Thursday 19 May 2011

Re: [Myanmar weather watch] မုတ်သုန် ရာသီ ကူးပြောင်းမည့် အချိန် အတိအကျ...

လူ့  သမိုင်း နဲ့ချီ ပီး  မြန်မာမြေ ပေါ် မှာ ရှင်သန် ခဲ့တဲ့  ရှေး ဘိုးဘေးတွေ ရဲ့  ပညာတွေ ကို ကြို ဆိုပါတယ်။
Myanmar Weather 20 May 05:38
လူ့ သမိုင်း နဲ့ချီ ပီး မြန်မာမြေ ပေါ် မှာ ရှင်သန် ခဲ့တဲ့ ရှေး ဘိုးဘေးတွေ ရဲ့ ပညာတွေ ကို ကြို ဆိုပါတယ်။
Original post
Thaw Ma
Thaw Ma19 May 22:30
မုတ်သုန် ရာသီ ကူးပြောင်းမည့် အချိန် အတိအကျ နက္ခတ်နည်း ( အမရ ပူရ မြို့ အတွက် စံထား တွက်ထားသည်)

ခရစ်နှစ် ၃၁-၅- ၂၀၁၁ ။ မြန်မာ သက္ကရာဇ် ၁၃၇၂ ခု ကဆုန်လပြည့်ကျော် ၁၄ ရက် အင်္ဂါနေ့ အခါ သမယ တွင် နေစီး ၄၅ အံသာ ၁၇ လိတ္တာ ရောက်ချိန် ကြတ္တိကာ နက္ခတ် ( ဖျောက်ဆိပ် ကြယ်စု) ထွန်းလင်းတောက်ပချိန် ၂၃ နာရီ ၁၅ မိနစ် ၄၃ စက္ကန့် တွင် အမရ ပူရ မြို့ အတွက် မုတ်သုန်ရာသီ ကူးပါမည်။

ထို့ပြင် နေစီး ကြတ္တိကာ နက္ခတ် ( ဖျောက်ဆိပ် ကြယ်စု) ၃ လုံး ၁ ပါဒ် ( မိဿရာသီ ) မှ ၃ လုံး ၂ ပါဒ် ( ပြိဿ ရာသီ ) သို့ ကူးပြောင်းခြင်း ။ လစီး ၀ိသာခါ နက္ခတ် ၁၆ လုံး ၃ ပါဒ် ( တူရာသီမှ ) ၁၆ လုံး ၄ ပါဒ် ( ဗြိစ္ဆာ ရာသီ ) သွှို ကူးပြောင်းခြင်း လည်းကျရောက်နေသဖြင့် နက္ခတ် ရာသီ ဥတု နေမင်း ဟူသော အကြောင်း ၄ ပါးလည်း ညီ ညွတ်မှန်ကန်ပါသည်။

ယခင် လူ ဘ၀ က နက္ခတ် ပညာရှင် ယခု အရှင် ပညာသာရ (လှည်းကူး ) က ကျွန်ုပ်တို့ လျောက်ထား သဖြင့် တိုင်းရင်း ဆေး နိုင်ငံတော် ပြဌာန်း ချက် နက္ခတ္တ နယ မူ ဖြစ်သော အာဒိ ကပ္ပ ဒွာဒရာ သီ ကျမ်း ၊ ကျုံ ယှ နက္ခတ် ကျမ်း တို့နှင့် ၄င်း ခရစ်ရှနားမူတီး မူတို့ နှင့် သုံး စွဲ တွက်ထုတ် ပေးထားပါသည်။ ယခု မိုးရာသီ တာ ရွာ သွန်းမည့် မိုးရေ ထုထည် ကို တင်း ( ယူနစ် ) နှင့် မကြာမီ ဖေါ်ပြပေးသွားပါဦးမည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment