၆-၄-၂၀၁၁ ည ၇း၃၀ တ၀ိုက် အခြေ အနေများ ။ မိုးတိမ် တောင် စု များတည်နေတဲ့ နေရာတွေ လေရူး သုန်သုန် မကပါဘူး။ လေပြင်း လေဆင်နှာမောင်း သတိထားပါ။ မိုး သိပ်မပါ ပဲ ဒေသ အလိုက် လေ ထန် နိုင်ပါတယ်။ စိုက်ဆင်း လေမုန်တိုင်း ဆိုတဲ့ ဝေါဟာရကတော့ မူရင်း ဘယ် ဝေါဟာရကို ဘာသာတီထွင် ပြန်ဆိုထားမှန်း မသိ အရင်က မကြားဘူးတော့ မသုံး တတ်သေးလို့ ခွင့်လွှတ်ပေးပါ။ မြန်မာ သတ်ပုံကျမ်းကြည့်ပါဦးမယ်။ မြင်ရတဲ့ အတိုင်း တိမ် လတ်တွေ ဖုံးနေ တဲ့ နေရာတွေ တော့ ရံ ဖန်ရံခါ နေပူ သက်သာ ပေမဲ့ လေထု အပူချိန်ကတော့ နွေ ပီပီသသ ပါပဲ။ မွန် တနင်္သာရီတိုင်းကတော့ မိုး က သံယောဇဉ် မကုန်သေးပဲ ရံဖန်ရံခါ ထစ်ချုန်းရွာပါမယ်။ ဒါပေမဲ့ နောက်ရက်တွေ တော့ ဟိုဖြစ်နေတဲ့ ပစိဖိတ်မုန်တိုင်း က ဟိုဘက်ကို ကျော ခိုင်းနေဘီ ဆိုတော့ သက်သာ မဲ့ အလားအလာပါ။ |
No comments:
Post a Comment