မုတ်သုန် ရာသီ ကူးပြောင်းမည့်    အချိန် အတိအကျ   နက္ခတ်နည်း  (    အမရ ပူရ  မြို့   အတွက်  စံထား တွက်ထားသည်)
 ခရစ်နှစ်  ၃၁-၅- ၂၀၁၁ ။   မြန်မာ သက္ကရာဇ် ၁၃၇၂ ခု ကဆုန်လပြည့်ကျော် ၁၄ ရက်  အင်္ဂါနေ့  အခါ သမယ တွင်  နေစီး  ၄၅ အံသာ ၁၇  လိတ္တာ   ရောက်ချိန်   ကြတ္တိကာ နက္ခတ် ( ဖျောက်ဆိပ် ကြယ်စု)  ထွန်းလင်းတောက်ပချိန်  ၂၃ နာရီ ၁၅ မိနစ် ၄၃ စက္ကန့် တွင်   အမရ ပူရ  မြို့  အတွက် မုတ်သုန်ရာသီ ကူးပါမည်။
ထို့ပြင်  နေစီး  ကြတ္တိကာ နက္ခတ် ( ဖျောက်ဆိပ် ကြယ်စု)  ၃ လုံး ၁ ပါဒ် ( မိဿရာသီ ) မှ ၃ လုံး ၂ ပါဒ် ( ပြိဿ ရာသီ ) သို့ ကူးပြောင်းခြင်း ။  လစီး ၀ိသာခါ နက္ခတ် ၁၆ လုံး ၃ ပါဒ် ( တူရာသီမှ )  ၁၆ လုံး ၄ ပါဒ် ( ဗြိစ္ဆာ ရာသီ ) သွှို ကူးပြောင်းခြင်း လည်းကျရောက်နေသဖြင့် နက္ခတ် ရာသီ ဥတု နေမင်း ဟူသော အကြောင်း ၄ ပါးလည်း  ညီ ညွတ်မှန်ကန်ပါသည်။
  ယခင် လူ ဘ၀ က နက္ခတ် ပညာရှင်  ယခု အရှင် ပညာသာရ (လှည်းကူး )  က    ကျွန်ုပ်တို့  လျောက်ထား သဖြင့်    တိုင်းရင်း ဆေး   နိုင်ငံတော်  ပြဌာန်း ချက် နက္ခတ္တ နယ မူ ဖြစ်သော အာဒိ ကပ္ပ ဒွာဒရာ သီ ကျမ်း ၊ ကျုံ ယှ နက္ခတ် ကျမ်း   တို့နှင့် ၄င်း  ခရစ်ရှနားမူတီး မူတို့ နှင့်  သုံး စွဲ တွက်ထုတ်  ပေးထားပါသည်။   ယခု  မိုးရာသီ တာ ရွာ သွန်းမည့်   မိုးရေ ထုထည် ကို   တင်း ( ယူနစ် ) နှင့် မကြာမီ   ဖေါ်ပြပေးသွားပါဦးမည်။
No comments:
Post a Comment