ဒီနှစ် မိုးကျ စော မည် ဆိုသံ ကြားလေရာ ကုန်သည် လေ ခေါ် မုတ်သုန်လေ ခေါ် အနောက်တောင် လေကြောင်း သည် စောစော ရောက် မရောက် ကို ပြောကြပါစို့။ မိုး ကတော့ ဒီနွေမှာ လာနီ ညာ ကြောင့် ရွာ နေ ပါမည် ဆိုတာ ဒေါက်တာ ဦးထွန်းလွင်က အစောကြီးထဲ က ခန့်မှန်း ချက် ပေးထား သည့် အတိုင်း ဖြစ်လာပါ ဘီ။ ရှေးရိုး ဓလေ့ နည်း အရ မှာ ဆင်နှာမောင်း ပင်၏ နှာမောင်း က အပွင့် အနဲ အများ ကို ကြည့် ပီး မိုးဦး မိုးလယ် မိုးနှောင်း ကောင်းမကောင်း ခန့် မှန်းကြပါသည်။ မိမိဘာသာ ကြည့် ကြပါတော့။ သပြေကြီး ပင် က အသီးတွေ ဟာ ခါတိုင်း ဧပြီ လဆန်းမှာ တချို့ စမှည့် ပါဘီ။ ယခုတော့ ဧပြီ လဆန်း တစ်ရက်နေ့မှာ အကင်းတောင် မစုံ သေးပါ။ နောက်ကျ နေသည်။ သပြေကြီး ပင် က အသီးတွေ အားလုံးကြွေ ပီး မှ မုတ်သုန်လေကြောင်း က လာ ပါသည်။ မိုးကတော့ တခြား အကြောင်းနဲ့ ရွာချင်လဲ ရွာမှာပါ။ စောင့် ကြည့် ကြသေးတာပေါ့ ။ |
No comments:
Post a Comment