ပဲခူးမြစ် ရေကြီးမှုသည် ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးလာခဲ့သည်။ မြစ်ရေကြမ်းပြင် မြင့်တက်နေသည့် မြစ်ထဲတွင် ပဲခူးမြစ်သည်လည်း အပါအဝင် ဖြစ်ပြီး ရေအနက် ၁၅ ပေခန့်သာရှိပြီး မြစ်အကျယ်မှာ ယခင်က ပေ ၃၀၀ ခန့် ရှိသော်လည်း ရန်ကုန် မြစ်ဝ အဝင်တွင် ပေ ၅ဝခန့်သာ ရှိတော့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောထားသည်။ ပဲခူးရိုးမတောရှိ သစ်ပင်များကို အဆမတန် ခုတ်ယူ အသုံးပြု နေခြင်းကြောင့် မြစ်အောက်ဘက်ပိုင်းရှိ မြေပြန့် စိုက်ပျိုးခင်းများတွင် ရေကြီးရေလျှံ ဖြစ်နေခြင်း ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း - FREDA မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က ပြောသည်။ ပဲခူးမြစ် ရေလျှံတက်မှုကြောင့် ပဲခူးတိုင်း ကဝမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်တွင် ရေကြီးမှု ဖြစ်ပွားလျက် |
No comments:
Post a Comment