Friday 24 June 2011

[Myanmar weather watch]ီ 17-6-2011 နေ့ က ( ဒီလို ခု အနောက်လေ နေရာ ရ လာတာ...

ီ 17-6-2011 နေ့ က ( ဒီလို ခု အနောက်လေ နေရာ ရ လာတာ ၁၇-၆-၂၀၁၁ လို့ မှတ်သားထားပါမယ် ) ဟု ဒီပို့စ် အထက်တွင် ကွန်မင့် ပေးထား ခဲ့ သည့် အတိုင်း အနောက်လေ သည် အောက်မြန်မာ ပြည်ကို မြေပြင်လေ အခြေအနေ တွင် ယနေ့ထိ ဆက် သက်ရောက်လာပါသည်။ ထစ်ချုန်းမှု များလည်း ဖြစ်ပေါ်လာသည် ကို တွေ့ရရာ အောက်မြန်မာပြည် ကို အနောက်တောင် မုတ်သုန်လေ သည်  ထိုးဖေါက် သော  မိုးဦးကျ ပုံစံ တွေ့ ရပါသည်။ တောင်တရုတ်ပင်လယ် က လေဖိအားနည်းဇုံ ကြောင့်  မြေပြင်လေတို့သည် ထိုလေဖိအားနည်း ဇုံ ရှိရာ ကို အနောက်က အရှေ့ သို့  စီးဆင်း သွားနေပီး  အမြင့် လေစီးကြောင်းတို့ ကမူ  ထိုလေဖိအားနည်း ဇုံ ရှိရာ  အရှေ့ က မြန်မာပြည်ရှိရာ အနောက်သို့ စီးနေပါသည်။ ထို့ကြောင့်  တိမ်ထူထပ် နေပါမည်။ မြန်မာမြေ ပေါ်တွင် (က) အနောက်က မြေပြင်လေ က  ဘင်္ဂလားပင်လယ်က ရေ ငွေ့ ကို သယ်လာခြင်း။ (ခ) အမြင့် တိုက် အရှေ့လေ က အရှေ့ တောင်တရုတ်ပင်လယ်က ရေ ငွေ့ ကို သယ်လာခြင်း။ (ဂ) ဒေသခံ ကုန်းမြေပေါ်က ရေငွေ့ပြန်ခြင်း ဟူသော အကြောင်း ၃  ချက်ဖြင့် ရေ ငွေ့ များရှိနေပါသည်။
Myanmar Weather 24 June 07:57

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment