Monday, 13 June 2011

Re: [Myanmar weather watch] 13-6-2011 နေ့ ၁၄း၃၀ နာရီ လေစီးကြောင်း နှင့်...

ယခု တော့ အင်ဒီးယား အနောက်ကမ်းခြေ နားက က မုန်တိုင်း က မုတ်သုန် လာမဲ့ လမ်း ကို ဖြတ်နှောက် နေပါတယ်။ မုတ်သုန်လေကြောက  အာရေဗျ ပင်လယ်ကွေ့ က နေ တရုတ်ကုန်းမြင့် ကို  စီးဆင်းတဲ့ လမ်းပါ။ တိမ်မြင့် တိမ်လတ်တွေ ကို  သယ်လာတဲ့ အရှေ့လေတွေ က တော့ ဘင်္ဂလား ပင်လယ် ပင်လယ် မြောက်ပိုင်းထိ တောင်ဖုံးနေပါတယ်။ မြေပြင်မှာ အနောက်လေ တိုက် တာ ကို တခါတရံ တွေ့ ရ ပေမဲ့  အမြင့်ပေ အလတ် နဲ့ အမြင့် က တိမ်တွေ က ရေ သယ် နိုင်တဲ့ စွမ်းရည် ကို လျစ်လျူ ပြု လို့ ကတော့ လှေ နံ ဓါးထစ် ပါပဲ၊ အမြင့် က တိမ်တွေ နိမ့်ဆင်းလာရင် တိမ်နိမ့်ဖြစ်ပီး မိုးရွာ နိုင်တယ်လေ။ အရှေ့လေ လမ်း က ယခင်နေ့ များ က တင်ပြခဲ့ သလို 20° N ရဲ့ အောက်ပိုင်း ကို စိုးမိုးနေဆဲပါ ပဲ။ အရှေ့လေ က မိုး မပါ ဘူးလား ဆိုတော့ ပါ ပါတယ်။ ဒါပေမဲ့ လေ တိုက်နှုန်း အားပျော့ရင် မိုးရေ တွေ က မြန်မာပြည် မရောက်ခင် အရှေ့ တိုင်းပြည်တွေ က တောင် တန်းတွေ က ဆီး သဲ့ ထား လို့  ရေ သိပ် မပါလာတော့ ပါ။ ယခုရက်ကတော့  ယခင်ရက် များက ၇ွာထားတဲ့ မိုးရေ တွေ လဲ ကုန်းမြေမှာ တင်ကျန်နေတော့  ပြည်ပက တင်သွင်းတဲ့ ရေ ငွေ့နဲ့ ပြည် တွင်း က အငွေ့ ပြန်တဲ့ ရေ ငွေ့ နဲ့ ပေါင်း ပီး ၀ုန်းဝုန်း ဒိုင်းဒိုင်း မိုးတွေ ခေတ္တခဏ ရွာ ပါမယ်။ ပီးတော့  ပြန်ပူပြန်ရော။ ယခင်ရက် ပိုင်း လိုတော့ မိုး မသေးတော့ ပါ။ မိုးပေါက်ကြီး လာ မိုးရေ များလာ ပါမယ်။ မြန်မာပြည် အောက်ပိုင်း ဟာ အရှေ့လေက  မဆုတ်သရွေ့  မိုးဦးကျ ရာသီ ဆန်ဆန် ဖြစ်စဉ်တွေ တွေ့နေရ ဦးမှာပါ။ ကျွန်ုပ်တို့  တင်ပြပေးသော ဂြိုဟ်တု မှ ပုံများ ကို ကြည့် နိုင်ပါတယ်။  ဂြိုဟ်တု ကတော့  မမှား နိုင်ပါ။
Myanmar Weather 13 June 11:06

Original post
Myanmar Weather
Myanmar Weather13 June 03:28
13-6-2011 နေ့ ၁၄း၃၀ နာရီ လေစီးကြောင်း နှင့် ရေငွေ့ အခြေအနေ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment