Monday, 4 July 2011

Re: [Myanmar weather watch] 30-6-2011 နေ့ ၁၅း၃၀ နာရီ လေစီးကြောင်းများ တိမ်...

ဘ၀င်ကျ နေပါဘီ။   အာလူးတွေ ဝေ့လည်ချောင်ပတ် ပေးနေတဲ့ ဂရုမဟုတ်တာ သိပါဘီ။ ပို့စ်တွေ အားလုံးလဲဖတ်ပီးပါဘီ။ ဘာပဲဖြစ်ဖြစ် ဘီအက်စီ ရိုးရိုး မိုးဇလ လက်ရှိ ညွှန်ချုပ်ထက် တိုင်းပြည်က ပို အားကိုးရပါတယ်ဗျာ။
ကာ လု 05 July 04:15
ဘ၀င်ကျ နေပါဘီ။ အာလူးတွေ ဝေ့လည်ချောင်ပတ် ပေးနေတဲ့ ဂရုမဟုတ်တာ သိပါဘီ။ ပို့စ်တွေ အားလုံးလဲဖတ်ပီးပါဘီ။ ဘာပဲဖြစ်ဖြစ် ဘီအက်စီ ရိုးရိုး မိုးဇလ လက်ရှိ ညွှန်ချုပ်ထက် တိုင်းပြည်က ပို အားကိုးရပါတယ်ဗျာ။
Comment history
Myanmar Weather
Myanmar Weather30 June 12:38
ကိုကာလုရေ။ အရှေ့လေ ဆိုတာကြောင့် ဟိုရက်ပိုင်းတွေ က ပေးတဲ့ ခန့်မှန်းချက်တွေ လို မိုးဖွဲဖွဲ လေးတွေ ။ မိုးမှုန်မှုန်လေးတွေ ပဲ ရွာမယ် ဆိုတဲ့ ကိုကာလု ဘ၀င်မကျတဲ့ ခန့် မှန်းချက်တွေ မကြာခင် ပေးဦးမှာနော်။ ရေလည်း လာထည့်ရင် ၀ယ်ထားကြဦးနော်။ ပူလို့ ရေ ချိုးချင်ရင် ရေမရှီလို့ စိတ်တိုနေရဦးမယ်။
Myanmar Weather
Myanmar Weather30 June 12:31
အရှေ့ ပင်လယ် က မုန်တိုင်းတွေ အပီး ခုရက်ပိုင်းမှာ အနောက်လေ များ အလှည့် ပေါ်လာ မလားလို့ မျှော်လင့် ခဲ့ ပါသော်လည်း အရှေ့လေ သာ ဆက်လက်စိုးမိုးနေကြောင်း တွေ့ရပါတယ်။ မြေပြင်က ပေ ၅၀၀၀ ထိမှာတော့ တိမ်နိမ့်တွေ ကို သယ်ဆောင်မှု က အနောက်လေ/ အနောက်တောင်လေ/ တောင်လေ တို့ အသွင်နဲ့ ရံခါတိုက်ပီး များသောအားဖြင့်လေငြိမ် နေခဲ့ပါတယ်။ လေငြိမ် မှု ဆိုတာ တနာရီ ၅ မိုင်နှုန်းအောက် သာ အများအားဖြင့် တိုက်တာကို ဆိုလိုပါတယ်။
Myanmar Weather
Myanmar Weather30 June 12:31
အဓိက မြန်မာ့ ပင်လယ်ပြင်က ရေပေါ များစွာ သယ်လာပေးမဲ့ အမြင့်ပေ အလတ်လွှာ မှာ တိုက်တဲ့ လေစီး ကြောင်း က အနောက်တောင်လေ အစား အရှေ့လေ များ ဖြစ်နေတာ ပုံ မှာ မြင်ကြရတဲ့ အတိုင်းပါပဲ။ အရှေ့လေ များ က ကုန်းမြေကျယ် ကို ဖြတ်လာရတော့ ပါလာတဲ့ ရေငွေ့တွေ ကို မြန်မာပြည် မရောက်ခင် တရုတ် / လာအို/ ထိုင်း/ ဗီယက်နမ် တို့ ပေါ် မိုးရွာ ချ သင့် သလောက် ချခဲ့ကြရ တဲ့ အတွက် ရေ သိပ်မပါလာတော့ပါ။ နေပူလို့ ကုန်းမြေပေါ်က ယခင်ရက်များ က မိုးတွေ ကြောင့် ရှိနေတဲ့ ရေ တွေ အငွေ့ပြန် လို့ ဖြစ်လာတဲ့ တိမ်တွေ မို့ ထစ်ချုန်း မှုများ နဲ့ ပြန်ကျမိုးများ မွန်းလွဲ ပိုင်း ညနေ ပိုင်းတွေ ခဏ ရွာတတ်ပါတယ်။ ဇူလိုင် (၁) ရက် သစ်ပင်စိုက်ပျိုးရေးနေ့ မှာတော့ ၁-၇-၂၀၁၁ နေ့ နံနက်ပိုင်း ၄ နာရီက မွန်းတည့်ထိတော့ မြန်မာတပြည်လုံးမှာ နေရာကွက်ကြား မိုး ထစ်ချုန်းမှု များ အရှေ့ ပင်လယ်က လာတဲ့ ရေငွေ့တွေ ကြောင့် ရ နိုင်ပါတယ်။ ဒါဆိုလဲ နေ့ လည်ပိုင်း ကျမှ စိုက်ကြတာပေါ့ နော်။ ပျော်ပျော်ပါးပါးပေါ့။
Original post
Myanmar Weather
Myanmar Weather30 June 12:05
30-6-2011 နေ့ ၁၅း၃၀ နာရီ လေစီးကြောင်းများ တိမ် သယ်ဆောင်မှု

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment