Tuesday, 14 June 2011

[Myanmar weather watch] New doc: မုန်တိုင်းများ၏ အမည်ပေးပုံ

created the doc: "မုန်တိုင်းများ၏ အမည်ပေးပုံ "
Aung Myin Oo created the doc: "မုန်တိုင်းများ၏ အမည်ပေးပုံ "

မုန်တိုင်းဖြစ်လေ့ရှိသည့် ပင်လယ်ပြင်နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသည့် ပင်လယ်အနားသတ် နိုင်ငံများသည် မုန်တိုင်းဖြစ်လျှင် မှတ်မိလွယ်သော ထူးထူးခြားခြား နာမည် များကိုပေးရန် မိုးလေဝသ ပညာရှင်တို့ ဆွေးနွေးသဘောတူ ခဲ့ကြသည်။

 

ဘင်္ဂလား ပင်လယ်အော်သည် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ပါဝင်နေသည့်အတွက် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း အနားသတ် နိုင်ငံများမှ တစ်နိုင်ငံလျှင် မုန်တိုင်း နာမည် ရှစ်ခုစီ ကြိုတင်ရွေးချယ် ပေးထား ကြသည်။ မုန်တိုင်းတစ်ခုဖြစ်လျှင် နိုင်ငံ အမည်များ၏ အင်္ဂလိပ်အက္ခရာ အစဉ်အတိုင်း ရွေးချယ်ကာ မိမိနိုင်ငံ အလှည့်ကျလျှင် မိမိနိုင်ငံမှ ရွေးချယ်ထားသည့် နာမည်များထဲမှ တစ်ခုကို မုန်တိုင်းအမည် တပ်စေခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်သို့  ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းအမည် ဂီရိ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အလှည့်ကျ ပေးထားသည့် နာမည်ဖြစ်ပြီး တောင်ဟု အဓိပ္ပာယ် ရသည်။ မုန်တိုင်းနာမည် ပေးခြင်းကို ၂ဝဝ၄ ခုနှစ်မှ စတင်ပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ပထမဆုံး အမည် ပေးခြင်းခံရသည့် မုန်တိုင်းမှာ ၂ဝဝ၆ ခုနှစ် ဧပြီလတွင် တိုက်ခတ်ခဲ့သည့် မာလာ မုန်တိုင်း ဖြစ်သည်။

 

မုန်တိုင်းနာမည်နှင့် ပတ်သက်၍ နောက်ကြောင်း သမိုင်းကို ပြန်ကြည့်လျှင် ယခင်က မုန်တိုင်းနာမည်ကို မှတ်မိလွယ်စေရန် အမျိုးသမီးအမည် A to  Z နှင့် အစပြုပြီး နာမည်ပေးခဲ့ကြောင်း ဆိုသည်။ သို့ရာတွင် အမျိုးသမီး အများစုက အဘယ်ကြောင့် အန္တရာယ် ဖြစ်စေသည့် မုန်တိုင်းနာမည်များကို အမျိုးသမီး နာမည်တွေချည်း ပေးရသနည်း။ အမျိုးသမီးတွေက ဆိုးရွားနေလို့လားဟု စောဒကတက် ကြသဖြင့် နောက်ပိုင်းတွင် အမျိုးသမီး နာမည်တစ်လှည့်၊ အမျိုးသားနာမည် တစ်လှည့် အမည်များ ပေးခဲ့ကြောင်းဖြင့် ဆိုသည်။

 

ဘင်္ဂလားပင်လယ်အော် အပါအဝင် ဖြစ်သည့် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ယခင်က မုန်တိုင်း အမည်များ ပေးလေ့ မရှိခဲ့သည့် နှစ်တစ်နှစ်၏ ပထမဆုံးဖြစ်သော မုန်တိုင်းကို BOB ဟု သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ BOB မှာ Bay of Bangal ဖြစ်သည်။ ဂီရိမုန်တိုင်း၏ အမှတ်အသားမှာ BOB  042010 ဖြစ်သည်။

 

  • ContributingNations   List 1  List 2  List 3  List 4  List 5  List 6  List 7  List 8
  • Bangladesh [ Onil  ,Ogni ,Nisha ,Giri ,Helen ,Chapala ,Ockhi ,Fani ]
  • India            [ Agni ,Akash ,Bijli ,Jal ,Leher ,Megh ,Sagar ,Vayu ]
  • Maldives       [ Hibaru ,Gonu ,Aila ,Keila , Madi ,Roanu ,Makunu ,Hikaa ]
  • Myanmar     [ Pyarr ,Yemyin ,Phyan ,Thane ,Na−nauk ,Kyant ,Daye ,Kyarr ]
  • Oman           [ Baaz ,Sidr ,Ward ,Murjan ,Hudhud ,Nada ,Luban , Maha ]
  • Pakistan       [ Fanoos ,Nargis ,Laila ,Nilam ,Nilofar ,Vardah ,Titli ,Bulbul ]
  • Sri Lanka      [ Mala ,Rashmi ,Bandu ,Mahasen ,Priya ,Asiri ,Gigum ,Soba ]
  • Thailand       [ Mukda ,Khai−Muk ,Phet ,Phailin ,Komen ,Mora ,Phethai , Amphan ]

 

 

 

ကျွန်းသား ငမန်းဂီရိမုန်တိုင်း ခြေရာကောက်မှတ်တမ်း မှ ထုတ်နုတ်ဖော်ပြသည်။

 

http://readandstudy.wordpress.com/2010/12/21/%E1%80%82%E1%80%AE%E1%80%9B%E1%80%AD%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%BB%E1%80%81%E1%80%9B%E1%80%AC%E1%80%B1%E1%80%80%E1%80%AC/

 

http://www.zaygwet.com/science.php?id=125

 

ဗဟုသုတ ရစေရန် အောက်ပါလင့် များအားလည်းလေ့လာ ဖတ်ရှု သင့်ပါသည်။

 

http://www.hurricaneville.com/names.html

 

http://en.wikipedia.org/wiki/Lists_of_tropical_cyclone_names


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment