Tuesday, 5 April 2011

[Myanmar weather watch] New doc: ၂၀၁၁ ခုနှစ် မေလ ပထမ(၁၅)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်

created the doc: "၂၀၁၁ ခုနှစ် မေလ ပထမ(၁၅)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်"
Aung Myin Oo created the doc: "၂၀၁၁ ခုနှစ် မေလ ပထမ(၁၅)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်"

မေလပထမဆယ်ငါးရက်ပတ်ဟာ ရာသီကာလအားဖြင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီင်္ ကာလရဲ့ နောက်ဆုံးကာလ ဖြစ်ပါတယ်။ ဒီကာလပြီးတာနဲ့ မိုးကြိုရာသီကာလဟာ ကုန်ဆုံးတော့ မှာဖြစ်ပါတယ်။

 

အကြောင်းကတော့ ဧပြီလ(၁၅)ရက်ကစပြီး မေလ(၁၅)ရက်နေ့အထိ ကာလဟာ မိုးကြိုကာလ ဖြစ်ပါတယ်။ အခုဆိုရင် ဧပြီလကစပြီး မေလအထိ လာနီညာရာသီဥတု ဆက်လက် ရှိနေဦးမယ်လို့ နောက်ဆုံးလေ့လာ ဆန်းစစ်ချက်တွေက ထုတ်ပြန်ထားလေတော့ ဧပြီလ ဒုတိယ (၁၅)ရက်ထက် မေလပထမ(၁၅)ရက်ဟာ ရာသီဥတု ပိုမိုပြင်းထန်နိုင်မှုအနေနဲ့ တစ်ဆင့်တိုး လိုက်တဲ့ သဘောရှိနေပါတယ်။ ဒီကာလအတွင်း ဧပြီ-မေလတို့ရဲ့ အခြေခံပူပြင်းမှုရယ်၊ လာနီညာရာသီဥတုရဲ့ စိုထိုင်းမှုရယ် ပေါင်းစပ်မိရင် ဖြစ်လာနိုင်တာကတော့ ရာသီဥတု ပြင်းထန်မှုကို ဖြစ်စေတဲ့ မိုးတိမ်တောင်တွေ ပိုအဖြစ်များလာဖို့ရှိနေပါတယ်။

 

မုတ်သုန်လေ အနေနဲ့တော့ အခုနောက်ပိုင်းနှစ်တွေအတိုင်း နောက်ကျဝင်ရောက်ဖွယ်ရာဘဲ ရှိပါတယ်။ ဒါပေမယ့် ဒီမေလပထမ(၁၅)ရက်အတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို စတင်ဝင်ရောက်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီကာလအတွင်း မုတ်သုံလေ၀င်ရောက်ခြင်း နဲ့အတူ လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း တိုက်တာတွေ ပိုသတိထားရပါလိမ့်မယ်။ ဒီဖြစ်ရပ်တွေကို အထူးသဖြင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ရန်ကုန်တိုင်းတွေမျာ ပိုသတိထားရပါ့မယ်။ အဲဒါတွေအပြင် မေလပထမဆယ်ရက်ပတ်အတွင်း အရေးကြီးဆုံးသတိထားရမယ့်အရာကတော့ လေဖိအားနည်းရပ်ဝန်းတွေကတဆင့် ဖြစ်လာနိုင်တဲ့ မုန်တိုင်းတွေဖြစ်ပါတယ်။ အထူးသဖြင့် ဧပြီလ(၁၅)ရက်မှ မေလ(၁၅)ရက်ဟာ မြန်မာနိုင်ငံရဲ့ ပထမ မုန်တိုင်းရာသီဖြစ်တာကြာင့် ဒီကာလမှယဖြစ်တဲ့ မုန်တိုင်းတွေကို အထူးဂရုစိုက်ဖို့လိုပါတယ်။

 

မေလ ပထမ(၁၅)ရက်အတွင်းမှာ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အနေနဲ့ ကတော့ တနင်္သာရီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်မှာ (၁၀)ရက်မှ (၁၂)ရက်ခန့်၊ ကချင်ပြည်နယ်မှာ (၈)ရက်မှ (၉)ရက်ခန့်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ (၆)ရက်မှ (၇)ရက်ခန့်၊ ကျန်ဒေသများမှာ (၃)ရက်မှ(၄)ရက်ခန့် မိုးရွာသွန်းနိုင်ပါတယ်။ မွန်းလွဲညနေပိုင်းအချိန်တွေမှာ ထစ်ချုန်းတဲ့အခြေအနေတွေဖြစ်လာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်ပါတယ်။ နေ့အပူချိန်များ အနေနဲ့ကတော့ ၂၀၁၁ ခုနှစ်ရဲ့ လာနီညာဟာ လုံးဝ မကုန်ဆုံးနိုင်သေးတဲ့အတွက် အပူချိန်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာတော့ ဖြစ်မြဲအောက် အနည်းငယ် လျော့နည်းနိုင်ပါတယ်။ အပူချိန်တွေဟာ ကျန်ဒေသတွေမှာ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ မြေလတ်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ ဖြစ်မြဲ ခန့်သာရှိနိုင်ပြီး၊ အပူဒဏ် သက်သာရာရနိုင်ပါတယ်။

 

နေ့အပူချိန်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို (၄)ပိုင်းခွဲခြားပြောနိုင်ပါတယ်။ ပထမအပိုင်း ကတော့ ခါကာဘိုရာဇီတောင်ကုန်းဒေသ         20°C ± 2° C ခန့်၊ ကချင်ပြည်နယ် အရှေ့မြောက် ပိုင်း 28°C  ± 2° C ခန့်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်  32°C   ± 2° C  ခန့် နဲ့ ကျန်ဒေသများ မှာ 38°C  ± 2° C  ခန့်ရှိနိုင်ပါတယ်။

 

          မေလ ပထမ(၁၅)ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ရာက ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင်မှာ  တိမ်အသင့်အတင့်မှ တိမ်ထူထပ်စွာ ဖြစ်ထွန်းနိုင်ပါတယ်။

 

သတင်းရင်းမြစ်အားဒီနေရာမှယူသည်။

http://www.tunlwin.com/latestdetail.php?myanmar=284


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment