ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် မြောက်ပိုင်း တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာ နေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေရာကွက်ကျားမိုးဆက်လက် ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။
www.dmh.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my
No comments:
Post a Comment