Friday 8 April 2011

Re: [Myanmar weather watch] တစ်ခုလောက်မေးကြည့်မယ်ဗျာ.. မိုးရေချိန်တိုင်းတဲ့...

ဦးထွန်းလွင် သည်  ထို မူများ နှင့်  စံ ကိုက်ညီ စွာ ပညာအရည် အချင်း မီမီ ညွှန်ချုပ် ဖြစ်လာခဲ့ သူ ဖြစ်ကြောင်း သိ၇ပါသည်။
Myanmar Weather 09 April 06:41
ဦးထွန်းလွင် သည် ထို မူများ နှင့် စံ ကိုက်ညီ စွာ ပညာအရည် အချင်း မီမီ ညွှန်ချုပ် ဖြစ်လာခဲ့ သူ ဖြစ်ကြောင်း သိ၇ပါသည်။
Comment history
Myanmar Weather
Myanmar Weather08 April 23:38
မိုး ဇလ ဌာ နသည် PSC မှ အရာရှိ သစ်ခေါ်လျှင် MSc ( Phys) or MSc ( Maths) အဆင့် အနဲ ဆုံး ပညာ အရည် အချင်း သတ်မှတ် ထားခဲ့တာ လွန်ခဲ့သော နှစ် ၂၀ ခန့်ထဲ က ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာ ဆက်ဆံ ရ သဖြင့် ညွှန်ကြားရေး မှူး ချုပ် သည် အနဲ ဆုံး ပြည်ပ တက္ကသိုလ် တခုမှ ဘွဲ့ လွန် ဒီပလိုမာ တခုရ ရှိ ထားသူဖြစ်ရမည် ဟုလည်း မူ ရှိခဲ့ ပါသည်။ ပြည်တွင်းဘွဲ့ ပါရဂူဘွဲ့ ရ သူဖြစ်ပါစေ ပြည်ပ ပညာရေး အဆင့် တခု ထို စံ မမီ သူ ကို ညွှနိချုပ် ပေး မရ ပါ။ ( အဲ ဒါက မူ တွေ ဖြစ်ပါသည်။ )
Myanmar Weather
Myanmar Weather08 April 23:27
မိမိ နေရာ အတွက် အခန်းအနား တွေ အတွက် အထူးခန့်မှန်းးချက် တွေ တောင်းလို့ ရပါတယ်။ သတ်မှတ်တဲ့ ၀န်ဆောင်ခ ပေး ရပါတယ်တဲ့။ တရက် အတွက် ဆို ဘယ်လောက် နှုန်းရှိပါတယ်တဲ့။ အတိအကျ ကို စိမ်ခေါ် ခံနိုင်အောင် ခန့်မှန်း နိုင်ခဲ့ သူ ကတော့ ဟိုတုန်း ညွှန်ချုပ် ဖြစ်ခဲ့ သော ဆရာ ကြီး ဦးလှ ဟု သိရ ပါသည်။ မဆလ ခေတ် က မြေလတ် ဒေသ လူထု အစည်းအဝေးကြီး တခု မှာ ကျင်းပချိန် မိုးသက်လေပြင်း ကျမည် လို့ ပေးခဲ့ပါတယ် တဲ့။ ညနေ ၄း၀၀ နာရိ ထိုးခါနီး ထိ နေကျဲ ကျဲ ပူနေ လို့ မိုးလေ၀သ ဌာ န က လူတွေ အလှောင်ခံ နေရ ပါတယ်တဲ့။ ၄း၀၀ လဲ ရောက်ရော ရုတ်တရက် မိုးရော လေရော ဆင်လာတာ အကုန် ပျက် ကုန်ခဲ့ပါတယ်တဲ့ ။ ဒါပေမဲ့ ဆရာကြီး ဦးလှ လဲ အဲလောက်တော် တာ တွေ ပေမဲ့ ချို့ငဲ့ သော ဘ၀နဲ့ ပဲ ပင်စင် ရ သွား ရှာတာပါ။ သူ့ရဲ့ ပညာ အတွေ့ အကြုံ အမွေတွေ အဆင့်ဆင့် ရ ခဲ့ တဲ့ တပည့် တွေ တော့ ရှိဘူးပါတယ်။ သူတို့လဲ ပင်စင် သွာ ကြ သူ တွေ ။ အလုပ် ထွက် သွား သူတွေ နဲ့ ခု နဲနဲ တော့ ဌာနတွင်း ကျန်သေးပါတယ်။ ဒါပေမဲ့ ကိုယ့် ပညာနဲ့ ကိုယ် အပြင်က လူလို ပြောခွင့် မရှိဘူးလေ။ အတွေ့ အကြုံရော လုပ် သက်ရော ရင့်နေပေမဲ့ ရာထူး က သေးနေကြတယ်လေ။ စာပေးစာယူ ဘွဲ့ ရိုးရိုးလေး ကွာလီဖိုင်းတောင် မ၀င်ခဲ့ တဲ့ ။ ပြည်ပ တက္ကသိုလ် ကို ပညာ သင် ဆု လွှတ်တာတောင် အဆင့် မမီလို့ ဟို က လက်မခံတဲ့ လူတွေ က ရာထူး အကြီးကြီး တွေ သိပ္ပံ နဲ့ ပညာ အရည် အချင်း မြင့် ဘို့ လိုတဲ့ ဌာနမှာ ရောက်နေတာတွေ သိရ ပါတယ်။ တော်တဲ့ နေရာတော်လို့ နေမှာပေါ့နော်။ ဒါကတော့ ညီမလေးမေးတာ ကို အက်ဒမင်ကိုကိုတွေ က လဘက်ရည် ဘိုး အကုန်ခံ ပီး မြောက်ဒဂုံ မိုးလေ၀သ ၀န်ထမ်း ရပ်ကွက် တွေ မှာ သွား စူးစမ်းလာခဲ့ ကြတာပါ။ သူတို့ ကို လဘက်ရည် ဘိုး ညီမလေး ပြန်ပေးလိုက်နော်။
Myanmar Weather
Myanmar Weather08 April 02:17
နောက်ပီး ညီမလေးမေးတဲ့ 16° 47" N 96° 12" E က ဘယ်သူက သတ်မှတ်ထားတဲ့ ရန်ကုန် တည်နေရာလဲ မသိပါဘူး ။ သွားကြည့်ခိုင်းတော့ သာကေတ ( ၄) ရပ်ကွက် ထဲ မှာတဲ့။ ဗေဒင်ဆရာ တွေ သတ်မှတ်ထားတာဖြစ်ပါလိမ့်မယ်။ ရန်ကုန် မှာ မိုးလေ၀သ တိုင်းတာ က ကမာအေး မှာ လေ။ 16 51 53 N 96 09 15 E ။ နောက်ပီး သာမိုမီတာ ကို တိုက်ရိုက် နေပူထဲ မှာ တိုင်းခြင်း မဟုတ် ။ လေ၀င်လေထွက် ရှိသော သစ်သား ထည့် အိမ် သီးသန့် လုပ်ထားတဲ့ ထဲ မှာ ထည့် ထားတာ။ နေရောင် ကြောင့် သစ်သား အကာကို အပူ မစုပ်အောင် အလင်းပြန် အောင် ဆေးအဖြူ သူတ်ထားတယ် ။ မြေပြင်နဲ့ ၄ ပေ အမြင့် မှာ ထားတယ်။ မြေပြင်နဲ့ နီးရင် ကာဘွန်ဒိုင်အောက်ဆိုဒ် များ တယ်လေ။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့က အပူ များစေတယ်လေ။ အဲ ဒီ အမြင့် မှာ တိုင်းရမယ်။ ညိအလေး အိမ်ထဲ က အရိပ်ထဲ မှာ တိုင်း နိုင်ပါတယ်။ ဒီလိုဆို သိပ် ကွာမှာ မဟုတ်တော့ပါ။ နောက်ပီး ကမာအေး တိုင်းတဲ့ နေရာ က တောရိပ် တောင်ရိပ်ရှီတယ်။ လေ က တောင်ဒဂုံလို သိပ် ပူတာမဟုတ်ဘူး။ ညီမလေး က ဘယ်နား မှာ တိုင်းတာလဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်တိုင်းနေ တာ လေးစားပါတယ်။ မယုံ နိုင်ဘူးပေါ့လေ။ ဟဲဟဲ
Myanmar Weather
Myanmar Weather08 April 01:55
မသက်ရေ ။ ပထမ ဆုံး တိုင်းတဲ့ သာမို မီတာ ချင်းက စံ တူရမယ်။ တကမာလုံး တိုင်း ကြတာ က စံ တူ အောင် ညှိထားတဲ့ ကိရိယာတွေ လေ။ တိုင်းချိန် လဲ တူရမယ်။
Myanmar Weather
Myanmar Weather08 April 01:51
အင်း ။ လက်ညိုးထောင် ခေါင်း ညိမ့် ။ အိပ် ချင်တဲ့ သူက အိပ် ။ အစည်း အဝေး ပြီးပါဘီ။
View all comments
Original post
Sai Kyaw Swar Wai
Sai Kyaw Swar Wai04 April 18:38
တစ်ခုလောက်မေးကြည့်မယ်ဗျာ.. မိုးရေချိန်တိုင်းတဲ့ လက်မကိုဘယ်လိုတွက်ပါသလဲ... မိုးရေချိန် လက်မ ဘယ်လောက်စသည်ဖြင့်ပြောပါတယ်.... အလျားအနံ ဘယ်လောက်ရှိတဲ့ အတိုင်းအတာပေါ်မူတည်ပြီးတွက်ပါသလဲခင်ဗျာ... နောက်တစ်ခုက မိုးဆိုတာက ရှေ့ဖက်မှာရွာရင် နောက်ဖက်မှာ ရွာချင်မှရွာတယ်... အဲ့ဒါကိုကျတော့ ဘယ်လို သတ်မှတ်ပါသလဲခင်ဗျာ....

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment