Sunday, 19 June 2011

Re: [Myanmar weather watch] လေပြင်းတိုက်ခတ်မှု နှင့် လှိှု်င်းကြီးမည့် သတိပေးချက်

(၁၉-၆-၂၀၁၁ရက် နံနက် ၀၆း၄၅ နာရီအချိန်) က ထုတ်ပြန်ထားတာပါ။ ကျနော် လူရော စက်ရော သိပ်နေမကောင်းလို့  တင်ပေးတာ နောက်ကျသွားပါတယ်။
Aung Myin Oo 19 June 11:58
(၁၉-၆-၂၀၁၁ရက် နံနက် ၀၆း၄၅ နာရီအချိန်) က ထုတ်ပြန်ထားတာပါ။ ကျနော် လူရော စက်ရော သိပ်နေမကောင်းလို့  တင်ပေးတာ နောက်ကျသွားပါတယ်။
Original post
Aung Myin Oo
Aung Myin Oo19 June 11:45
လေပြင်းတိုက်ခတ်မှု နှင့် လှိှု်င်းကြီးမည့် သတိပေးချက်

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပါတယ်။ ဒါကြောင့် မုတ်သုံလေ လာရာကို မျက်နှာပြုနေကြတဲ့ မြန်မာ့ကမ်းရိုးတန်းဒေသ အထူးသဖြင့် တောင်တန်းများရှိနေကြတဲ့ ရခိုင်ကမ်းရိုးတန်း နဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။ ဒါကြောင့် ရေကြီးမှု၊ တောင်ပြိုကျမှု ကို ဖြစ်စေနိုင်တဲ့ မွန်-တနင်္သာရီ ကမ်းရိုးတန်းဒေသ မှာ နေထိုင်ကြသူတွေ အနေနဲ့ (၁၉-၆-၂၀၁၁) ရက်နေ့ မှာ အထူး သတိရှိရန် လိုအပ်ပါတယ်။
မွန် - တနင်္သာရီ ကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှို်င်းအသင့်အတင့် (၂-၃ မီတာ သို့မဟုတ် ၇ - ၁၀ ပေ) အထိ ရှိနိုင် ပါတယ်။ ပင်လယ်ပြင်သွား သင်္ဘောများ အားလုံး သတိထားပြီး သွားလာရန် လိုအပ်ပါတယ်။ သင်္ဘောငယ်များ အနေနဲ့ ပင်လယ်ပြင်ကို ဝေးဝေး သွားလာခြင်းကို ရှောင်ကြဉ်ကြပြီး၊ ပင်လယ်ကမ်းနဲ့ အနီးတ၀ိုက်မှာသာ သွားလာကြရန် အကြုံပြု လိုပါတယ်။ ပင်လယ်ပြင်မှာ ရေလှို်င်းတွေကြီးမှုဟာ နောက်ထပ် ရက်အတော်အတန် ကြာသည်အထိ ဆက်လက် ရှိနေလိမ့်ဦး မယ် လို့လည်း ခန့်မှန်းပါတယ်။
Dr.Tun Lwin - MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment