၁။ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအခြေအနေ
အနောက်တောင် မုတ်သုံလေသည်၂၀၁၁ ခုနှစ်၊ ဇွန်လပထမ(၁၀)ရက်ပတ်တွင် ( မြန်မာ သက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နယုန်လဆန်းခန့်တွင် ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပါသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ပထမဆယ်ရက်ပတ် ( မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်းခန့် ) တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။
၂။ မိုးဦးကာလ ခန့်မှန်းချက်
မိုးဦးကာလသည် ၂၀၁၁ခုနှစ်၊ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင် ၀င်ရောက်သည့် နေ့မှ ဇွန်လကုန်ထိ ဖြစ်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် အတွင်း လေဖိအားနည်း ရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင် ပါသည်။ မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ရွာသွန်းမြဲအောက် လျော့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။
၃။ မိုးလယ်ကာလ ခန့်မှန်းချက်
မိုးလယ်ကာလသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။ မိုးရွာသွန်းမှု အခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ရွာသွန်းမြဲအောက်လျော့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲ ခန့်ရွာနိုင်ပါသည်။
၎။ မိုးနှောင်းကာလ ခန့်မှန်းချက်
မိုးနှောင်းကာလသည် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့် အတင့်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါ သည်။ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ် တို့တွင် ရွာသွန်းမြဲအောက်လျော့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။
၂၀၁၁ ခုနှစ်၊ မိုးဦးကာလ အတွက် မိုးလေ၀သခန့်မှန်းချက်
၁။ ၂၀၁၁ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း
၂၀၁၁ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၁၁ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါသည်။
၂။ ၂၀၁၁ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှု အခြေအနေ
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက် ဖွယ်ရာရှိပါသည်။
(က) မေလ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ
(ခ) မေလ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ
(ဂ) ဇွန်လပထမ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့်မြောက်ပိုင်းဒေသများ
၃။ ဘင်္ဂလားပင်လယ်အော်အခြေအနေ
မိုးဦးကာလသည် ၂၀၁၁ခုနှစ် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင် ၀င်ရောက်သည့်နေ့မှ ဇွန်လကုန်ထိ ဖြစ်ပါသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း လေဖိအား နည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။
၎။ မိုးအခြေအနေ
တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်း မြဲခန့် ရွာနိုင်ပါသည်။အနောက်တောင်မုတ်သုံလေသည် စတင်ဝင်ရောက်ချိန်တွင် နေရာ ကွက်ကျား ထစ်ချုန်းမိုးသက်လေပြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မုတ်သုံလေဝင်ရောက်ပြီး တစ်ပတ်ခန့်အကြာတွင် ထစ်ချုန်းမိုးသက် လေပြင်းဖြစ်စဉ်များ လျော့နည်းသွားတတ်ပါသည်။
သတင်းရင်းမြစ်အားဒီနေရာမှယူသည်။
http://www.moezala.gov.mm/index.php?option=com_content&view=article&id=9&Itemid=9&lang=my
No comments:
Post a Comment