Tuesday 26 April 2011

[Myanmar weather watch] New doc: Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ

created the doc: "Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ  "
Aung Myin Oo created the doc: "Tarlay Earthquake Precursor ငလျင်အကြို သင်္ကေတများ "

Sunday, April 17, 2011

Tarlay Earthquake Precursor တာလေငလျင် အကြို သင်္ကေတများ

 

Tarlay Earthquake (24-03-2011) happened in the northeast province of Myanmar at local time 8:25 PM. When interviewed local people in the earthquake affected area during field survey, one week later the strong event, it was found out that there was an abnormal behaviour of fishes in a pond at Tarlay. Fishes fled, jumped and run out of water around 8:00 PM, about from 10 minutes to half an hour before the major event happended but people thought that some people made fishing from pond in late hours rather than a precursor. At the same time, water turbulent and run out of pond again and a few minutes later, the Tarlay Earthquake occurred. Till now, people in this area didn't realize this is a precursor of an earthquake. The interview video is attached.

 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzR9tQepYK2TxY31p9MP1fz_RV-cHkm8kpPRls0-1tfyJ-V-LNBcAJl-18E4TIP3kmpoGDy-zOrbovbZ9sGoscbp0fLWrx-chdGDQD8SwoJWeyIbBYMznt5QqEVtQK4EeEY2NggnZmjoC/s320/Tarlay+ponds.jpg

 

                                                  Figure. ponds in Tarlay

တာလေငလျင်က ၂၀၁၁ မတ်လ ၂၄ ည ၈း၂၅ မှာလှုပ်ပါတယ်။ နာရီဝက်လောက်အလိုမှာ တာလေမှာရှိတဲ့ ငါးကန်တစ်ခုက ငါးတွေ ခုန်ကြ ပျံကြဖြစ်တယ်။ လူအများ သတိထားမိပေမယ့် ဒါကို ငါးလာဖမ်းကြတာ လို့ပဲ အထင်ရှိလေတော့ အလေးမထားကြဘူး။ တစ်ခါ ငလျင်ကြီးမလှုပ်ခင် မိနစ်ပိုင်းအလိုမှာ ကန်ထဲက ရေတွေပါ လျှံကျလာတော့လည်း အထူးအဆန်းအဖြစ်သာ သဘောထားကြတယ်။ ငလျင်ဖြစ်ခါနီး နိမိတ်လို့သာ ဗဟုသုတ ရှိခဲ့လျှင် အခုလောက် အသေအပျောက် မများနိုင်လောက်ပါ။

 

    တောင်တွင်းကြီး ငလျင်(၂၀၀၃) မလှုပ်ခင် နာရီပိုင်းအလို နွားများ ခွာယှက်၊ အော်ဟစ်ကာ ချည်တိုင်မှ ရုန်းကန် နေကြကြောင်းကို ဝက္ကသေးရွာသားများက သတိထားမိခဲ့ကြသည်။ ဒီလိုမျိုး နိမိတ်များက ငလျင်ကြီး လှုပ်နိုင်တဲ့ ဇစ်မြစ်၊ ဗဟိုချက်နဲ့ နီးတဲ့ အရပ်တွေမှာ တွေ့ရတတ်ပါတယ်။  မြေမှာနေသော တိရစ္ဆာန်များက မြေလှုပ်ခါနီး ရှေ့ကလာနေသော ငလျင် လှိုင်းဦးလေးများကို ကိုယ်တွေ့ ခံစားနေရ သောကြောင့် ကြောက်ရွံ့ကာ တုန့်ပြန်ကြခြင်း ဖြစ်သည်။ ဤဗဟုသုတလေးများ ရှိခဲ့ပါလျှင် အထိအခိုက် အသေပျောက် နည်းမည် ထင်သည်။ မြို့ပြ တိုက်တာများ၌ နေသူများအတွက်တော့ သိပ်ပြီး အသုံးကျလှမည် မဟုတ်ပေ။

 

     ၂၀၀၄ ဆူမတြား ငလျင်ကြီး နောက်ဆက်တွဲ ဆူနာမီ ဖြစ်စဉ်က ဧရာဝတီတိုင်း လပွတ္တာမြို့ (ပြင်စလူ မြို့နယ်ခွဲ) တောင်ဖက် ပင်လယ်ကမ်းစပ် အောင်လှိုင် အမည်ရှိ ရွာလေးမှ သက်တော် ၇၀ ရှိ ဆရာတော်က ဘုန်းတော်ကြီး ကျောင်း၌ ဥပုသ်စောင့် ရောက်နေကြသော တပည့် ဥပသကာ၊ ဥပသကာမတို့အား ဆူနာမီ အန္တရာယ်မှ လွတ်အောင် ဆောင်ကျဉ်း ပေးခဲ့ဘူးသည်။ ငလျင်နှင့် ဆူနာမီအကြောင်း ဗဟုသုတရှိသော ဆရာတော်က နံနက်ပိုင်း၌ ငလျင်ကြီးလှုပ်သည်ကို အခြားသူများ နည်းတူ ခံစားသိထားသည်။

 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9p5aDfjmPDyBrRclXb7gEOmWka7LH-TR_Bauezvuiz8YQ5hwJGy7Wl-5tEFew9szIdDk3PODk3tzv5sgUsMu6oQ3vvPrplHBOU0H2fxOgUkK60WtuvudsZw7HweIcsj5s2vELSFSc4uqD/s320/Aung+Haing+Village-+2004+Tsunami.jpg

 

ပုံ ။ အောင်လှိုင်ရွာ ဘုန်းကြီးကျောင်း ရှိရာ နေရာ။

 

    ဘုန်းကြီးကျောင်းသည် ၂ ထပ် ဖြစ်ပြီး အောက်ထပ်သည် တရား သင်ပြရာ၊ ဆွမ်းစားရာ နေရာဖြစ်သည်။ ဆွမ်းစားချိန် မတိုင်မီလေးတွင် ပင်လယ်စပ်မှ ရေ ၂ ကီလိုမီတာခန့် ဆုတ်သွားကြောင်း၊ ထူဆန်းသည့် သတင်းကို ရွာသားများက ပြေးလာ လျှောက်ကြသည်။ ထိုအခါ ဆရာတော်က ပင်လယ်ဖက်သို့ စောင့်ကြည့် ခိုင်းထားပြီး သံဃာတော်များ ဆွမ်းစားရန် စီစဉ်စေသည်။ ဆွမ်းစားနေစဉ်ပင် ပင်လယ်ဖက်မှ ညိုမှောင်သော လှိုင်းရိပ်မြင်ကြောင်း သတင်းပို့ သဖြင့် ဆွမ်းစားရပ်ပြီး ကျောင်းအပေါ်ထပ်သို့ အားလုံး တက်ပြေးကြရန် ဆရာတော်က ညွှန်ကြားသည်။ အချိန်မီပင် အားလုံး ကျောင်းအပေါ်အရောက် ရေလှိုင်းက ကျောင်း၏ အောက်ထပ်သို့ ဝင်တိုးခဲ့သည်။ ကျောင်းအောက်ထပ် ပျက်စီးကာ ကျောင်း ယိုင်သွားသော်လည်း လူအများကို မထိခိုက်ခဲ့။ ဆရာတော်အား လူတွေ့မေးမြန်း ကြည့်ရာ ငလျင်နှင့် ဆူနာမီအကြောင်းကို စာအုပ်များ၌ ရေးသားထားသည် ဖတ်ရကြောင်း ပြောပြခဲ့သည်။ ဗဟုသုတများခြင်းသည် မင်္ဂလာတရား ဆိုသည် မဟုတ်လား။

 

     ဤအကြောင်းလေးကို ဒီမြို့နယ်များကသူများကို ဦးစားပေး သိစေချင်ပါသည်။

သုံးခွ၊ ခရမ်း၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ နေပြည်တော်၊ ဝမ်းတွင်း၊ စစ်ကိုင်း၊ ကသာ၊ ဝန်းသို၊ အင်းတော်ကြီး၊ စဉ်ကူး၊ တကောင်း၊ ကျောက်မြောင်း၊ တောင်တွင်း အရှေ့ပိုင်းနယ်၊ ပခုက္ကူနယ်၊ ကလေး၊ ဂန့်ဂေါ။

 

The attached video is for viewing purpose only.

 

http://www.youtube.com/watch?v&feature=player_embedded

 

 

ဒီနေရာမှရယူသည်။http://www.tintlwinswe.blogspot.com/


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment