအပေါ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လက်ဝဲရစ် လေစီးကြောင်းလည်ပတ်မှုကို အိန္ဒိယ မိုးလေဝသဌာန ကတော့ နောက် ၂ ရက်လောက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် သတ်မှတ်လို့ရမဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
The upper air cyclonic circulation over central parts of south Bay of Bengal persists and extends up to mid-tropospheric levels. It may develop as a low pressure area during next 12 days.
လက်ရှိ အခြေအနေမှာ ကျနော်တို့ကတော့ ဒီလေဖိအားနည်းရပ်ဝန်း 95B ရဲ့ တည်နေရာနဲ့ ရွေ့လျားမှုကို တောက်လျှောက် စောင့်ကြည့် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊
ဒီနေ့ မြန်မာစံတော်ချိန် ၆နာရီ ရတဲ့ data တွေအရ 95B ဟာ မြန်မာနိုင်ငံ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၃၄ဝ လောက်မှာ တည်ရှိနေတာဖြစ်ပါတယ်၊ ရွေ့လျားမှုကတော့ လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အနောက်မြောက်ဘက် – အိန္ဒိယကမ်းခြေဘက်ကို တစ်နာရီလျှင် ၃၂ မိုင်နှုန်းခန့်နဲ လျှင်မြန်စွာ ရွေ့ လျားခဲ့ကြောင်း တွေ့ရပါတယ်။
လေဖိအားနည်းရပ်ဝန်း 95B ရဲ့ ဒီနေ့ အထိ ဖြစ်ပေါ်မှု အခြေအနေပြပုံကို အောက်မှာ တင်ပြထားပါတယ်။
http://www.openeyeproxy.appspot.com/blog.mmweather.com/wp-content/uploads/2011/05/95B-04_02052011.jpg
ထိုင်းမိုးလေဝသဌာနမှ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ အချိန် ထုတ်ပြန်သည့် မိုးလေဝသ chart
http://www.openeyeproxy.appspot.com/blog.mmweather.com/wp-content/uploads/2011/05/2011-05-02_TopChart_01_1000px-300x231.jpg
သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။
http://blog.mmweather.com/?p=902
No comments:
Post a Comment