Sunday 19 June 2011

Re: [Myanmar weather watch] 20-6-2011 နံနက် ၉း၃၀ လေစီးကြောင်းနဲ့ ရေငွေ့ ရွေ့ပုံ

အရှေ့လေ တွေဟာ ပုံမှာ မြင်ရတဲ့ အတိုင်း  မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် ထိတောင် နယ်တက်ချဲ့လာပါဘီ။ ရေငွေ့တွေ သယ်ဆောင်လာတာဟာ အမြင်ပေ ၆၀၀၀/ ၇၀၀၀ လောက်ကို တိမ်လွှာ အဖြစ်ဖုံးနေတာ များ လို့ အများအားဖြင့် မိုးပါးပါးပဲ ရွာပီး နေအပူဒဏ်တော့ သက်သာစေပါမယ်။ အားကစား သမားကြိုက် ရာသိဥတုပါ ဒါပေမဲ့ ညနေကျတော့ ပြန်ကျ မိုးတွေ ချပါမယ်။ အနောက် အင်ဒီးယား ပေါ်ကလေဖိအားနည်းဇုံ မကုန်သေးတာနဲ့  အရှေ့ပင်လယ်ပေါ်ကလေဖိအားနည်းဇုံ တွေ က ရှိနေတော့  ရုတ်ရက် မိုးခဏ သည်းတာ မျိုးတော့  ရှိပါမယ်။ အထူးသဖြင့် ညနေပိုင်းတွေပါ့ါ။ ကမ်းရိုးတန်းနယ်တွေ ကတော့  လေ လှိုင်း မညိမ်သေးပါကြောင်း။ သတိထားရဦးမှာပါ။  ပင်လယ်က ရေတပ်မတော် သားတွေ ကတော့ ကမ်းနဲပ ဝေးဝေး မသွားကြပါနဲ့ဦး။ မှောင် ခို လှေ တွေ ဆီ က အာဒကေရလို့ သတိပေးနေတာ မဟုတ်ဘူးနော်။
Myanmar Weather 20 June 05:18

Original post
Myanmar Weather
Myanmar Weather20 June 04:26
20-6-2011 နံနက် ၉း၃၀ လေစီးကြောင်းနဲ့ ရေငွေ့ ရွေ့ပုံ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment