Saturday 16 April 2011

[Myanmar weather watch] ဒီနေ့ သင်္ကြန် အတက်နေ့ နေ့လည် ၁း၀၀ နာရီ ပုံ။ ကမ္ဘာ့...

ဒီနေ့  သင်္ကြန် အတက်နေ့ နေ့လည် ၁း၀၀ နာရီ ပုံ။ ကမ္ဘာ့ တောင်ခြမ်း မှာ မုတ်တိုင်း တခု ဖြစ်နေ ပါတယ်။ အရှိန်  အနဲ အကျဉ်းလောက်ပဲ မြောက်ခြမ်း ကို ကူးလာ မှာပါ။ မုတ်သုန်လေခေါ်  ကုန်သည်လေခေါ် အနောက်တောင်လေကြောင်း က နဲနဲ စ လမ်း ပေါ်လာပါဘီ။ ရက်ရှည်နေတဲ့ တနင်္သာရီ တိုင်း ကို ပတ်နေတဲ့ လက်ယာရစ် လေစီးကြောင်းကြီး က သံယောဇဉ်  မကုန်သေးတာလဲ တွေ့ ကြရမှာပါ။ မိုးလေ၀သ  သိပ္ပံနည်း အရ တော့ မုတ်သုန် ၀င်ကြောင်း ဆု့းဖြတ်ဖို့ သတ်မှတ်ထားတဲ့  စံတွေ နဲ့ တိုင်း ကျေညာမှာပါ။ ( အဲ ဒိစံတွေ က ရာသီ ဥတု မှန်တဲ့ ကာလတွေ က သုတေသနပြု ထားတဲ့ စံတွေပါ။ ) မုတ်သုန် ၀င်ပါဘီလို့ ကျေညာပီးမှ မုတ်သုန် မ၀င်သေးဘူး ဆိုပီး မုတ်သုန် ခမျာ ၂ ခါ ၀င်လိုက်ရတဲ့ နှစ် ရှိဘူးသလို ၊ မုန်တိုင်း က ဆက် ဆက် လာ လို့ မိုးက ဆက်သွားပီး ဘယ် အချိန် ဘယ်ရက် မုတ် သုန်  ၀င်တယ်လို့ တောင် တိတိကျကျ မပြောလိုက်နိုင်တဲ့ နှစ်လဲ ရှိပါတယ်။ ဆောင်းတွင်း ဟိုတလော က တယောက်က ပြည်ပ မီဒီယာနဲ့ ဗျူးတာ  အင်တာနက်တနေရာ မှာ တွေ့လိုက်ကြပါလိမ့်မယ်။ နွေ မုတ်သုန် ၊ ဆောင်း မုတ်သုန် ဆိုတဲ့ ဝေါဟာရ အထူးအဆန်းတွေ။ ၁၂ ရာသီ လုံး မုတ်သုန် နေပါရောလား။ အဲဒိကောင် ဘယ်သူပါလဲ လို့ မေးကြည့်တော့  လားလား ။ စာပေးစာယူ ဘီအက်စီ ဘွဲ့ကြီးတခု နဲ့  လက်ညွှန်ကြီး ဖြစ်နေတာကိုး။ ပညာရေးစံ မမီလို့ ပညာသင် လွှတ်ချင်တာတောင် နိုင်ငံခြား တက္ကသိုလ် က လက်မခံ တဲ့သူဆိုပဲ။  အရှင်မွေး နေ့ချင်းကြီး ဒီလို အခြေခံ ပညာ အရည်အချင်းတောင် စံ မမီ တဲ့  လူတွေ ရဲ့လက်ထဲ ပြည်သူ့ အသက် အပ်ထားရမှတော့ ။ တေကြရောပေါ့၊ ဒီခေတ် ဒီလောက် တိုင်းပြည်မှာ စံမီ ပညာတတ်တွေ ပေါနေတာ ။   ပြည်ပ မီဒီယာ နဲ့ ပြောရေးဆိုခွင့် ပေးမယ်ဆိုရင်လဲ တတ်တဲ့ သူ ပဲ ပြောခွင့် ပေးကြပါဗျို့။ အိန္ဒိယ နဲ့  မြန်မာ က မုတ်သုန် တိုင်းပြည်တွေလေ။ အိန္ဒိယ ပညာရှင်တွေ ကြားသွားလို့  မုတ်သုန်ဆရာကြီး ခရစ်ရှနားမူးတီးရဲ့  မုတ်သုန် သီအိုရီကြီး မှာမတွေ့ရင် မြန်မာပြည် ပညာ သင် လာနေ ကြပါဦးမယ်။ အဟိ။
Myanmar Weather 16 April 09:54

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment