Thursday, 24 March 2011

Re: [Myanmar weather watch] By ဒီမို ဖက်တီး လေပြင်းကျရောက်လို့...

Comment history
Ei Aye
Ei Aye24 March 04:30
Bro where do u get this information ? U tun lwin website on 22 .03 .10 ဟိုင်ကြီးကျွန်းတွင် လူ(၇၀၀)ခန့် သောင်တင်နေခဲ့ကြောင်း ကြားသိရပါသည်။ တပ်မတော်ရေယာဉ်မှ လူ(၆၀၀)ခန့်၊ အခြားငါးဖမ်းရေယာဉ်များမှ လူ(၂၀၀)ခန့် ဆယ်ယူရရှိခဲ့ပါသည်။ ရေမျောသွားသူများတို့သည် ကျိုက္ခမီ၊ ရေး၊ ကိုကိုးကျွန်းများအထိ မျောပါသွားခဲ့ကြကြောင်း ကိုလည်း ကြားသိရပါသည်။

ယခုအချိန်အထိ လူပေါင်း(၁၀၀၀)ခန့်ကိုမူ ပြန်လည်ဆယ်ယူမရရှိသေးကြောင်းသိရပါသည်။
Original post
Ye Thurein Min
Ye Thurein Min24 March 04:01
By ဒီမို ဖက်တီး
လေပြင်းကျရောက်လို့ ဖောင်ပျက်စက်လှေပျက်တာကြောင့် လူပေါင်း ၇၀၀၀ ကျော် ပင်လယ်ထဲ မျောနေခဲ့တာ အခုမှ ၃၀၀၀ ကျော်ဘဲဆယ်လို့ရသေးတယ်။ ကျန်တဲ့ ၄၀၀၀ က ဘယ်ရောက် နေမှန်း မသိဘူး။ ဖျာပုံဘက်မှလည်း ရွာတွေပျက် လူတွေသေတယ်။

ယိုးဒယားလို နိုင်ငံတွေက မြန်မာပင်လယ်ပြင်မှာ လေပြင်းကျရောက်နိုင်တယ်လို့ ရုပ်သံတွေမှာ ကြေငြာနေပေမယ့် မြန်မာနိုင်ငံတွင်းမှာတော့ ဘယ်ကမှ ကြေငြာပါဘူး။ ဒါ့ကြောင့် ဒီကိစ္စမှာ မိုးဇလရော ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရော .............

စိုက်ဆင်းလေပြင်းကြောင့် ငါးဖမ်းစက်လှေနှင့် ပုစွန်ဖမ်းကျားဖောင်များ ပျက်စီးကာ ပျောက်ဆုံးနေသည့် ရေလုပ်သား အရေအတွက် ဖျာပုံခရိုင် တခုအတွင်းပင် လေးထောင်ထက် မနည်းရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment