မြန်မာပြည် အထက်ပိုင်းကို အနောက်လေ က ဆက်လက် သိမ်းပိုက်ထားနိုင်နေသည်ဖြစ်ရာ မြန်မာပြည် အထက်ပိုင်း မိုးရာသီ ကျရောက်ပီ ဟု ဆိုနိုင်ပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကယား၊ ကရင် ၊မွန် တနင်္သာရီ တို့ပါဝင်သော မြန်မာနိုင်ငံ အောက်ပိုင်း ၊ ဘင်္ဂလားပင်လယ် အော် တောင်ပိုင်း ၊ ကပ္ပလီ ပင်လယ်ပြင်တို့ ကို အရှေ့ လေက သာ စိုးမိုးနေပါသည်။ တောင်တရုတ်ပင်လယ်မှာ လေဖိအညားနည်း ဇုံလေး တခု ပျိုးနေပါသည်။ ထို့ကြောင့် မြန်မာပြည် အောက်ပိုင်းသည် မုတ်သုန်လေ မရ သေးပါ။ တပြည်လုံး ကတော့ အများအားဖြင့် တိမ် ပါးပါး ဖြစ်နေ ပီး အပူတော့ သက်သာပါမည်။ မိုးတိမ်တောင်တွေ တွေ့ နေရသော်လည်း ပင်လယ်က ပါလာသော ရေငွေ့တွေ မဟုတ်ရာ ရေငွေ့ ထောက်ပို့ မရှိသဖြင့် ယခင်ရက်များက ဆို ခဲ့ သလိုပဲ မိုးရေ တော့ သိပ်မရပါ။ မိုးရည် အသင့်အတင့် ရပါမည်။ |
No comments:
Post a Comment