Wednesday 20 April 2011

[Myanmar weather watch] မိုးဖြိုင်ဖြိုင်ဖြိုင်ရွာဖို့တော့...

မိုးဖြိုင်ဖြိုင်ဖြိုင်ရွာဖို့တော့ နည်းနည်းစောင့်ရပါဦးမယ်။ လောလောဆယ်မှာ လာနီညာဟာ သိသိသာသာ အားလျော့နည်းလာနေတာကြောင့် မိုးရွာမှုဖြစ်စဉ် တွေမှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အပြောင်းအလဲ ဆိုတာထက် အရွှေ့အပြောင်းဆိုရင် ပိုမှန် ပါလိမ့်မယ်။ လာနီညာ အင်အားလျော့လာတာနဲ့ လာနီညာရဲ့ အင်အားဖြန့်ကျက်မှု ဧရိယာဟာလည်း ယုတ်လျော့လာပါတယ်။ သိသာတာကတော့ မိုးရွာသွန်းတဲ့ ဧရိယာဟာ လာနီညာ ပင်မကျန်ရှိနေတဲ့ ပစ်ဖိတ်သမုဒ္ဒယာအလယ် Nino-4, Nino-3 ဧရိယာများဖက်ကို ပြောင်းရွှေ့ စုစည်းသွားနေပါတယ်။ ဒါကြောင့် အိန္ဒိယ သမုဒ္ဒယာဖက်မှာ မိုးရွာနိုင်တဲ့ စွတ်စိုဧရိယာတွေ လျော့နည်းလာပြီး မိုးလည်း လျော့နည်းသွားမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံတ၀ိုက်မှာ မိုးတိမ်တောင်တွေလည်း ကင်းနေပါတယ်။ မေလ(၃)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းလည်း မဖြစ်နိုင်သေးဘူးလို့လည်း ခန့်မှန်းချက် ထုတ်ပြန် ထားပါတယ်။  MCCW
Aung Myin Oo 21 April 04:31
မိုးဖြိုင်ဖြိုင်ဖြိုင်ရွာဖို့တော့ နည်းနည်းစောင့်ရပါဦးမယ်။
လောလောဆယ်မှာ လာနီညာဟာ သိသိသာသာ အားလျော့နည်းလာနေတာကြောင့် မိုးရွာမှုဖြစ်စဉ် တွေမှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အပြောင်းအလဲ ဆိုတာထက် အရွှေ့အပြောင်းဆိုရင် ပိုမှန် ပါလိမ့်မယ်။ လာနီညာ အင်အားလျော့လာတာနဲ့ လာနီညာရဲ့ အင်အားဖြန့်ကျက်မှု ဧရိယာဟာလည်း ယုတ်လျော့လာပါတယ်။ သိသာတာကတော့ မိုးရွာသွန်းတဲ့ ဧရိယာဟာ လာနီညာ ပင်မကျန်ရှိနေတဲ့ ပစ်ဖိတ်သမုဒ္ဒယာအလယ် Nino-4, Nino-3 ဧရိယာများဖက်ကို ပြောင်းရွှေ့ စုစည်းသွားနေပါတယ်။ ဒါကြောင့် အိန္ဒိယ သမုဒ္ဒယာဖက်မှာ မိုးရွာနိုင်တဲ့ စွတ်စိုဧရိယာတွေ လျော့နည်းလာပြီး မိုးလည်း လျော့နည်းသွားမယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံတ၀ိုက်မှာ မိုးတိမ်တောင်တွေလည်း ကင်းနေပါတယ်။ မေလ(၃)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းလည်း မဖြစ်နိုင်သေးဘူးလို့လည်း ခန့်မှန်းချက် ထုတ်ပြန် ထားပါတယ်။

MCCW

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment