Wednesday 22 June 2011

Re: [Myanmar weather watch] 20-6-2011 နေ့ ၁၅း၀၀ နာရီ လေစီးကြောင်းနဲ့ ရေငွေ့...

ခြင် ပိုးလောက်လန်းများ ပျက်စီးမှု မရှိကြောင်း သိရပါသည်။ ပျိုးပင်ငယ် များလဲ ပျက်စီးမှု မရှိ။ နုနယ် သေးငယ်သော  ဇီဝ များ မထိခိုက် သဖြင့် လူကို ထိခိုက်ရန် မဖြစ်လောက်ပါ။ ဖုံ  မြူမှုန် သက်သက်ပါ။
Myanmar Weather 22 June 10:51
ခြင် ပိုးလောက်လန်းများ ပျက်စီးမှု မရှိကြောင်း သိရပါသည်။ ပျိုးပင်ငယ် များလဲ ပျက်စီးမှု မရှိ။ နုနယ် သေးငယ်သော ဇီဝ များ မထိခိုက် သဖြင့် လူကို ထိခိုက်ရန် မဖြစ်လောက်ပါ။ ဖုံ မြူမှုန် သက်သက်ပါ။
Comment history
ကာ လု
ကာ လု22 June 03:45
ရေ နဲနဲ အမှုံတွေ နဲ့ နောက်နေတယ်။ သုံးရင် အန္တရာယ် ရှိလား ။
Myanmar Weather
Myanmar Weather21 June 10:12
အရှေ့လေ ကုန်းမြေပေါ် က ဖြတ်လာတော့ ရွာ တဲ့ မိုးရေ ဟာ သေးငယ်သော အနည် မကျတဲ့ အမှုံတွေ နဲ့ မကြည်လင်တာ တွေ့ရပါမယ်။ ရန်ကုန်တိုင်း ၊ ဧရာဝတီ တိုင်းနဲ့ မွန်ပြည်နယ် တနင်္သာရီတိုင်း တို့ပေါ် မှာ တိမ် ထု က စုနေပီး မိုး များများ ရွာ ခဲ့ ပါတယ်။ အရှေ့ ပင်လယ်က လေဖိအားနည်း ဇုံတွေ မပီးမချင်း နေရာကွက်ပီး မိုးများးမှုတွေ မြန်မာပြည် အနှံ့ ဖြစ်နေပါမယ်။ ကချင်ပြည်နယ်ကတော့ ဒီညက စ ပီး နက်ဖြန်မိုး ကောင်းပါမယ်။ ဒီညက တော့ တပြည်လုံး လိုလို မိုးအေးအေးနဲ့ ကွေးကြပါစို့။ တုတ်ကွေးလဲ သတိထားကြပါ။ ဒီမိုးကတော့ တစ်ကယ် ကွေးမယ်။ ဒီနှစ် ရွာလာတဲ့ မိုး အခါခါ တုတ်ကွေး မဖြစ်ခဲ့ဘူး ။ တိမ် လတ် ကောင်းကင် အပြည့် တနေ့တာလုံး နေ မသာ နိုင်အောင် ရက်ဆက် ဖုံး ရင် တုတ်ကွေး ထ ပါဘီ။
Myanmar Weather
Myanmar Weather21 June 09:56
အရှေ့လေ တွေဟာ ပုံမှာ မြင်ရတဲ့ အတိုင်း မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် ထိတောင် နယ်တက်ချဲ့လာပါဘီ။ ရေငွေ့တွေ သယ်ဆောင်လာတာဟာ အမြင်ပေ ၆၀၀၀/ ၇၀၀၀ လောက်ကို တိမ်လွှာ အဖြစ်ဖုံးနေတာ များ လို့ အများအားဖြင့် မိုးပါးပါးပဲ ရွာပီး နေအပူဒဏ်တော့ သက်သာစေပါမယ်။
Original post
Myanmar Weather
Myanmar Weather21 June 09:55
20-6-2011 နေ့ ၁၅း၀၀ နာရီ လေစီးကြောင်းနဲ့ ရေငွေ့ ရွေ့ပုံ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment