ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှ စတင်၍လေဖိအားနည်းရပ်ဝန်း ဖြစ်ခဲ့သည့် 95B နှင့် ၅-၅-၂ဝ၁၁ နေ့ မြန်မာစံတော်ချိန် ဝဝး၃ဝ နာရီ NRL data တွင် စတင် တွေ့ရှိရသည့် 96B တိမ် cluster တို့၏ data များကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် – cluster 95B သည် စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၁၈ဝ ကျော်ခန့်တွင် ဆက်လက် တည်ရှိနေပြီး – လွန်ခဲ့သော ၆ နာရီအတွင်းအနောက်မြောက်ဘက်သို့ တစ်ရီလျှင် ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။
cluster 96B သည် သိရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့မြောက်ဘက် မိုင် ၄၅ဝ ခန့်တွင် တည်ရှိနေပြီး လွန်ခဲ့ သော ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၄ မိုင်ခွဲခန့် ဖြင့် ရွေ့လျားခဲ့ပါသည်။ 95B နှင့် 96B တို့၏ ဗဟိုဖိအား Central Pressure မှာ 1010hPa အသီးသီးရှိနေကြသဖြင့် လေဖိအားနည်းရပ်ဝန်း အဖြစ် သတ်မှတ်ခြင်း မရှိသေးပါ၊ ဆက်လက်စောင့်ကြည့်၍ ၄င်းတို့ အရှိန်ကြောင့်ဖြစ်ပေါ်လာသော တိမ်တိုက်များ၏ ရွေ့လျားမှု အခြေအနေအရ မြန်မာနိုင်ငံအတွင်း မိုးများမည့်ဒေသများကို ကြိုတင်ခန့်မှန်း နိုင်ရန် ဖြစ်ပါသည်။
95B cluster
05 May 2011 0000Z
Location: 10.1 85.7
Winds: 15 knots
Central Pressure: 1010 hPa
96B cluster
05 May 2011 0000Z
Location: 17.7 91.8
Winds: 15 knots
Central Pressure: 1010 hPa
ယနေ့ နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန် ရရှိသည့် NRL data မှ တိမ်အစု cluster 95B နှင့် 96B တို့ တည်နေရာနှင့် ရွေ့လျားမှု အခြေအနေပြပုံ
http://blog.mmweather.com/wp-content/uploads/2011/05/5-5-2011-96B-01.jpg
ယနေ့နံနက် မြန်မာစံတော်ချိန် ၈း၃ဝ နာရီတွင် ရရှိသည့် METEO-7 VISIBLE ဂြိုလ်တုဓါတ်ပုံ ဖြစ်ပါသည်။ ဤပုံတွင် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းသို့ ဝင်ရောက်လျှက်ရှိသော တိမ်တိုက်ကြီးကို တွေ့မြင်နိုင် ပါသည်။ ၄င်းတိမ်တိုက်ကြီးမှ မိုးရေချိန်များများရွာနိုင်မည်ဟု ခန့်မှန်းရပါသည်။ 95B နှင့် 96B တို့၏ central pressure 1010hPa အောက်သို့ ဆက်လက် ကျဆင်းခြင်း မရှိသေးသဖြင့် လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်) မုန်တိုင်းဖြစ်လာနိုင်မည့် အခြေအနေ မရှိသေးကြောင်း သိရှိရပါသည်။
http://blog.mmweather.com/wp-content/uploads/2011/05/20110505.0200.meteo7_.x.vis2km.96BINVEST.15kts-1010mb-101N-857E.100pc.jpg
သတင်းရင်းမြစ်အားဒီနေရမှရယူသည်။
http://blog.mmweather.com/?p=970
No comments:
Post a Comment