ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့လေဖိအားနည်းရပ်ဝန်း 95B နဲ့ပတ်သက်လို့ အဘဦးထွန်းလွန်ရဲ့ webpage မှာ အခုလို တင်ပေးထားတာတွေ့ရပါတယ်။
မုန်တိုင်းဖြစ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းငယ်တစ်ခု (၃၀-၄-၂၀၁၁) မှ (၂-၅-၂၀၁၁)ရက်နေ့အထိ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်ခဲ့သေးပေမယ့် (၂-၅-၂၀၁၁)ရက်နေ့ နေ့လည်ပိုင်းမှာဘဲ အားပျော့ပျက်ပျယ် သွားပြီဖြစ်ပါတယ်။
http://www.tunlwin.com/latestdetail.php?myanmar=318
NRL Monterey Marine Meteorology Division (Code 7500) Tropical Cyclone Page (Ver.4.47.03)
မှာတော့ သူ့ရဲ့ KMLdata မှာ ဆက်လက်စောင့်ကြည့်နိုင်ဖို့ ဖေါ်ပြပေးထားတာတွေ့ရပါတယ် KML data မှာတော့ 95B နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အခုလိုဖေါ်ပြပေးထားပါတယ်၊ အချက်အလက်ရရှိချိန် မြန်မာစံတော်ချိန် – ၃-၅-၁၁ နေ့ နံနက် ၆နာရီခွဲဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ 95B ဟာ အရှေ့-အရှေ့မြောက်ဘက်ကို တစ်နာရီ ၇ မိုင်နှုန်းခန့်နဲ့ ရွေ့လျားခဲ့တာတွေ့ရပါတယ်။
03 May 2011 0000Z
Location: 13.8 91.4
Winds: 15 knots
Central Pressure: 1010 hPa
http://blog.mmweather.com/wp-content/uploads/2011/05/95B-07_03052011.jpg
ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ weather chart မှာတော့ အောက်ပါအတိုင်းတွေ့နိုင်ပါတယ် -
http://blog.mmweather.com/wp-content/uploads/2011/05/programs_uploads_maps_2011-05-03_TopChart_01.jpg
လေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့တယ် ၊ အားပျော့်ပျက်ပျယ်သွားပြီဆိုတာ ဝမ်းသာစရာ သတင်းတစ်ခုဖြစ်ပါတယ် ၊ NRL Monterey Marine Meteorology Division (Code 7500) Tropical Cyclone Page (Ver.4.47.03) မှာတင်ပြထားတဲ့ 95B သတင်းကိုလည်း မျက်ချေပြတ်လို့ မဖြစ် ဆက်ပြီးစောင့်ကြည့်နေရဦးမှာပါ၊ NRL မှ 95B တည်ရှိနေတဲ့ နေရာက တိမ်ထုဖြစ်ပေါ်မှု ဂြိုလ်တုဓါတ်ပုံကိုလဲ အောက်မှာ ဖေါ်ပြပေးထားပါတယ်၊ အဘဦးထွန်းလွင်ရဲ့ဆိုက်မှာ နောက်တစ်ကြိမ် လေဖိအားနည်းရပ်ဝန်းကြေငြာရင်တော့ သတိထားရမယ်ဆိုတာလဲ မှတ်သားထားရပါမယ်။ မြန်မာနိုင်ငံနဲ့ အနီးက ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တွေမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလဲ အခု မုန်တိုင်းရာသီ ရောက်လုနီးပြီ ဖြစ်တာမို့ ဆက်ပြီးစောင့်ကြည့်လေ့လာနေရဦးမှာပါ။ ရတဲ့ သတင်းအချက်အလက်တွေကိုလဲ ကျနော်တို့ ရနိုင်သလောက် စုဆောင်းတင်ပြပေးသွားမှာပါ။
click on image to view large size – 171kb
http://blog.mmweather.com/wp-content/uploads/2011/05/20110503.0230.meteo7_.x.vis1km_high.95BINVEST.15kts-1010mb-138N-914E.100pc-300x300.jpg
သတင်းရင်းမြစ်အား ဒီနေရာမှ ရယူသည်။ http://blog.mmweather.com/?p=926
No comments:
Post a Comment