ဘင်္ဂလားပင်လယ် အော် က လေဖိအားနည်း ရပ်ဝန်းက ပိုမို အားကောင်းလာပါတယ်။ ဒါရဲ့ အားကြောင့် မြန်မာပြည်အောက်ပိုင်းကို ရက်ရှည် စိုးမိုးခဲ့တဲ့ အရှေ့လေ ဟာ တနင်္သာရီတ်ုင်း ပေါ်မှသာ ဖြတ်သန်း ပီး ကပ္ပလီ ပင်လယ်ကို စိုးမိုးထားပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတိတိုင်း မွန်ပြည်နယ်၊တို့ ရဲ့ နဲ့ အထက်ပိုင်း ဒေသအားလုံး ဟာ အနောက်လေများ နေရာ ရလာပါတယ်။ ဒီလို ခု အနောက်လေ နေရာ ရ လာတာ ၁၇-၆-၂၀၁၁ လို့ မှတ်သားထားပါမယ်။ အရှေ့ပင်လယ်က ပုံမှာ မြင်နေရတဲ့ လေဖိအား နည်းဇုံများ ကလဲ ရှိနေဆဲ မို့ မိုး တိမ်များ ဟာ မြန်မာတပြည်လုံး အချိန်တော်တော်များများ ဖုံးနေပါမယ်။ နောက် ၃ ရက် အနဲဆုံး မိုး ကလဲ ကောင်းကောင်းရွာပါမယ်။
No comments:
Post a Comment