Saturday, 4 June 2011

Re: [Myanmar weather watch] တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ၊...

Learners Choice မှဒေါက်တာစိုးဝင်း ဦး(ဇီဝဗေဒ) ကို လူသိအောင် ကျူရှင်ကြော်ငြာ လာထိုးထားတာလား ။ ကျနာါတော့် သှူုမသိဘူး။ ဒီ ဂရုက သဘာဝဘေးနဲပ ပဲ ဆိုင်တာလေ။  ခုလို မူတ်သုန် တကယ် ၀င် မ၀င် ပြည်သူတွေ သ့သယ ပွားနေချိန်မှာ မဆိုင်တဲ့ သတင်းတွေ ဂရုတွေ မှာ လာတင်တာ မကောင်းပါ။ မဆိုငိတဲပ သတင်းတွေ က အရီုးကို အရွက်လာဖုံးနေရင်  မိုးလေ၀သ သတင်းတွေ ငုတ်ကုန်မှာပေါ့ဗျာ
Tun Lwin 05 June 02:31
Learners Choice မှဒေါက်တာစိုးဝင်း ဦး(ဇီဝဗေဒ) ကို လူသိအောင် ကျူရှင်ကြော်ငြာ လာထိုးထားတာလား ။ ကျနာါတော့် သှူုမသိဘူး။ ဒီ ဂရုက သဘာဝဘေးနဲပ ပဲ ဆိုင်တာလေ။ ခုလို မူတ်သုန် တကယ် ၀င် မ၀င် ပြည်သူတွေ သ့သယ ပွားနေချိန်မှာ မဆိုင်တဲ့ သတင်းတွေ ဂရုတွေ မှာ လာတင်တာ မကောင်းပါ။ မဆိုငိတဲပ သတင်းတွေ က အရီုးကို အရွက်လာဖုံးနေရင် မိုးလေ၀သ သတင်းတွေ ငုတ်ကုန်မှာပေါ့ဗျာ
Original post
De Nay
De Nay04 June 12:23
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ၊ ဆယ်စုနှစ်သုံးခုအတွင်း စနေနေ့၌ ပထမဦးဆုံးအကြိမ်

၂၀၁၀-၂၀၁၁ ပညာသင်နှစ်၏ အခြေခံပညာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ဇွန်လ ၄ ရက် န့တွင် ထွက်ရှိမည်ဖြစ်ရာ ဆယ်စုနှစ်သုံးခုအတွင်း စနေနေ့၌ ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု သိရသည်။
၂၀၀၉၊ ၂၀၁၀ ပညာသင်နှစ်များတွင်လည်း အောင်စာရင်းအား ဇွန်လပိုင်းတွင်ပင် ထွက်ရှိခဲ့ရာ ယခုနှစ်အတွက်ဇွန်လ ၄ ရက်နေ့ထွက်ရှိခြင်းအတွက် ပိုမိုထူးခြားသည်မှာ ဆယ်စုနှစ်သုံးခုကာလအတွင်း စနေနေ့၌ ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခြင်းမျိုးဖြစ်သည်ဟု သိရသည်။
"ဒီနှစ်က ကျွန်မအသက်နှစ်နှစ်ဆယ်ကျော်မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို စနေမှာကြေညာတာ ပထမဦးဆုံးအတွေ့အကြုံပဲ"ဟု မြောက်ဥက္ကလာပမြို့နယ်၌ နေထိုင်သူက ပြောပြခဲ့ပါသည်။
ထို့ပြင် ဆရာများကိုလည်း (ဇွန်လ (၃)ရက်နေ့)သောကြာနေ့ ညဘက်၁၂နာရီမှ စတင်ကာ ကျောင်းအသီးသီး၌ တာဝန်အချိန်ဇယားခွဲဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း အင်းစိန်မြို့နှင့် ၊ ဒဂုံမြို့နယ်တို့ရှိ အထက်တန်းကျောင်းများမှ စုံစမ်းသိရှိရပါသည်။
"အခုက အစိုးရသစ်တက်တဲ့ အချိန်လည်းဖြစ်တယ်။ ထူးခြားတာကတော့ စနေနေ့မှာကြေညာတယ်။ ဟိုးတုန်းက စနေနေ့တွေထွက်ခဲ့ဖူးတာ ရှိချင်ရှိနိုင်ခဲ့ပေမယ့် အခုဆရာ့အသက် ငါးဆယ်ကျော်ပြီး စာသင်နှစ် သုံးဆယ်ကျော်အတွင်းမှာ စနေနေ့ထွက်တာ တစ်ခါမှမကြုံဖူးခဲ့ဘူး"ဟု စာသင်နှစ်သက်သုံးဆယ်ကျော်ရှိခဲ့ပြီဖြစ်သည့် တက္ကသိုလ်ဝင်တန်း ဘာသာရပ်ပြဆရာကြီး ကပြောပြခဲ့ပါသည်။
"အာင်စာရင်းထွက်ရင် ကျောင်းသားတိုင်းက အောင်ချင်ကြတယ်။ အောင်တဲ့အခါမှာလည်း အမှန်တကယ်အရည်အချင်းရှိရှိနဲ့ အောင်တာဖြစ်စေချင်သလို နိုင်ငံတကာအဆင့်သတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်တန်း ဂျီစီအီးအရည်အချင်း တူညီမှုမျိုးတော့ဖြစ်စေချင်ပါတယ်။ အခုလိုစောစော အောင်စာရင်းတွေထွက်တော့ ကျတဲ့ကလေးတွေလည်း နှစ်သစ်တက်နိုင်အောင် ကြိုပြင်ဆင်လို့ရသွားတယ်" ဟု Learners Choice မှဒေါက်တာစိုးဝင်း ဦး(ဇီဝဗေဒ)က ပြောပြခဲ့ပါသည်။
နှစ်စဉ်တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုသူဦးရေမှာ ခြောက်သိန်းကျော်ရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာလည်း ၃၀ နှင့် ၃၀ ၀န်းကျင်ကြားရှိကြကာ ၂၀၀၁-၂၀၀၂ ပညာသင်၌ ထူးချွန်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားကြသော အမှတ်စာရင်းများထဲမှ စံချိန်တင်မှတ်အများဆုံးမှာ ၂၀၀၉ခုနှစ်တွင်ဖြစ်ခဲ့ကာ ၅၆၀မှတ်ဖြင့် စမ်းချောင်းမြို့နယ် အထက(၂)ကျောင်းမှ မထွဋ်မြတ်နိုးအာင်ကရရှိခဲ့ဖူးသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment