ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အရှေ့လေ စီးကြောင်း ဟာ အားကောင်းနေပါတယ်။ အရှေ့လေ က မြန်မာ့ ကုန်းမြေ က ရေငွေ့တွေ ကို ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော် ထဲ မောင်းထုတ် နေတော့ ပင်လယ်ရေနဲ့ ကုန်းမြေ နယ်စပ် မြန်မာ့ကမ်းရိုးတန်းဒေသ ရခိုင်ကမ်းရိုးတန်း နဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ ရခိုင်ကမ်းရိုးတန်း နဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။ မွန် - တနင်္သာရီ ကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှို်င်းအသင့်အတင့် (၂-၃ မီတာ သို့မဟုတ် ၇ - ၁၀ ပေ) အထိ ရှိနိုင် ပါတယ်။ အရှေ့လေ အားဆက်ကောင်း မှာကြောင့် ပင်လယ်ပြင်မှာ ရေလှို်င်းတွေကြီးမှုဟာ နောက်ထပ် ရက်အတော်အတန် ကြာသည်အထိ ဆက်လက် ရှိနေလိမ့်ဦး မယ် လို့လည်း ခန့်မှန်းပါတယ်။
No comments:
Post a Comment