Friday 8 July 2011

08-07-2011 နေ့ မြန်မာ စံတော်ချိန် ၁၄း၃၀ နာရီ...

မြင်တဲ့ အတိုင်း အရှေ့လေ များကပဲ မြန်မာ့ကောင်းကင်ယံ ကို စိုးမိုးနေပါတယ်။ တရုတ်ပြည်က နွေဦး Mai-U ရာသီ က တိမ်စုတွေ ရှမ်းပြည်နယ်နဲ့ ကယား ပြည်နယ်ပေါ်ကို ရောက်ခါစ  တိမ်စု ဟာ ဒီည မှာ မြန်မာပြည် အလယ်ပိုင်းနဲ့  ရန်ကုန်တိုင်း ။ မြစ်ဝကျွန်းပေါ်တို့ပေါ် ဖြတ်ကျော်ရောက်လာမှာပေမဲ့ ပေ ၃၀၀၀၀ ကျော်က တိမ်တွေ မို့ မိုး၇ွာ ဘို့ ခက်ပါတယ်။ ရခိုင် ကမ်းရိုးတန်းကို ဒီည သန်းခေါင်ကျော် ကျ ရောက်ရှိ ကြတဲ့ အခါမှ မိုးရွာချကြပါလိမ့်မယ်။ မြန်မာတပြည်လုံးတော့  အများအားဖြင့် မြေပြင်လေ လေငြိမ်နေပါတယ် ။ ဒီတော့ ပူ ပါတယ်။ Chat မှာ အယ်လ်နီနိုလား မေးလာနေကြပါတယ်။ ပူတာနဲ့ ပဲ အယ်လ်နီနိုလားတော့  မဖြေတတ်ပါဘူး။ တောပြုန်းလို့ ပူခဲ့တာကြာပါဘီ။ ပူတာနဲ့ ပဲ အယ်လ်နီနို ဆို ပီး ရာသီဥတုပေါ် ပုံ ချ ရရင်တော့  တောပြုန်းအောင် စည်းကမ်းမဲ့တဲ့ သူတွေ ကို ဖေးမရာ ရောက် ပါတယ်။ ကျွင်္နုပ်တို့  ကြားဘူးသလို ပြောဆိုရရင်တော့ ရေပူရေစီးကြောင်း ကြီးပေါ်လာ ခြငိးသည်သာ အယ်နီနိုပါ။ အယ်နီနို ရေပူရေစီးကြောင်း ကြီး ယခုပေါ် လာနေသလား/ ပေါ်လာရမည့် ပတ်လည်နှစ်လား ဆိုတာတော့  သတင်း ပညာရှင် များက ပေါ်တာနဲ့  တင်ပေးကြပါလိမ့်မယ်။ အိုင်တို့လဲ အတူတူပဲ စောင့်ဖတ်ကြပါမယ်။ ခုပူတာကတော့   တောပြုန်း ကုန်လို့ဆိုတာ ကတော့ သေချာပါတယ်။
Myanmar Weather 08 July 11:27

Original post
Myanmar Weather
Myanmar Weather08 July 11:04
08-07-2011 နေ့ မြန်မာ စံတော်ချိန် ၁၄း၃၀ နာရီ အခြေအနေ ။ တိမ်များကို သယ်သော လေစီးကြောင်းပုံ နှင့် အရှေ့ပင်လယ်က လေဖိအားနည်း ဇုံ ၂ ခု

No comments:

Post a Comment