အဓိက မြန်မာ့ ပင်လယ်ပြင်က ရေပေါ များစွာ သယ်လာပေးမဲ့ အမြင့်ပေ အလတ်လွှာ မှာ တိုက်တဲ့ လေစီး ကြောင်း က အနောက်တောင်လေ အစား အရှေ့လေ များ ဖြစ်နေတာ ပုံ မှာ မြင်ကြရတဲ့ အတိုင်းပါပဲ။ အရှေ့လေ များ က ကုန်းမြေကျယ် ကို ဖြတ်လာရတော့ ပါလာတဲ့ ရေငွေ့တွေ ကို မြန်မာပြည် မရောက်ခင် တရုတ် / လာအို/ ထိုင်း/ ဗီယက်နမ် တို့ ပေါ် မိုးရွာ ချ သင့် သလောက် ချခဲ့ကြရ တဲ့ အတွက် ရေ သိပ်မပါလာတော့ပါ။ နေပူလို့ ကုန်းမြေပေါ်က ယခင်ရက်များ က မိုးတွေ ကြောင့် ရှိနေတဲ့ ရေ တွေ အငွေ့ပြန် လို့ ဖြစ်လာတဲ့ တိမ်တွေ မို့ ထစ်ချုန်း မှုများ နဲ့ ပြန်ကျမိုးများ မွန်းလွဲ ပိုင်း ညနေ ပိုင်းတွေ ခဏ ရွာတတ်ပါတယ်။ ဇူလိုင် (၁) ရက် သစ်ပင်စိုက်ပျိုးရေးနေ့ မှာတော့ ၁-၇-၂၀၁၁ နေ့ နံနက်ပိုင်း ၄ နာရီက မွန်းတည့်ထိတော့ မြန်မာတပြည်လုံးမှာ နေရာကွက်ကြား မိုး ထစ်ချုန်းမှု များ အရှေ့ ပင်လယ်က လာတဲ့ ရေငွေ့တွေ ကြောင့် ရ နိုင်ပါတယ်။ ဒါဆိုလဲ နေ့ လည်ပိုင်း ကျမှ စိုက်ကြတာပေါ့ နော်။ ပျော်ပျော်ပါးပါးပေါ့။ |
No comments:
Post a Comment