Saturday 25 June 2011

Re: [Myanmar weather watch] အပူပိုင်း မုန်တိုင်း HAIMA ရဲ့ အကြွင်းအကျန်...

ဗီယက်နမ် ကမ်းခြေကိုဖြတ်လာတဲ့ Haima မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်ကြီးဟာ အနောက်ဖက် ကိုရွေ့ လျားလာနေပါတယ်။ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း ထဲမှာလည်း တိမ်တိုက် ကြီးတစ်ခု ဖြစ်နေပါတယ်။ ဘင်္ဂလား ပင်လယ်အော်ထဲက တိမ်တိုက်တွေ တောင်ဖက်ကို ဆင်းလာတာ ဟာ တချိန်လုံး အားကောင်း နေတဲ့ မုတ်သုံလေတွေ အားပြန်လျော့ လာတဲ့ သဘောပါပဲ။ ဒါပေမယ့် Haima မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်ဟာ မြန်မာနိုင်ငံ ကို ဖြတ်သွားတဲ့အခါ မိုးတွေ ပေးသွားဦးမှာ ဖြစ်ပါတယ်။ တစ်ခါ ဘင်္ဂလား ပင်လယ်အော်ထဲ ပြန်ဆင်းသွား ရင်လည်း ဘင်္ဂလား ပင်လယ်အော် ထဲက မုတ်သုံ တွေကို အားပြန်ပျိုး စေဦးမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိုးအပြင် ရေကြီးမှု ကိုလည်း သတိထားရပါတော့မယ်။ Dr.Tun Lwin - MCCW
Aung Myin Oo 25 June 19:38

Original post
Aung Myin Oo
Aung Myin Oo25 June 19:34
အပူပိုင်း မုန်တိုင်း HAIMA ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံ ဖက်ကို ရွေ့ လာ နေပါတယ်။ အရှေ့ပိုင်း ဒေသ၊ မြေလတ်ပိုင်း နဲ့ အလယ်ပိုင်း ဒေသတွေမှာ နေရာစိပ်စိပ် မိုးရွာပြီး နေရာကွက် မိုးကြီးနိုင်ပါတယ်။ (၂၆-၆-၂၀၁၁ ရက် နံနက် ၀၁း ၃၀ နာရီအချိန်) Dr.Tun Lwin - MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment