Saturday 9 July 2011

New photo

အရှေ့ ဘက်ကလေတွေ ဟာ ဘင်္ဂလား ပင်လယ်နဲ့ ကပ္ပလီ ပင်လယ် ထဲ က နေပူလို့ ဖြစ်လာတဲ့ ရေ ခိုး ရေ ငွေ့တွေ ကို မြန်မာ့ ကုန်းမြေပေါ် အ၀င်မခံ ပဲ ပင်လယ်ထဲ ကို ပြန်တွန်းပို့နေပါတယ်။ဖိလစ် ပိုင် နိုင်ငံနား အရှေ့ ပင်လယ် သမုဒ္ဒရာက လေဖိအားနည်း ဇုံ က အလယ်အလတ် အဆင့် မှာ ရှိနေပါတယ်။ ၄င်း က လာမဲ့ ရေ ခိုးရေငွေ့တွေ ဟာ အာရှတိုက် ကုန်းမြေပေါ်ကို တော့ လာနေပါတယ်။ ယနေ့မွန်းတည့် ကနေ နောက် ၁၅ နာရီ ကျလောက်ကျရင်တော့ မြန်မာပြည် အောက်ပိုင်း ဒေသတွေ ကို ရောက်လာ နိုင်ပါတယ်။ အဲဒီမိုးကို မျှော်ကြ ပါစို့။ ။ ယခုတော့ တိမ် မြင့် တိမ်လတ်တွေ ဖြစ်ထွန်းမှု နဲ့ တိမ်တောင် အသေးတွေ ဖြစ်ထွန်းမှု တွေ ကုန်းမြေမှာ ရှိပေမဲ့ ညနေစောင်း ကျမှ ပြန်ကျမိုးတွေ ရွာ နိုင်ပါတယ်။ ပြန်ကျမိုးတွေ ရွာဘို့ ကလဲ မြေမြင်နားက လေတွေ အေးနေမှနော်။ ဒါကလဲ သစ်ပင်ရှိရင် ရှိ ။ ဒါမှ မဟုတ် မြေပြင် မှာ အနောက်လေ က တနာရီ ၁၀ မိုင်လောက် တိုက်မှ အေးမှာ။ မိုးတိမ်တောင် အကြီးစားဖြစ်ရင်တော့ ခဏ မိုးသက်လေပြင်း ကျနိုင်ပါတယ်။
Myanmar Weather 10 July 06:07

Original post
Myanmar Weather

No comments:

Post a Comment