Friday 8 April 2011

[Myanmar weather watch] ညီမလေး thet pyi မေးတဲ့ 16° 47" N 96° 12" E က...

ညီမလေး thet pyi မေးတဲ့ 16° 47" N 96° 12" E က ဘယ်သူက သတ်မှတ်ထားတဲ့ ရန်ကုန် တည်နေရာလဲ မသိပါဘူး ။ သွားကြည့်ခိုင်းတော့ သာကေတ ( ၄) ရပ်ကွက် ထဲ မှာတဲ့။ ဗေဒင်ဆရာ တွေ သတ်မှတ်ထားတာဖြစ်ပါလိမ့်မယ်။ ရန်ကုန် မှာ မိုးလေ၀သ တိုင်းတာ က ကမာအေး မှာ လေ။ 16° 51' 53" N 96° 09' 15" E ။ နောက်ပီး သာမိုမီတာ ကို တိုက်ရိုက် နေပူထဲ မှာ တိုင်းခြင်း မဟုတ် ။ လေ၀င်လေထွက် ရှိသော သစ်သား ထည့် အိမ် သီးသန့် လုပ်ထားတဲ့ ထဲ မှာ ထည့် ထားတာ။ နေရောင် ကြောင့် သစ်သား အကာကို အပူ မစုပ်အောင် အလင်းပြန် အောင် ဆေးအဖြူ သူတ်ထားတယ် ။ မြေပြင်နဲ့ ၄ ပေ အမြင့် မှာ ထားတယ်။ မြေပြင်နဲ့ နီးရင် ကာဘွန်ဒိုင်အောက်ဆိုဒ် များ တယ်လေ။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့က အပူ များစေတယ်လေ။ အဲ ဒီ အမြင့် မှာ တိုင်းရမယ်။ ညိအလေး အိမ်ထဲ က အရိပ်ထဲ မှာ တိုင်း နိုင်ပါတယ်။ ဒီလိုဆို သိပ် ကွာမှာ မဟုတ်တော့ပါ။ နောက်ပီး ကမာအေး တိုင်းတဲ့ နေရာ က တောရိပ် တောင်ရိပ်ရှီတယ်။ လေ က တောင်ဒဂုံလို သိပ် ပူတာမဟုတ်ဘူး။ ညီမလေး က ဘယ်နား မှာ တိုင်းတာလဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်တိုင်းနေ တာ လေးစားပါတယ်။ မယုံ နိုင်ဘူးပေါ့လေ။ ဟဲဟဲ
Myanmar Weather 08 April 09:20

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment