ဂျပန်ငလျင်နှင့် ဆူနာမီဘေးသင့် ပြည်သူများအတွက် ဟောင်ကောင်မှ အကူအညီများကို စုဆောင်း ပေးပို့လျက် ရှိသည်။ ဟောင်ကောင်တွင် နေထိုင်သူ ဂျပန်မိခင်များ အကူအညီဖြင့် ဟောင်ကောင်ရှိ နိုင်ငံတကာမှ ကျောင်းသားများက ငလျင် ကူညီရေးရန်ပုံငွေနေ့ကို ကျင်းပခဲ့ကြပြီး ကျောင်းတွင်း ရန်ပုံငွေများကို ကောက်ခံခဲ့ကြသည်။
ဟောင်ကောင်ရှိ သြစတြေးလျ နိုင်ငံတကာကျောင်းမှ ကျောင်းသူကျောင်းသားများက ငလျင်ရံပုံငွေနေ့ အထိမ်းအမှတ် အနီနှင့် အနက်ဝတ်စုံများကို ၀တ်ဆင်ခဲ့ကြသည်။ ဂျပန်နှင့် နယူးဇီလန်၊ ခရိုက်စ်ချာ့ခ်ျမြို့များတွင် ဖြစ်ပွားခဲ့သည့် ငလျင်မှ ကျန်ရစ်သူများကို ကူညီအားပေးသည့် အထိမ်းအမှတ်နေ့ကို ကျင်းပကြခြင်းဖြစ်သည်။
ရန်ပုံငွေကောက်ခံနေသော ဟောင်ကောင်နိုင်ငံတကာ ကျောင်းသားများကျောင်းသားများက အိုရီဂါမီ စက္ကူခေါက်ချိုး ငှက်ရုပ်များကို ဖန်တီးပြုလုပ်ကြပြီး ၁၀ ဒေါ်လာစီ အလှူငွေများကို ထည့်ဝင်ကြသည်။
ကောင်စစ်ဝင်ချုပ်များအား နယူးဇီလန်နှင့် ဂျပန်ကျောင်းသားများက အကူအညီများကို ပေးအပ်ခဲ့ကြသည်။ ဟောင်ကောင်မြို့တွင် ရောက်ရှိနေသည့် နယူးဇီလန် ရက်ဘီ ဘောလုံးအသင်းကလည်း ပါဝင် ဆောင်ရွက်ခဲ့သည်။
သြစတြေးလျ နိုင်ငံတကာ ကျောင်းဖြစ်သော်လည်း ကျောင်းသား ၁၇ ဦးမှာ ဂျပန်အစစ် (သို့) ကပြားများဖြစ်ကြသည်။ သူတို့ကိုယ်တိုင်နှင့် မိသားစုဝင်များက တက်တက်ကြွကြွ ပါဝင် ကူညီ ပေးခဲ့ကြသည်။
သြစတြေးလျနိုင်ငံသားနှင့် လက်ထပ်ထားသည့် ရေကိုမန်ဒမ်မှာ ကျောင်းတက်နေသည့် သမီး ၃ ဦးရှိသည်။ အခြားသော ဂျပန်မိခင်များနှင့် အတူ ရန်ပုံငွေ ရှာသည့်နေ့တွင် ကူညီပေးခဲ့သည်။
"အချိန် တော်တော်များများမှာ အကူအညီ ကင်းမဲ့နေသလိုမျိုး ကျမခံစားရတယ်။ ဒါနဲ့ တစ်ခုခုလုပ်ဖို့ကို ရှာနေတာပါ။ သေးသေးလေးပဲဖြစ်ဖြစ်။ နည်းနည်းလောက် ကူညီခွင့်ပဲ ရရ။ ကျမတို့က ဂျပန်လူမျိုးတွေ မဟုတ်လား။ ဘယ်နေရာမှာပဲ နေနေ အတူတူ ရှိကြရမယ်လေ။"
နေ့တ၀က် အလှူငွေ ကောက်ခံကြရာတွင် ဟောင်ကောင် ဒေါ်လာ ၇ သောင်း ၈ ထောင် (USD 10,000) ခန့် ရရှိခဲ့ကြသည်။
ဂျပန် မျိုးဆက်သစ်များ အတွက်လည်း အဓိပ္ပါယ် ပြည့်ဝသော အတွေ့အကြုံ ရရှိခဲ့ကြသည်။
"ကျောင်းကနေပြီးတော့ ဂျပန်ကို ကူညီနိုင်ကြလို့ ကျနော် တကယ်ပဲ ၀မ်းသာမိပါတယ်။" ဂျပန်ကပြား ကျောင်းသားတစ်ဦးက ဆိုသည်။
အခြားတစ်ဦးကမူ "ဟုတ်ပါတယ်။ ငွေတွေအများကြီး ကောက်ခံပြီး ကူညီပေးနိုင်လို့ ကျနော်တို့ ၀မ်းမြောက်ဝမ်းသာ ခံစားရပါတယ်။" ဟု ပြောပြခဲ့သည်။
အလှူငွေများကို တစ်ပတ်လုံးလုံး ဆက်လက် ကောက်ခံကြမည်ဖြစ်သည်။
မောက္ခနိုင်ငံတကာသတင်း
Source: CNA/al
Tuesday, 22 March 2011 00:00
http://www.maukkha.org/index.php?option=com_content&view=article&id=1484:2011-03-24-07-57-33&catid=120:2010-10-11-07-37-22&Itemid=374
No comments:
Post a Comment