မိုးလေ၀သ ဂြိုဟ်တုက တိမ်ပုံအရ မြန်မာကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်းနဲ့  မွန်တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ တိမ်တွေဖြစ်ထွန်းနေပါတယ်။ ဒါဟာ မုတ်သုံလေကြောင့် ဖြစ်ထွန်းလာတဲ့ တိမ်တွေ ဖြစ်ပါတယ်။ ဒီတိမ်တွေ ထဲမှာ မိုးတိမ်တောင်တွေလည်း ရောနှောပါဝင်နေပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသတွေ နဲ့ မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ မိုးတိမ်တောင်ကြောင့် ဖြစ်လာနိုင်တဲ့ နေရာကွက်မိုးကြီးမှု၊ မိုးသက်လေပြင်း တိုက်ခိုက်မှု၊ မိုးကြိုးပစ်မှု နဲ့ အတူ လှိုင်းကြီးမှု တွေကို ပင်လယ်ပြင်သွား ရေယာဉ် များနဲ့ ဒေသခံ တွေ သတိထားဖို့ လိုအပ်ပါတယ်။ ရခိုင်၊မွန်၊ တနင်္သာရီ လေယာဉ် ခရီးစဉ်တွေမှာလည်း မိုးတိမ်တောင်တွေ အန္တရာယ် ကို သတိထားဖို့ လိုအပ်ပါတယ်။ DR.Tun Lwin – MCCW |
No comments:
Post a Comment